iMyanmarHouse.com - Best Property Website for Myanmar
×











လူတစ်ဦး နှင့် တစ်ဦး ကြား မှာ ချစ်ခင်ကြင်နာခြင်း၊ ချစ်ခင်ကြင်နာစိတ် ဟာ လူတွေအား နွေးထွေးတဲ့ ခံစားမှုကို ပေးတယ်ဆိုတာကျတော်တို့ အားလုံးခံစားသိရှိကြပါတယ်။ ဒီလိုနွေးထွေးတဲ့ ခံစားမှုလေးတွေမှာ ကျန်းမာရေး အကျိုးအာနိသင်တွေ ပါဝင်နေတယ်ဆိုတာ အောက်ဖော်ပြပါ အချက်လေးတွေ က အံ့သြစရာတစ်ချို့ဖြစ်ပါတယ်။

(၁) ချစ်ခင်ကြင်နာခြင်း ဖြင့် နှလုံးကိုအားကောင်းစေပါတယ်။
လူတွေအနေနဲ့ ဘာကြောင့်လဲ ဆိုတာ သိချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီခန္ဓာဗေဒတွင် ချစ်ခင်ကြင်နာခြင်းစိတ်ဟာ အော်ဆီတိုစင် ဟော်မုန်း တွေကို ထုတ်လုပ်ပေးတယ်လို့ ဆိုပါတယ်။ နှလုံးကိုအကာအကွယ်ပေးတဲ့ ဟော်မုန်းတစ်မျိုး အဖြစ် သုတေသနပြုပြီး ဖော်ပြထားပါတယ်။ ဒီဟော်မုန်း ဟာ နှလုံးနှင့် သွေးကြောများ စနစ်ကိုအကာအကွယ်ပေးပြီး သွေးဖိအားကိုလျော့ချစေပါတယ်။ သွေးသားတွေကိုလည်း ကြည်လင်စေသလို သွေးကြောများ ပျက်စီးခဲ့လျင်လည်း ပြန်လည်ကောင်းမွန်အောင် အထောက်အကူပြုပါတယ်။

(၂) ချစ်ခင်ကြင်နာခြင်း ဖြင့် လူတွေ ရဲ့ စိတ်နှလုံး ကိုသာယာကြည်ရွှင်စေပါတယ်။
စိတ်ပိုင်းဆိုင်ရာခံစားချက်အရ ဒီချစ်ခင်ကြင်နာခြင်း ဟာ ကျတော်တို့ကို ကျေနပ်ဝမ်းသာမှုကို ပေးစွမ်းပါတယ်။ကျတော်တို့ရဲ့ နှလုံးသားတွေကို ပေါ့ပါးလန်းဆန်းစေပါတယ်။

(၃)ချစ်ခင်ကြင်နာခြင်းဖြင့် ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။
ဇနီးမောင်နှံ ၂ တွဲ ကို သုတေသနပြု နှိုင်းယှဉ်ကြည့်တဲ့အခါ ချစ်ခင်ရင်းနှီးဆက်ဆံရေးရှိတဲ့ ဇနီးမောင်နှံမှာ ကျန်းမာရေအရမ်းကောင်မွန်တာကိုတွေ့ရပြီး ဆက်ဆံရေး အဆင်မပြေတဲ့စုံတွဲမှာ ကျန်းမာရေး ညံ့တာ ကိုလေ့လာတွေ့ရှိရပါတယ်။

(၄) ချစ်ခင်ကြင်နာခြင်း ဖြင့် ရောဂါကာကွယ်မှုစနစ်ကိုကောင်းမွန်စေပါတယ်။
အိမ်ထောင်သည် စုံတွဲတိုင်း မှာ သဘောထား မတိုက်ဆိုင်မှုဆိုတာ ရှိတတ်ကြပါတယ်။ဒါပေမယ့် အဲဒီအရာတွေအပေါ် မှာ စဉ်းစားတွေးခေါ်တတ်ဖို့လိုပါတယ်။ ဒီ ပြသနာရပ်တွေ အပေါ်မှာ အကောင်းမြင်ဝါဒ နဲ့ ဆွေးနွေးညှိုနှိုင်းမှုတွေ ပြုလုပ်ပြီး ချစ်ချစ်ခင်ခင် ရှိကြတဲ့ စုံတွဲတွေမှာ မကောင်းတဲ့ အမြင်ဝါဒနဲ့ ပြုမှုဆက်ဆံမှုတွေဖြင့် ပြသာနာဖြစ်နေကြတဲ့ စုံတွဲ တွေထက် ရောဂါခုခံကာကွယ်ရေးစနစ်ပိုမိုကောင်းမွန်ကြောင်း ကို သုတေသနပြုပြီး နှိုင်းယှဉ်ဖော်ပြထားပါတယ်။

(၅) ချစ်ခင်ကြင်နာ ခြင်း ဖြင့် ပင်ပန်းမှုဒဏ် ကို ပိုမို ခံနိုင်ရည်စွမ်းရှိစေပါတယ်။
ပုံမှန်အိမ်ထောင်ရေးဆက်ဆံရေး အဆင်ပြေခြင်းဖြင့် နှလုံးအတွက်ကောင်းကျိုးကို ရရှိတယ်လို့ ဆိုထားပါတယ်။ဒါဟာ တစ်ဦး အပေါ် တစ်ဦး ထားရှိကြတဲ့ မေတ္တာတရားကြောင့် ရရှိလာတဲ့ ကျန်းမာရေး အထာက်အကူပြုနည်းလမ်းတွေ ဖြစ်ပါတယ်။ဒါ့အပြင် ကျန်းမာရေးလေ့ကျင့်ခန်းတွေ လုပ်ရင်တောင်မှ မိမိ ချစ်ခင်ကြင်နာသူနှင့် အတူတကွလုပ်ဆောင်ရခြင်း က ပင်ပန်းမှုဒဏ် ကိုခံနိုင်ရည်ရှိကာ ထိရောက်မှုပိုရှိကြောင်းလေ့လာတွေ့ရှိရပါတယ်။

(၆) ချစ်ခင်ကြင်နာခြင်းဖြင့် ကျန်းမာချမ်းသာပြီး သက်တမ်းရှည်စွာ နေနိုင်ပါတယ်။
ပျော်ရွှင်ဖွယ်အိမ်ထောင်ရေး ကိုပိုင်ဆိုင်ထားတဲ့ စုံတွဲတွေဟာ ကျန်းမာစွာဖြင့် သက်တမ်းရှည်နေနိုင်ကြတယ်ဆိုတာ တစ်ကိုယ်တည်းသမားတွေ နှင့် နှိုင်းယှဉ်ပြီး သုတေသနပြု ဖော်ပြထားပါတယ်။ ပြီးတော့ တစ်ကိုယ်တည်း အမျိုးသားတွေ ဟာ အိမ်ထောင်သည်အမျိုးသားတွေထက် ဆေးလိပ် ၊ အရက်တို့ ပိုမိုကြိုက်တတ်ကို တွေ့ရှိရပါတယ်။ဒါကြောင့် ရေရှည် သက်တမ်း ရှည်ရှည် နဲ့ ကျန်းမာရေးကောင်းအောင်နေထိုင်ဖို့အတွက် အိမ်ထောင်သည် အမျိုးသားများ မှာ ပိုမို အခွင့်အလမ်းများနိုင်ပါတယ်။

(၇) ချစ်ခင်ကြင်နာခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာနာကျင်ခြင်း ဝေဒနာကို လျော့ကျ သက်သာစေပါတယ်။
သုတေသနပညာရှင်တွေဟာ နာကျင်မှုဝေဒနာ ကို သက်သာလျော့ကျစေတဲ့အချက်နဲ့ပတ်သက်ပြီး စမ်းသက်ချက်ပြုလုပ်ကြည့်ရာ စမ်းသပ်မှုကို ခံယူတဲ့စေတနာ့ဝန်ထမ်းလေး ရဲ့ ပြောကြားချက်အရ လျှပ်စစ်ရှော့ခ်ဝေဒနာ ကို ခံစားနေရတဲ့အချိန်၊ ရေခဲရည်အေးစက်စက် ကို ထိတွေ့ခံစားနေရတဲ့အချိန် အဲဒီအချိန်တွေ မှာ လူတစ်ယောက်ယောက်မှ မိမိရဲ့လက်ကို ကြင်နာစွာဆုပ်ကိုင်လိုက်တဲ့အချိန်မှာ ဝေဒနာသိသာစွာ လျော့ကျသွားမှုကို ခံစားရတယ်လို့ဆိုပါတယ်။ အမျိုးသမီးတွေ အတွက်လည်း နာကျင်ရတဲ့ ဝေဒနာကိုခံစားနေရချိန်မှာ မိမိတို့ရဲ့ ခင်ပွန်း တို့မှ လက်ကို လာရောက်ဆုပ်ကိုင်ပေးထားခြင်းဖြင့် ဝေဒနာကို တကယ့်ကိုလျော့ကျသက်သာစေကြောင်း သုတေသနပြုဖော်ပြထားပါတယ်။

ဒီလိုတစ်ဦးအပေါ် တစ်ဦး မေတ္တာထားခြင်းဟာ လူတွေရဲ့ စိတ်နှလုံးကို အေးချမ်းစေသလို ထိုအေးချမ်းမှု မှ သည် ကိုယ်ရဲ့ ကျန်းမာခြင်းဆိုတဲ့ အကျိုးအာနိသင် ကို လက်တွေ့ခံစားကြရခြင်းဘဲ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ် ပရိသတ်မိတ်ဆွေများ အနေနဲ့ လက်တွေ့ကျင့်သုံးနိုင်ခြင်းဖြင့် ကိုယ်စိတ်နှစ်ပါး ရွှင်လန်းကျန်းမာကြစေဖို့ဖော်ပြပေးလိုက်ပါတယ်။

Credit : yangonlife

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top