iMyanmarHouse.com - Best Property Website for Myanmar
×










ချစ်သူနဲ ပတ်သတ်တဲ့ မိမိရဲ့ ကဗျာဆန်ဆန် ရိုမန်တစ်ဖြစ်တဲ့ အတွေးတွေဟာ မိမိရဲ့စွမ်းအင်ကို သိသိသာသာ ကျဆင်းသွားစေပြီး သွေးကြောထဲက သကြားဓါတ်ကို မြင့်တက်လာစေပါတယ်။ မိမိ ချစ်သူရည်းစားရဲ့ အကြောင်းကို တွေးလိုက်ခြင်းအားဖြင့် သွေးကြောထဲက သကြားဓါတ် ပမာဏ များလားပြီး ကျွန်ုပ်တို့ကို အရှိန်မြင့်လာစေတယ်လို့ စိတ်ပညာ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 သုတေသီတွေကတော့ လူနာ ၁၈၃ယောက်ဆီက သူတို့ရဲ့လက်ရှိ ကဗျာဆန်တဲ့ ချစ်သူရည်းစား အကြောင်း မတွေးခင် နဲ့ တွေးပြီး အခြေအနေတွေကို နမူနာကုန်ကြမ်းယူပြီး စစ်ဆေးခဲ့ရာ အားလုံးဟာ ဂလူးကို့စ်နဲ့ အကောင်းမြင်စိတ်တွေ အချိန်ခဏတာအတွင်း မြင့်တက်လာတာကို တွေ့ခဲ့ရပါတယ်။

လူနာတွေဘက်က ပြန်လည်မေးခွန်းထုတ်ခဲ့တာကတော့ ချစ်သူအကြောင်း တွေးတာဟာ ဂလူးကို့စ်ကျဆင်း စေတာ ဖြစ်တယ်လို့ဆိုကြပြီး အဲဒီလိုချစ်သူရည်းစားအကြောင်းတွေးတာဟာ အကောင်းမြင်စိတ်နဲ့ ချိတ်ဆက်မှု မရှိနိုင်ဘူး ဆိုတာပါပဲ။ သုတေသီတွေရဲ့ အဖြေကတော့ ချစ်သူရည်စားအကြောင်းတွေးတာဟာ စိတ်ဖိစီးမှုတစ်ခု ဖြစ်ပေမယ့်လည်း အဲဒါဟာ အဆိုးမြင်တဲ့ စိတ်ဖိစီးမှု(distress) မဟုတ်ပဲ eustress လို့ခေါ်တဲ့ အကောင်းမြင်တဲ့ စိတ်ဖိစီးမှုဖြစ်ပါတယ်တဲ့။ ဒါ့ကြောင့် ကျွန်ုပ်တို့ရဲ့ခန္ဒာကိုယ် အတွင်းက စိတ်ဖိစီးမှုကို ကောင်းမွန်တဲ့နည်းလမ်းနဲ့ ပျောက်ကွယ်သွားစေနိုင်တယ်လို့ ကနေဒါနိုင်ငံ အနောက်ပိုင်း Ontario တက္ကသိုလ်ရဲ့ သုတေသန စစ်ဆေးချက်တွေအရသိရပါတယ်။

Credit : Trend myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top