iMyanmarHouse.com - Best Property Website for Myanmar
×

ဂျပန် မြန်မာချစ်ကြည်ရေးတွက် ဖက်စပ်ရိုက်ကူးမဲ့ Yangon Run Way အက်ရှင် ဇာတ်ကားကြီးနဲ့ပတ်သတ်ပြီး  ပါဝင်သရုပ်ဆောင်ပေးမဲ့ ဂျပန် မင်းသမီးချောလေး Rina Taker a နဲ့ Yuko – Sueki တို့မြန်မာနိုင်ငံကို ရောက်ရောက်ချင်းဆိုသလိုပဲ ( ၁၇.၁၁.၂၀၁၄) ညနေ ၃နာရီခွဲအချိန်မှာ မြန်မာနိုင်ငံရဲ့ အထွဋ်အမြတ် တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်တဲ့ ရွှေတိဂုံ စေတီတော်ကြီးကို လှည့်လည် တက်ရောက်ဖူးမြော်ခဲ့ကြပြီး ဒါဟာသူတို့နှစ်ဦးအတွက် မြန်မာနိုင်ငံကို ပထမဆုံး အကြိမ်ရောက်ရှိခြင်းလို့ပြောပါတယ်။ Yangon Run Way အက်ရှင်ဇာတ်ကားကြီးကို မြန်မာလူမျိုးတွေနဲ့ဖက်ဆက်ရိုက်ရမဲ့ အတွက်လဲ အရမ်းကိုဂုဏ်ယူမိပြီး မြန်မာဂျပန် ၂ နိုင်ငံ မှာ ရိုက်ကူးရမှာဖြစ်တဲ့တွက် အရမ်းကို စိတ်လှုပ်ရှားနေကြပါတယ်တဲ့။

 Yangon Run Way Exclusive Welcome ညစာစားပွဲမှာ ဒီဇာတ်ကားဖြစ်မြောက်ရေးအတွက် စီစဉ်သူ ကိုဂျောမရန်ကလဲ  “မြန်မာနိုင်ငံကို ပြောင်းလဲလာတာကို စောင့်နေတာကြာပြီပေါ့နော်။ ခုလဲ အတော်အသင့် ပြောင်းလဲလာပြီဆိုတော့ မြန်မာပြည်အတွက် တစ်ခုခုလုပ်ပေးချင်တယ်။ ပြီးတော့ သူများနဲ့မတူတဲ့ အလုပ်လေး လုပ်ချင်တယ်။ လုပ်မယ့် ပရောဂျက်ကလဲ ကမ္ဘာ့အဆင့်မှီတဲ့ ပရောဂျက် တစ်ခုဖြစ်ချင်တယ်။ ပြီးတော့ မြန်မာပြည်ရဲ့ အနုပညာလောကကို မြင့်တက်ဖို့တွက် ကျွန်တော်လဲ အရမ်းကြီး ကျွမ်းတယ်လို့တော့ မပြောပါဘူး။ ကျွန်တော်တတ်တဲ့ပညာ၊ ကျွန်တော့မှာရှိတဲ့ connection လေးနဲ့ ရသလောက် ချိတ်ဆက်ပြီး ဒီဇာတ်လမ်းလေး တစ်ခုကို စခဲ့ကြတာပေါ့နော်။ ကျွန်တော့ရဲ့ ရည်ရွယ်ချက်ကတော့ ဒီ့ထက်ပိုကြီးပါတယ်။ ခုလောလောဆယ်က ဘက်ဂျက်နဲ့ ရသလောက်လုပ်မယ်။ ဟောလီးဝုဒ်မှာလဲ connection တွေ အများကြီးရှိပါတယ်။ အဲ့ဒီတော့ ပထမဆုံးအနေနဲ့ ကျွန်တော်ချစ်တဲ့ ဂျပန်နိုင်ငံနဲ့ ဒီမြန်မာနိုင်ငံနဲ့ကို ပေါင်းပြီး လုပ်နိုင်မလားလို့ စဉ်းစားကြည့်တဲ့ခါမှာ ဒီဇာတ်ကားလေး ထွက်လာတယ်ပေါ့။ ပြီးတော့မြန်မာပြည်ရဲ့ ဇာတ်ကားတစ်ခု အနေနဲ့ပထမဆုံး နိုင်ငံခြားမှာ ကြီးကြီးကျယ်ကျယ် လွှင့်နိုင်ရင်လဲ မဆိုးဘူးပေါ့လေ။ အဲ့ဒီရည်ရွယ်ချက် တစ်ခုနဲ့ပါ။ ဒါက ဇာတ်ကားကြီးပါ။ ၂၀၁၅ ဇန်န၀ါရီမှာ စရိုက်မှာပါ။ မြန်မာအနုပညာရှင်တွေက ယာထားတယ်။ ရွေးချယ်တဲ့ခါမှာ ဒီဇာတ်ကားက မြန်မာ့အလှကို ကမ္ဘာက ပိုသိအောင်ဆိုတော့ ဂျပန်ဖက်ရှင်ရှိုးကို လာလျှောက်ရင်းနဲ့ မြန်မာပြည်ရဲ့အလှကိုများ ပိုမြင်စေနိုင်မလားပေါ့။  မြန်မာပြည်က မော်ဒယ်လ်တွေ အများကြီးသုံးမယ်။ supporting actress လဲ များများသုံးမယ်။ Main မင်းသမီးကို အစက အိချောပိုလို့ ယာထားတယ်။ Main မင်းသမီးကလဲ ကျွန်တော်တို့နဲ့အဆင်ပြေရမယ်။ မြန်မာပြည်မင်းသမီးက ဘယ်သူပဲဖြစ်ဖြစ် ဆိုတော့ အခွင့်အရေး တစ်ခုကို မျှမျှတတ ပေးချင်တဲ့အတွက်လေ။ ဒီကားကို ရိုက်မယ့် မင်းသမီးဆို မန်နေဂျာ တစ်ယောက်ထည့်ပေးမယ်။ သွားတာလာတာ ကားကအစ အားလုံးစီစဉ်ပေးမယ်။ ရိုက်ပြီးချက်ချင်း ဂျပန်ပြန်ပြီး မီဒီယာ ပွဲလုပ်ပေးမယ်။ Rina Takera က မြန်မာနိုင်ငံကို လာတာနဲ့တင် ဟိုဖက်က မီဒီယာတွေက အရမ်းကိုလိုက်နေကြပြီ။ သူက ၁၇ နှစ်ထဲက ဇာတ်ကားစရိုက်ခဲ့တာ။ ဒီလို ဆက်စပ်ရိုက်ခြင်း အားဖြင့်၊ Culture Difference လေးကိုပြခြင်းအားဖြင့် Movie ကိုပိုပြီး စိတ်ဝင်စားစေမယ်လို့ ထင်ပါတယ်။ အခုကားက အက်ရှင်ကားပေါ့။ ဟိုပေါ်ဒီပေါ်ကားလဲ မဟုတ်ဘူး။  ဒီဇာတ်ကားကြီးအတွက်လဲ ကျွန်တော်တို့ အများကြီးကြိုးစားထားတယ်။ အားပေးကြပါ” လို့ပြောပြခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top