iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ်ဆောင် အဆိုတော် တစ်ဦး ဖြစ်သည့် ၀ိုင်းစုခိုင်သိန်းက သူမ၏ ပထမဆုံး One Lady Show ပွဲကို ပါဖောမန့် အစုံဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း ပြောသည်။

ပွဲလေးကတော့ ညီမ ပထမဦးဆုံး လုပ်တဲ့ One Lady Show ပါ။ One Lady Show ဆိုပေမယ့် အခြား အဆိုတော်တွေနဲ့ပါ တွဲဖက်ပြီး ဖျော်ဖြေမှာပါ။ အခု Show အတွက်ကတော့ လောလောဆယ် ပါဖောမန့် အပိုင်းတွေနဲ့ စတိတ်ပိုင်း တွေကို ထူးခြားမှုရှိ အောင်နဲ့ ပြည့်စုံအောင် လုပ်နေပါတယ်။ ဒီပွဲမှာတော့ ပါဝင် ဖျော်ဖြေဖို့ ပြောထားတဲ့ အဆိုတော်တွေကတော့ ကို Rဇာနည်၊ ဟဲလေး၊ ဒီဒီ၊ AR.T ရယ် ပါဝင်ဖို့ ပြောထားပါတယ်။

ကျန်တဲ့ အနုပညာရှင်တွေ ကိုတော့ ဘယ်သူ ထပ်ပါဝင် ဖြစ်မယ် ဆိုတာတော့ မသိသေးပါ ဘူး။ ဒီပွဲမှာ သီချင်း အပုဒ်ရေ (၃၀)လောက်တော့ ဆိုဖြစ်မှာပါ။ ဒီပွဲကို ရန်ကုန်မှာ လုပ်မှာပါ။ မန္တလေးက ပွဲကတော့ မလုပ်ဖြစ် လောက်သေးပါဘူး။ ဘာလို့လဲ ဆိုတော့ ၀ိုင်းစုက ရန်ကုန်ပွဲ မှာတင် MRTV-4 ကနေ တိုက်ရိုက်လွှင့်မှာ ဆိုတော့ ဟိုမှာ ပွဲလုပ်ဖို့တော့ မရှိသေး ပါဘူး။ မန္တလေးမှာ လုပ်ဖြစ်ရင်တောင် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ လုပ်ဖြစ်မှာပါ။

ဒီ One Lady Show က ၀ိုင်းစုရဲ့ ပထမဆုံးပွဲ ဆိုတော့ ပါဖောမန့်တွေလည်း အများကြီးထည့် ရမယ်။ တော်တော်တော့ တာဝန်ကြီး ပါတယ်။ ဒါပေမဲ့ ၀ိုင်းစု အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး လုပ်သွားမှာပါ  ဟု ၀ိုင်းစုခိုင်သိန်းက ပြောသည်။ ၀ိုင်းစုခိုင်သိန်းသည် လတ်တလောတွင် “ခါချနေ ရတယ် Audio စုံတွဲ အခွေထွက်ရှိထား ပြီး၊ သူမ၏ One Lady Show ကို မတ်လ (၂၁) ရက်နေ့တွင် MEP ၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top