iMyanmarHouse.com - Best Property Website for Myanmar
×














တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး ဟန်ဟယ်ဂျင်း နှင့် ခင်ပွန်းဖြစ်သူတောင်ကိုရီးယား ဘောလုံးသမားဂီဆောင်းယောင် တို့သည် လာမည့်စက်တင်ဘာ တွင် သမီးမိန်းကလေးတစ်ဦးရရှိ မည်ဖြစ်သည်။

‘‘ဟန်ဟယ်ဂျင်းနဲ့ ဘီဆောင်းယောင်တို့ဇနီးမောင်နှံရဲ့ ပထမ ဆုံးရင်သွေးလေးက သမီးမိန်း ကလေးဖြစ်ပါလိမ့်မယ်။ ဟန် ဟယ်ဂျင်းရဲ့ ကိုယ်ဝန်က သမီး မိန်းကလေးဆိုတဲ့သတင်းကိုကြား ပြီး သူတို့နှစ်ယောက်လုံး အရမ်း ပျော်နေကြပါတယ်’’ဟု ဟန်ဟယ်ဂျင်း၏အေဂျင်စီက Newsen သတင်းအား ဇွန်လ ၁၅ ရက်တွင် ပြောသည်။

ဟန်ဟယ်ဂျင်းတို့စုံတွဲသည် ၂၀၁၃ ဇူလိုင်လတွင် လက်ထပ်ခဲ့ ကြပြီး အိမ်ထောင်သက်တစ်နှစ်ခွဲ ကျော်အကြာတွင် ပထမဆုံးရင် သွေးရတော့မည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံ၌ ခင်ပွန်းနှင့်အတူနေထိုင်နေသည့်ဟန်ဟယ်ဂျင်းသည် လာမည့် စက်တင်ဘာတွင် မွေးဖွားမည့်ရင်သွေးအတွက် မီးမဖွားမီစောင့်ရှောက်မှုများ ပြုလုပ်ရန် တောင်ကိုရီးယားသို့ပြန်လည်ရောက်ရှိ နေပြီဖြစ်သည်။

ဆွမ်ဆီးဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားဂီဆောင်း ယောင်က သမီးမိန်း ကလေးလိုချင်သည်ဟု ၂၀၁၃ တွင် SBS ရုပ်သံလိုင်း၏ Healing Camp အစီအစဉ်၌ ပြောကြားခဲ့သောကြောင့် ပထမဆုံးရင်သွေး သမီးမိန်း ကလေးဖြစ်သည့်သတင်းမှာ ပို၍ကြိုဆိုခံရသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top