iMyanmarHouse.com - Best Property Website for Myanmar
×








 နာ့ဗ္ေၾကာေဗဒ သုေတသန ပညာရွင္မ်ားသည္ ၾကြက္မ်ားကို စိတ္ဖိစီးေစသည့္ ဟိုမုန္းမ်ား ထိုးသြင္းၿပီးေနာက္ ဓာတ္ခြဲခန္းတြင္ ဖန္တီးထားသည့္ စိတ္ေပ်ာ္ရႊင္ ေစေသာ ေဆးရည္မ်ားကို ထပ္ထိုးသြင္းၾကည့္ သည္တြင္ စိတ္ဖိစီး ဟိုမုန္းမ်ား ေၾကပ်က္သြားေၾကာင္း ေတြ႕ခဲ့ရသည္။

စိတ္ေပ်ာ္ရႊင္ ေစေသာ ေဆးရည္သည္ လူသားမ်ား ေပ်ာ္ရႊင္စရာ ေတြးမိလွ်င္ ထြက္လာတတ္သည့္ ေဟာ္မုန္းမ်ားႏွင့္ အာနိသင္ခ်င္း တူညီသည္။ သို႔ျဖစ္ရာ လူသားမ်ားအေနျဖင့္ ေပ်ာ္စရာ အတိတ္ အေၾကာင္းအရာ မ်ားကို ျပန္ေတြးျခင္းျဖင့္ပင္ စိတ္ဖိစီးမႈမ်ားမွ သက္သာေစႏုိင္သည့္ အက်ဳိးရွိေၾကာင္း ပညာရွင္မ်ားက သံုးသပ္ ေျပာၾကားလိုက္သည္။

 ေလ့လာမႈ စစ္တမ္းကို Nature ဂ်ာနယ္တြင္ ထည့္သြင္း ေဖာ္ျပထားသည္။ စိတ္က်ေ၀ဒနာ ျဖစ္ပြားသူ မ်ားသည္ အတိတ္က ေပ်ာ္စရာမ်ားကို ျပန္ေတြးယူႏုိင္စြမ္း နည္းပါးသူမ်ား ျဖစ္ေၾကာင္းလည္း သုေတသန အဖြဲ႕ေခါင္းေဆာင္ မက္ဆာခ်ဴးဆက္ နည္းပညာ တကၠသိုလ္မွ နာ႔ဗ္ေၾကာေဗဒ ပညာရွင္ ဆူဆူမူ တိုနီဂါ၀ါက ေျပာသည္။

ထိုသူမ်ားတြင္ကား စိတ္ကို ေပ်ာ္ရႊင္ေစသည့္ အတိတ္မွတ္ဥာဏ္မ်ား ျပန္အားေကာင္း လာေအာင္ ေဆးပညာ အင္အားျဖင့္ ျပန္ႏိႈးဆြေပးျခင္း၊ စိတ္ပိုင္းဆိုင္ရာ ကုထံုးမ်ားျဖင့္ ျပန္ႏိႈးဆြေပးျခင္းျဖင့္ သိသာေသာ အက်ဳိးရလဒ္ ေပၚထြက္ လာႏိုင္ေၾကာင္းလည္း ေဒါက္တာ ဆူဆူမူက ဆက္လက္ ေျပာၾကားသည္။

Credit : messenger
 
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နာ့ဗ်ကြောဗေဒ သုတေသန ပညာရှင်များသည် ကြွက်များကို စိတ်ဖိစီးစေသည့် ဟိုမုန်းများ ထိုးသွင်းပြီးနောက် ဓာတ်ခွဲခန်းတွင် ဖန်တီးထားသည့် စိတ်ပျော်ရွှင် စေသော ဆေးရည်များကို ထပ်ထိုးသွင်းကြည့် သည်တွင် စိတ်ဖိစီး ဟိုမုန်းများ ကြေပျက်သွားကြောင်း တွေ့ခဲ့ရသည်။

စိတ်ပျော်ရွှင် စေသော ဆေးရည်သည် လူသားများ ပျော်ရွှင်စရာ တွေးမိလျှင် ထွက်လာတတ်သည့် ဟော်မုန်းများနှင့် အာနိသင်ချင်း တူညီသည်။ သို့ဖြစ်ရာ လူသားများအနေဖြင့် ပျော်စရာ အတိတ် အကြောင်းအရာ များကို ပြန်တွေးခြင်းဖြင့်ပင် စိတ်ဖိစီးမှုများမှ သက်သာစေနိုင်သည့် အကျိုးရှိကြောင်း ပညာရှင်များက သုံးသပ် ပြောကြားလိုက်သည်။

 လေ့လာမှု စစ်တမ်းကို Nature ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ စိတ်ကျဝေဒနာ ဖြစ်ပွားသူ များသည် အတိတ်က ပျော်စရာများကို ပြန်တွေးယူနိုင်စွမ်း နည်းပါးသူများ ဖြစ်ကြောင်းလည်း သုတေသန အဖွဲ့ခေါင်းဆောင် မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်မှ နာ့ဗ်ကြောဗေဒ ပညာရှင် ဆူဆူမူ တိုနီဂါဝါက ပြောသည်။

ထိုသူများတွင်ကား စိတ်ကို ပျော်ရွှင်စေသည့် အတိတ်မှတ်ဉာဏ်များ ပြန်အားကောင်း လာအောင် ဆေးပညာ အင်အားဖြင့် ပြန်နှိုးဆွပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကုထုံးများဖြင့် ပြန်နှိုးဆွပေးခြင်းဖြင့် သိသာသော အကျိုးရလဒ် ပေါ်ထွက် လာနိုင်ကြောင်းလည်း ဒေါက်တာ ဆူဆူမူက ဆက်လက် ပြောကြားသည်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top