iMyanmarHouse.com - Best Property Website for Myanmar
×











Rihanna ရဲ့ ရှစ်ခွေမြောက်အယ်လ်ဘမ်သစ် ဘယ်အခြေအနေရောက်ပြီလဲ၊ ထွက်မှာလား၊ မထွက်ဘူးလားဆိုပြီး ကောလာဟလတွေ အများကြီးပေါ်ထွက်လာတာ အားလုံးသိပြီး ဖြစ်မှာပါ။ RiRi ကိုယ်တိုင်ကိုက ဒီအခွေအကြောင်း ပြောစရာ သိပ်များများစားစား မရှိဘူးလို့ ဆိုထားပါတယ်။ သူမဟာ မဂ္ဂဇင်းကာဗာနှစ်ခုလောက် ခုလတ်တလော ရိုက်ကူးဖြစ်နေပေမယ့် အခွေအကြောင်းထွက်လာတဲ့ tracklist ကတော့ အမှန်မဟုတ်ကြောင်း ရှင်းပြထားခဲ့ပါတယ်။ အခွေအကြောင်း မေးလာတဲ့ မီဒီယာသမားတွေအားလုံးကိုလည်း အခွေအတွက် လုပ်နေပြီဖြစ်ပေမယ့် အတိအကျပြောပြဖို့ကိုတော့ ငြင်းဆန်နေခဲ့ပါတယ်။

"အခွေဘယ်တော့ထွက်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘာမှမပြောနိုင်သေးပါဘူး။ ဒါပေမယ့် အခွေဟာ တကယ်ကောင်းတဲ့အခွေဖြစ်ရမယ်ဆိုတာတော့ ကတိပေးနိုင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း အခွေအတွက် စိတ်လှုပ်ရှားနေပါတယ်"လို့ RiRi က မီဒီယာမှာ ဖွင့်ဟထားခဲ့ပါတယ်။

ဒါဆိုသူမရဲ့သဘောက အခွေအကြောင်း ဘာမှမပြောပဲ ညသန်းခေါင်ကြီး ထထွက်မယ့် သဘောလား ဆိုတာ အားလုံးစဉ်းစားစရာပါ။ အားလုံးသိချင်နေကြတဲ့အချက်တွေကတော့ ပျောက်သွားတဲ့ဖိုင်တွေအကြောင်း၊ Nicki Minaji က အခွေမှာ featuring ၀င်ဆိုပေးမှာလား၊  သီချင်းပုံစံတွေ လုံးဝပြောင်းထားတယ်ဆိုတာ ဟုတ်သလား ဆိုတာတွေပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top