iMyanmarHouse.com - Best Property Website for Myanmar
×










 အိမ်ထောင်ဖက်နဲ့ စကားအခြေအတင် ပြောဆိုရတဲ့အခါ ၊ သမီးရည်းစား ဆက်ဆံရေးပြဿနာတွေကို ဖြေရှင်းရတဲ့အခါ လျှင်မြန်စွာ ပြန်လည်အဆင်ပြေသွားစေနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

တစ်ဖက်သား ကိုယ့်သဘောထားကို အလွယ်တကူ လက်ခံနိုင်ဖို့ နားဝင်ချိုအောင်ပြောပါ။
လူတွေ ကူရှင်းပေါ်မှာ ထိုင်လိုက်တဲ့အခါ စိတ်ကို လိုသလိုပြောင်းလဲနိုင်ပြီး လူတစ်ဖက်သားကို ကူညီပေးလိုတယ်လို့ MIT၊ဟားဗတ်နှင့် ရဲတက္ကသိုလ်များမှ လေ့လာမှုတစ်ခုက ထုတ်ဖော်ပြလိုက်ပါတယ်။ ပျော်ရွင်တဲ့ မိသားတွေရဲ့လျှို့ဝှက်ချက်များ စာအုပ်ရေးသူစာရေးဆရာ Bruce Feiler က ဒေါသစကား တွေကို အိစက်ညက်ညောတဲ့ ကုလားထိုင် သို့မဟုတ် ဆိုဖာခုံမှာထိုင် ရင်းပြောဆိုကြပါလို့ အကြံပြု လိုက်ပါတယ်။

နှစ်လိုဖွယ်ရှိတဲ့ စကားတွေနဲ့ စတင်ပြောဆိုပါ။ စကားအငြင်းပွားမှု ပပျောက်ရန်အတွက်"နင်"ဆိုတဲ့ စကားမသုံးဘဲ "ကိုယ်"ဆိုတဲ့စကားနဲ့ စတင်ပြောဆိုပါလို့ ဟားဗတ်စီးပွားရေး ကျောင်းက စီးပွားရေး စီမံအုပ်ချုပ်မှုပါမောက္ခ Linda Hill က အကြံပြုပြောဆိုထားပါတယ်။ ဒီလိုပြောဆိုလိုက်တဲ့အခါ ပြဿနာအတွက် တခြားသူတွေကို အပြစ်မတင်တတ်တဲ့ သင့်ရဲ့စိတ်သဘောထားနဲ့ နားလည်မှုကို တစ်ဖက်လူ မြင်လာနိုင်စေပါလိမ့်မယ်လို့ သူမက HBR.org ကို ပြောခဲ့ပါတယ်။

ဒီမေးခွန်းများမေးမြန်းပါ။
သင်ပြော လိုတဲ့စကားကိုပြောဆိုဖို့ စဉ်းစားတွေးတောနေခြင်းထက် သင် သင်ယူလိုတဲ့အရာကို စဉ်းစားပါလို့ Hill က HBR.org မှာအကြံပြုထားပါတယ်။"အဲဒါက ဘာကြောင့်သင့်ကို စိတ်ဆိုးစေသလဲ"သို့မဟုတ်" ဒီအခြေအနေ ကိုသင်ဘယ်လို ထင်မြင်သလဲ"ဆိုတာမေးကြည့်ပါ။ အဖြေကို သင်ကြားလိုက်တာနဲ့ သင်နားထောင်နေကြောင်းကို ပြသဖို့ တစ်ဖက်လူ ပြောနေတာကို အကောင်းဘက်က သချာတုံ့ပြန် ပြောဆိုပါ။

ဒေါသစိတ်ပြေပျောက်ရန် ထိတွေ့ ပြောဆိုပါ။
သင်ခင်ပွန်းသို့မဟုတ် ဇနီးဒူးခေါင်းပေါ်မှာ လက်တင်ခြင်းသို့မဟုတ် လက်ဆွဲကိုင်ရန် ဆုံးဖြတ်ခြင်းဟာ အငြင်းပွားခြင်းကနေ တစ်ဖက်လူ ခံစားရမယ့် နာကျင်မှုကို ဖယ်ရှားပေးပြီး သင့်ရဲ့ဆက်သွယ်မှုကို အားဖြည့်ပေးပါတယ်။ ယုံကြည်မှု တိုးလာရန်အထိအတွေ့က အောက်ဆီတိုစင်(Oxytocin)ဟော်မုန်းဓါတ်ကို တိုးပွားစေပြီး စိတ်ဖိစီးမှုလျှော့ချဖို့ ကောရ်တီဆိုးလ်(Cortisol)ဟော်မုန်းဓါတ်ကိုလည်း လျော့ကျစေပါတယ်။

ရယ်စရာပြောပါ။
ရယ်မောခြင်းက စိတ်ဖိစီးမှုကို သက်သာပျောက်ကင်းစေပြီး လူတွေကို အသက်ရှူထုတ်နိုင်ဖို့ အားပေးတယ်လို့ Maria Gamb မှ Forbes.com မှာ ရေးသားထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top