iMyanmarHouse.com - Best Property Website for Myanmar
×












တစ်ခါတစ်လေ အမျိုးသမီးတွေအနေနဲ့ သူတို့ချစ်တဲ့ အမျိုးသားတွေနဲ့ အတွဲညီညီလက်တွဲဖို့ ခက်ခဲမှုတွေနဲ့ရင်ဆိုင်နေရတတ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ကိုယ်ဖြစ်ချင်တာရယ် သူဖြစ်ချင်တာရယ်နဲ့ သူတို့ရဲ့ စိတ်နေစိတ်ထားလေးတွေကို နားမလည်သေးလို့ပါ။ အမျိုးသားတွေရဲ့ စိတ်က သိပ်ကို ရိုးရှင်းလွန်းလို့ အမျိုးသမီးတွေနားမလည်နိုင်အောင်ဖြစ်ရပါတယ်။ အကယ်၍အခုပြောမယ့် အချက်တွေကိုနားလည်သွားပြီးဆိုရင်တော့ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာရှေ့လျောက်ဖြောင့်ဖြူးနေမှာသေချာပါတယ်။

၁. လေးစားမှု
အမျိုးသားတွေအတွက် အရေးကြီးဆုံးနဲ့ အလေးထားဆုံးအရာကတော့ လေးစားသမှုပါပဲ။ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းတွေဆီက လေးစားသမှုကိုရရှိခဲ့ရင်တောင် ဘာမဆို လုပ်ပေးတတ်တဲ့ယောက်ျားတွေမို့ ကိုယ့်ချစ်သူနဲ့သာ လေးစားသမှုရှိခဲ့ရင်တော့ ပြောစရာတောင် မလိုတော့ဘူးနော်။ လေးစားသမှုမရှိချင်းဟာ သူကိုယ်သူ တန်ဖိုးထားဂုဏ်ယူတတ်ခြင်းအတွက် အဟန့်အတားဖြစ်သလို နာကျင်ခြင်းကိုပါ ခံစားရစေပါတယ်။ ကျွန်မတို့အမျိုးသမီးတွေအနေနဲ့ အမျိုးသားတစ်ဦးအပေါ် ဆိုးနွဲ့အနိုင်ယူချင်တာနဲ့ သူ့အပေါ်လေးစားသမှုပျောက်သလိုဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် မိမိချစ်သူတွေအပေါ် လေးစားသမှုနဲ့ ဆက်ဆံတတ်တဲ့ အမျိုးသမီးတွေကတော့ သူတို့လက်တွဲတဲ့လမ်းတစ်လျောက်စစ်မှန်တဲ့ အနိုင်ယူမှုမျိုးကို ရကြပါတယ်။

၂. အသိအမှတ်ပြုခြင်း
အမျိုးသားအားလုံးဟာ သူတို့အပေါ် အသိအမှတ်ပြုခြင်းကို သိပ်ခုံမင်ကြပါတယ်။ သူတို့ရဲ့ အောင်မြင်မှုတစ်ခုအတွက် သူတို့ရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုအတွက် ဂုဏ်ပြုချီးမွမ်းမှု အသိအမှတ်ပြုမှုကို အမြဲလိုအပ်ပါတယ်။ အမျိုးသမီးလေးတွေအနေနဲ့ လုပ်ရမှာကတော့ သူတို့ရဲ့ ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုချင်းဆီအတွက် နေ့တိုင်း ချီးကျူးပေးပါ။ အသိအမှတ်ပြုပေးပါ။ သင့်တို့ရဲ့ ချစ်သူတွေအနေနဲ့ အဆုံးအဆမရှိတဲ့ ပျော်ရွှင်မှုမျိုးကို ခံစားရမှာအသေအချာပါပဲ။ သင်ချီးကျူးမှုမရှိသေးတဲ့ သင့်ကိုချစ်တဲ့ အမျိုးသားတစ်ယောက်နဲ့ သင့်ချီးကျူးမှုကြောင့် ပျော်ရွှင်နေတဲ့ သင့်ကို ချစ်တဲ့အမျိုးသားတစ်ယောက် အရင်နဲ့အခု ဘာကွာလည်းကြည့်လိုက်ကြရအောင်။

၃. သင့်အပြုံး
သင် သိရဲ့လား သင့်အပြုံးဟာ ဘယ်လောက်တောင် လူအများပေါ်လွှမ်းမိုးနိုင်လဲဆိုတာ။ သင့်အပြုံးနဲ့ အရာရာကို အနိုင်ယူနိုင်ပါတယ်။ အထူးသဖြင့် သင့်ရဲ့ အထူးလူကြီးကိုပေါ့။ သင့်အပြုံးနဲ့ သူ့ရဲ့အေးစက်နေတဲ့အစိတ်အပိုင်းတွေကို နွေးထွေးမှုပေးပေးပါ။ အမျိုးသားတစ်ဦးအနေနဲ့ ကိုယ်ချစ်ရတဲ့ အမျိုးသမီးတစ်ယောက် ပြုံပျော်ကြည်နူးမှုကို ထိုင်ကြည့်နေရတာလောက် အရသာရှိတာ မရှိပါဘူး။ သင့်ပျော်ရွှင်မှုကို ထိန်းချုပ်မှုမရှိပဲ လွတ်လပ်ခွင့်ပေးလိုက်ပါ။ သူနဲ့နေရတဲ့ သင့်အချိန်တွေဟာ ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာကို သူ့ကိုသိခွင်ပေးလိုက်ပါ။ သင်ချစ်တဲ့သူဟာ သင့်အပြုံးအတွက်ဘယ်လောက်အရေးပါလဲဆိုတာကို သူ့ကို အပြုံးလေးနဲ့ပဲရှင်းပြပေးလိုက်ပါ။

၎. စဉ်းစားချိန်ပေးပေးပါ
အမျိုးသားတွေဟာ လျင်မြန်စွာဆုံးဖြတ်လေ့မရှိပါဘူး။ ကြီးကြီးမားမားတစ်ခုသူတို့ဘဝထဲမှာ စဉ်းစားစရာအနေနဲ့ဝင်လာပြီဆိုရင် ဘယ်တော့မှ အလျင်စလို ဆုံးဖြတ်လေ့မရှိကြပါဘူး။ စဉ်းစားချိန်တောင် ပုံမှန်ထက်ပိုကြာလာပါတယ်။ ဘယ်တော့မှ သင့်လူကို အလျင်အမြန်ဆုံးဖြတ်ဖို့မတိုက်တွန်းပါနဲ့။ သူတို့က ပိုတွန့်ဆုတ်လာတတ်ကြပါတယ်။ သူတို့ဆုံးဖြတ်ချက်ချနိုင်အောင်လို့ ကူညီဆွေးနွေးပေးတာလောက်သာလုပ်ပေးပါ.

၅. တစ်ကယ်ဆို နင်ဟာလှပြီးသားပါ
တစ်ကယ်တော့ သင့်ကိုချစ်နေတဲ့အမျိုးသားတစ်ယောက်အနေနဲ့ သင်ဟာ ညအိပ်ဝတ်စုံလေးနဲ့တောင် လှနေတာပါပဲ။ ဒါပေမယ့် သင့်ရဲ့လှပကျော့ရှင်းမှုကိုတော့ သူတို့လည်း မြတ်နိုးတာပေါ့။ အမြဲသပ်သပ်ရပ်ရပ်လှလှပပလေးနေပေးပါ။ ဈေးကြီးတဲ့ အဝတ်အစားတွေနဲ့ မိတ်ကပ်ထူထူကြီးတွေလိမ်းပေးဖို့တော့ လုံးဝမလိုဘူးနော်။ သင့်ကိုယ်သင် မော်ဒယ်တစ်ယောက်လို အလှတွေပြင်ခြင်းဟာ သင့်လူအတွက် အနှောက်အယှက်ဖြစ်စေပါတယ်။ သဘာဝအတိုင်းလှလှပပ သပ်သပ်ရပ်ရပ်လေးနေပေးပါ။ သင့်ဟာသူ့အတွက်ပဲ လှလှလေးနေပေးတယ်ဆိုတာ သူသိရင် သင့်အပေါ်ပိုတောင် မြတ်နိုးလာပါလိမ့်မယ်။

၆. သူ့အလုပ်အကိုင်နဲ့ပက်သတ်ပြီး အထင်ကြီးချီးမွမ်းပေးပါ
သူ့အလုပ်အကိုင်အတွက် သူကိုယ်သူဂုဏ်ယူစွာ ပြုလုပ်နိုင်ဖို့ ဘေးမှာရှိနေတဲ့ သင်က ချီးမွမ်း မြှောက်ပင့်ပေးရမှာပါ။ သူ့အလုပ်တွေအောင်မြင်လာဖို့ သူချစ်တဲ့ သင်မှ ယုံကြည်ပြီး မချီးကျူးပေးရင် သူ့ကိုယ်သူယုံကြည်မှုတွေပျောက်ဆုံးကုန်မှာပါ။ သူ့ရဲ့ တစ်နေ့တာအလုပ်ကို အဆင်ပြေပြေနဲ့ စိတ်ချမ်းသာအောင်လုပ်ဖို့ သင့်ရဲ့ ချီးမွမ်းတဲ့ စကားလေးတစ်ခုသာလိုပါတယ်။

၇. ရယ်မောနေတဲ့ သင်
အမျိုးသမီးတော်တော်များများက အားရပါးရရယ်မောမှုပြုလိုက်ရင် သူတို့အတွက် အကျည်းတန်တယ်လို့ထင်ပြီး မပွင့်တစ်ပွင့်သာရယ်တတ်ကြပါတယ်။ သင့်သူငယ်ချင်းအရင်းတွေနောက်ပြောင်လို့ အားရပါးရရယ်လိုက်တဲ့အခါ သူငယ်ချင်းတွေအကြားရင်းနှီးမှု ဘယ်လောက်တိုးလဲဆိုတာ သတိပြုမိတယ်မလား။ အဲ့ဒီလိုပါပဲ သင်နဲ့ရှိနေတဲ့ သင့်ချစ်သူက သင့်ဆီက ပွင့်လင်းလှပတဲ့ ရယ်မောမှုကို အမြဲအလိုရှိနေသူပါ။သင်ဒီလို ရယ်လိုက်ရင်ကို သူ့အနေနဲ့ သင်နဲ့နေရတာ သက်တောင့်သက်သာရှိတယ်လို့ ခံစားစေရပါတယ်။ သင့်တို့ရဲ့ပျော်ရွှင်တဲ့ ချစ်သက်တမ်းဖြစ်စေဖို့ မကျေနပ်မှုတွေနဲ့ မပြုံးမရွှင် သင့်မျက်နှာရယ် ရယ်မောမှု ထုံလွှမ်းနေတဲ့ သင့် အရယ်အပြုံးရယ် ဘယ်အရာ အရေးပါလဲ ခက်ခက်ခဲခဲတွေးနေစရာမလိုပါဘူး။

Credit: SK Herbal Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top