iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
ပို့သပေးပါတယ်။
Unicode Version
တစ်ခါတစ်လေ ကျွနု်ပ်တို့ မိတ်ဆွေသူငယ်ချင်းတွေထဲမှာ အချစ်ရေးကိစ္စ အဆင်မပြေဖြစ်နေတဲ့သူတွေ၊  အခက်အခဲကြုံနေရသူတွေ ရှိနေတတ်ပါတယ်။ အဲဒီလိုခံစားနေရတဲ့ သူငယ်ချင်းတွေကို သင့်အနေနဲ့ ဘယ်လိုကူညီပေးနိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ သင်လုပ်ဆောင်ပေးရမှာက အချက် (၃) ချက်တည်းပါ။
(၁) သူမျက်ရည်ကျ ငိုကျွေးနိုင်ဖို့အတွက် ပခုံးအပ် အကူအညီပေးပါ။ ဒါပေမယ့် သင့်သူငယ်ချင်းရဲ့ လက်တွဲဖော်ကို အလျင်စလိုုဝေဖန်ခြင်း မပြုပါနဲ့ဦး။ သူတို့နှစ်ဦးနှစ်ဖက်မှာ ခံစားနေရတဲ့ ဇာတ်လမ်းကိုယ်စီ ရှိနေတတ်တာကြောင့်ပါ။ သူတို့နှစ်ဦး ပြန်လည်သင့်မြတ်သွားရင် သင့်သူငယ်ချင်းက သင့်ကို မကျေမချမ်းနိုင်ဖြစ်သွားနိုင်ပါတယ်။
(၂) သင့်သူငယ်ချင်းဘက်က အပြုအမူ မှားနေရင် သူ့ကို ညင်ညင်သာသာ အကြံပေးဖို့ မကြောက်ပါနဲ့။ မိတ်ဆွေကောင်းတစ်ယောက်က သင့်အကြံပေးချက်ကို တန်ဖိုးထားမှာဖြစ်ပြီး သူတို့ရဲ့ သဘောထားကို ပြန်လည် သုံးသပ်ကောင်း သုံးသပ်လာနိုင်ပါတယ်။
(၃) သင့်သူငယ်ချင်းရဲ့ ချစ်သူချင်း ဆက်ဆံရေးက စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အပြုအမူပိုင်း ဆိုင်ရာအရ ကြမ်းတမ်းခက်ထန်လာရင် သူတို့လိုအပ်တဲ့ အကူအညီကို မဖြစ်မနေ ကူညီဆောင်ရွက်လိုက်ပါ။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top