iMyanmarHouse.com - Best Property Website for Myanmar
×

သားသမီးေတြဟာ မိမိရဲ႕မိတ္ေတြ တစ္စံုတစ္ဦးတစ္ေယာက္ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့တန္ဖိုးရွိတဲ့ လက္ေဆာင္ပစၥည္းေလး လာေပးရင္ အရမ္းကိုေက်းဇူးတင္ၾကေပမယ့္လည္း ကိုယ့္အေပၚႏိႈင္းဆမရေသာ
ခ်စ္ျခင္းေမတၱာမ်ားစြာျဖင့္ ေပးဆပ္ခဲ့ရတဲ့ (၀ါ) ငဲ့ညွာသနားဂ႐ုဏာတရားႀကီးမားစြာျဖင့္ ဆက္ဆံခဲ့ၾကတဲ့ မိဘႏွစ္ပါးကိုၾကေတာ့နားလည္းသိတတ္ လိမၼာတဲ့စိတ္ထားနဲ႔ ေက်းဇူးတင္ရမွန္း ထူးထူးျခားျခား
မေျဖစ္ေပၚတတ္ၾကဘူး။ ဒါဟာလည္း မိဘေတြအတြက္ ဆံုး႐ံႈးနစ္နာမႈ တစ္ခုလို႔ေျပာရပါလိမ့္မယ္။

ဒါေပမယ့္ စုန္ေရလိုမိဘမ်ားကေတာ့ သူတို႔ကို ဘယ္လိုပံုစံမ်ဳိးနဲ႔ပဲျမင္ျမင္ဆက္ဆံၾက ဆက္ဆံၾက ႀကံဖန္ၿပီးေတာ့ ေက်နပ္ခြင့္လႊတ္ ခ်စ္ေနတတ္ၾကျပန္ပါတယ္။မိဘေတြဟာ သားသမီးေတြနဲ႔ ပတ္သက္လာလွ်င္ လိမၼာေတာ ့လိမၼာလြန္းလို႔ခ်စ္လိုက္ရ၊ ဆုိးျပန္ေတာ့လည္း အဆိုးကေလးမို႔ ခ်စ္လိုက္ၾကရ၊ဘယ္လိုပံုစံမ်ဳိးနဲ႔ပဲေနေန ဘယ္အသက္အရြယ္ပဲေရာက္ေရာက္ ခ်စ္စရာေကာင္းတဲ့
ကေလးေတြပဲလို႔ ျမင္ေနမိတတ္ၾကပါတယ္။

ဒါေၾကာင့္လည္း သားသမီးေတြက ကိုယ့္ရဲ႕မိခင္ေတြနဲ႔ ေတြ႕လိုက္ရၿပီဆိုလွ်င္မိမိမွာ ကေလးဘယ္ႏွစ္ေယာက္ရွိ၍ ေနေစကာမူ အေဖနဲ႔အေမကိုဆိုးခ်င္ႏြဲ႕ခ်င္တတ္ၾက ျပန္ပါတယ္။

မိဘစိတ္ မိဘေမတၱာဟာ ဘယ္လိုစိတ္ထားမ်ဳိးနဲ႔မွ အတုလုပ္ယူလို႔မရႏုိင္ေကာင္းပါဘူး။ ကိုယ့္သားသမီးအေပၚ ခ်စ္တဲ့ သံေယာဇဥ္မ်ဳိးကိုေမြးထားတဲ့ မိဘႏွစ္ပါးမွလြဲၿပီး ဘယ္သူမွ အစားထုိးျပလို႔ မရႏုိင္ပါဘူး။မိဘတုိင္း မိဘတုိင္းဟာ သားသမီးအေပးထားတဲ့ သံေယာဇဥ္နဲ႔ခ်စ္ျခင္းေမတၱာတရားေတြကို သူစိမ္းတစ္ေယာက္က ယွဥ္ၿပိဳင္ခဲ့လွ်င္ျမင့္မိုရ္ေတာင္ကို ဇီးေစ့နဲ႔ေပါက္သလို ျဖစ္သြားပါလိမ့္မယ္။


မိဘက သားသမီးအေပၚ မုန္းတယ္ဆိုရင္ေတာင္မွ ေဘးလူရဲ႕ အခ်စ္ထက္ ေျမာက္ျမားစြာသာပါလိမ့္မယ္။ မိဘကမုန္းတဲ့အမုန္းဟာ ဂ႐ုဏာေဒါသနဲ႔ယွဥ္တဲ့အမုန္းမ်ဳိးျဖစ္ပါတယ္။ သားသမီးအေပၚ ေကာင္းေစခ်င္တဲ့ အျပဳသေဘာေဆာင္တဲ့စိတ္ထားလည္းျဖစ္ပါတယ္။ သားသမီးတုိင္းဟာ မိဘရဲ႕စိတ္ေနစိတ္ထား မိဘမ်ားဟာသားသမီးနဲ႔ပတ္သက္လာလွ်င္အၿမဲတမ္းခြင့္လႊတ္ေပးဆပ္ႏုိင္ေသာ္လည္းသားသမီးမ်ားကေတာ့ မိဘႏွင့္ပတ္သက္လာလွ်င္ မိဘအေပၚမွာ အႏုိင္ယူဗိုလ္က်တတ္ၾကပါတယ္။

မိဘမ်ားဟာ သားသမီးအေပၚ ႏိႈင္းဆမရေလာက္ေအာင္ ႀကီးမားလွတဲ့သံေယာဇဥ္တြယ္တာမႈေတြနဲ႔ ခ်စ္ေနသမွ်ေတာ့ ခြင့္လႊတ္လိုက္ေလ်ာအနစ္နာခံၾကပါလိမ့္ဦးမည္။ ဒါဟာလည္း မိဘတုိင္းရဲ႕ ပင္ကိုယ္
စိတ္ဓါတ္ပင္ျဖစ္ေနေလေတာ့ သားသမီးေနရာက ဘယ္သေဘာေပါက္နားလည္ႏုိင္ပါ့မလဲ။

ဒါ့ေၾကာင့္လည္း သားသမီးေတြရဲ႕ စိတ္ထဲမွာ ကိုယ့္မိဘအေပၚ ကိုယ္ဆိုးတာလဲကိုယ့္မိဘ ပိုက္ဆံကိုယ္ျဖဳန္းတာပဲ စဥ္းစားေနစရာ လိုလို႔လား။စဥ္းစားမႈလည္းမရွိတတ္ၾကပါဘူး။ ေက်းဇူးတရားေတြကို မဆင္ျခင္မိၾကေတာ့သားသမီးေတြဟာမိဘေတြကို ျပန္ေျပာၾက၊ ျပန္ေအာ္ၾက၊ ေစာ္ကားၾက၊ေက်းဇူးကန္းၾကနဲ႔၊
 အေသးအဖြဲကိစၥေလးေတြမွအစ မိဘကိုစိတ္ဆင္းရဲေအာင္လုပ္တတ္ၾကျပန္ပါတယ္။ ဒါေတြကို သတိထားမၾကည့္မိရင္ေတာ့အျပစ္သင့္ေနပါသလားလို႔ မေတြးမိၾကေတာ့ပါဘူး။

Credit : myanmarinsingapore

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သားသမီးတွေဟာ မိမိရဲ့မိတ်တွေ တစ်စုံတစ်ဦးတစ်ယောက် ကိုယ်ကြိုက်နှစ်သက်တဲ့တန်ဖိုးရှိတဲ့ လက်ဆောင်ပစ္စည်းလေး လာပေးရင် အရမ်းကိုကျေးဇူးတင်ကြပေမယ့်လည်း ကိုယ့်အပေါ်နှိုင်းဆမရသော

ချစ်ခြင်းမေတ္တာများစွာဖြင့် ပေးဆပ်ခဲ့ရတဲ့ (ဝါ) ငဲ့ညှာသနားဂရုဏာတရားကြီးမားစွာဖြင့် ဆက်ဆံခဲ့ကြတဲ့ မိဘနှစ်ပါးကိုကြတော့နားလည်းသိတတ် လိမ္မာတဲ့စိတ်ထားနဲ့ ကျေးဇူးတင်ရမှန်း ထူးထူးခြားခြား

မဖြေစ်ပေါ်တတ်ကြဘူး။ ဒါဟာလည်း မိဘတွေအတွက် ဆုံးရှုံးနစ်နာမှု တစ်ခုလို့ပြောရပါလိမ့်မယ်။


ဒါပေမယ့် စုန်ရေလိုမိဘများကတော့ သူတို့ကို ဘယ်လိုပုံစံမျိုးနဲ့ပဲမြင်မြင်ဆက်ဆံကြ ဆက်ဆံကြ ကြံဖန်ပြီးတော့ ကျေနပ်ခွင့်လွှတ် ချစ်နေတတ်ကြပြန်ပါတယ်။မိဘတွေဟာ သားသမီးတွေနဲ့ ပတ်သက်လာလျှင် လိမ္မာတော့လိမ္မာလွန်းလို့ချစ်လိုက်ရ၊ ဆိုးပြန်တော့လည်း အဆိုးကလေးမို့ ချစ်လိုက်ကြရ၊ဘယ်လိုပုံစံမျိုးနဲ့ပဲနေနေ ဘယ်အသက်အရွယ်ပဲရောက်ရောက် ချစ်စရာကောင်းတဲ့

ကလေးတွေပဲလို့ မြင်နေမိတတ်ကြပါတယ်။


ဒါကြောင့်လည်း သားသမီးတွေက ကိုယ့်ရဲ့မိခင်တွေနဲ့ တွေ့လိုက်ရပြီဆိုလျှင်မိမိမှာ ကလေးဘယ်နှစ်ယောက်ရှိ၍ နေစေကာမူ အဖေနဲ့အမေကိုဆိုးချင်နွဲ့ချင်တတ်ကြ ပြန်ပါတယ်။


မိဘစိတ် မိဘမေတ္တာဟာ ဘယ်လိုစိတ်ထားမျိုးနဲ့မှ အတုလုပ်ယူလို့မရနိုင်ကောင်းပါဘူး။ ကိုယ့်သားသမီးအပေါ် ချစ်တဲ့ သံယောဇဉ်မျိုးကိုမွေးထားတဲ့ မိဘနှစ်ပါးမှလွဲပြီး ဘယ်သူမှ အစားထိုးပြလို့ မရနိုင်ပါဘူး။မိဘတိုင်း မိဘတိုင်းဟာ သားသမီးအပေးထားတဲ့ သံယောဇဉ်နဲ့ချစ်ခြင်းမေတ္တာတရားတွေကို သူစိမ်းတစ်ယောက်က ယှဉ်ပြိုင်ခဲ့လျှင်မြင့်မိုရ်တောင်ကို ဇီးစေ့နဲ့ပေါက်သလို ဖြစ်သွားပါလိမ့်မယ်။



မိဘက သားသမီးအပေါ် မုန်းတယ်ဆိုရင်တောင်မှ ဘေးလူရဲ့ အချစ်ထက် မြောက်မြားစွာသာပါလိမ့်မယ်။ မိဘကမုန်းတဲ့အမုန်းဟာ ဂရုဏာဒေါသနဲ့ယှဉ်တဲ့အမုန်းမျိုးဖြစ်ပါတယ်။ သားသမီးအပေါ် ကောင်းစေချင်တဲ့ အပြုသဘောဆောင်တဲ့စိတ်ထားလည်းဖြစ်ပါတယ်။ သားသမီးတိုင်းဟာ မိဘရဲ့စိတ်နေစိတ်ထား မိဘများဟာသားသမီးနဲ့ပတ်သက်လာလျှင်အမြဲတမ်းခွင့်လွှတ်ပေးဆပ်နိုင်သော်လည်းသားသမီးများကတော့ မိဘနှင့်ပတ်သက်လာလျှင် မိဘအပေါ်မှာ အနိုင်ယူဗိုလ်ကျတတ်ကြပါတယ်။


မိဘများဟာ သားသမီးအပေါ် နှိုင်းဆမရလောက်အောင် ကြီးမားလှတဲ့သံယောဇဉ်တွယ်တာမှုတွေနဲ့ ချစ်နေသမျှတော့ ခွင့်လွှတ်လိုက်လျောအနစ်နာခံကြပါလိမ့်ဦးမည်။ ဒါဟာလည်း မိဘတိုင်းရဲ့ ပင်ကိုယ်

စိတ်ဓါတ်ပင်ဖြစ်နေလေတော့ သားသမီးနေရာက ဘယ်သဘောပေါက်နားလည်နိုင်ပါ့မလဲ။


ဒါ့ကြောင့်လည်း သားသမီးတွေရဲ့ စိတ်ထဲမှာ ကိုယ့်မိဘအပေါ် ကိုယ်ဆိုးတာလဲကိုယ့်မိဘ ပိုက်ဆံကိုယ်ဖြုန်းတာပဲ စဉ်းစားနေစရာ လိုလို့လား။စဉ်းစားမှုလည်းမရှိတတ်ကြပါဘူး။ ကျေးဇူးတရားတွေကို မဆင်ခြင်မိကြတော့သားသမီးတွေဟာမိဘတွေကို ပြန်ပြောကြ၊ ပြန်အော်ကြ၊ စော်ကားကြ၊ကျေးဇူးကန်းကြနဲ့၊

 အသေးအဖွဲကိစ္စလေးတွေမှအစ မိဘကိုစိတ်ဆင်းရဲအောင်လုပ်တတ်ကြပြန်ပါတယ်။ ဒါတွေကို သတိထားမကြည့်မိရင်တော့အပြစ်သင့်နေပါသလားလို့ မတွေးမိကြတော့ပါဘူး။


Credit : myanmarinsingapore


 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။


မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top