iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့်ကျန်းမာရေးကို လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်စရာမလိုဘဲ ပိုမိုကောင်းမွန်စေမယ့် လွယ်ကူတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ငါးမိနစ်ခန့် လမ်းလျှောက်ပါ
အင်ဒီယာနာ တက္ကသိုလ် က သုတေသနပညာရှင်တွေရဲ့ မကြာသေးခင်က တွေ့ရှိချက်အရ လူတစ်ယောက် တစ်နာရီကြာ ထိုင်နေမယ်ဆိုရင် ခြေထောက် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ၅၀ ရာခိုင်နှုန်းလျော့ကျနေစေပါတယ်။ အဲ့ဒီလို ဖြစ်တာဟာ နှလုံးသွေးကြောတွေကိုပါ ဒုက္ခပေးနိုင်ပါတယ်။
ဒါပေမယ့်တစ်နာရီထိုင်ပြီးတိုင်းငါးမိနစ်လမ်းလျှောက်တဲ့သူတွေကို လေ့လာကြည့်ရာမှာတွေ
 သွေးကြောကို ပြန်လည်ပွင့်စေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် တစ်နာရီ ထိုင်ပြီးတိုင်း ငါးမိနစ်လမ်းလျှောက်ခြင်းဟာလည်း ကျန်းမာရေးကို ပိုကောင်းစေပါတယ်။

၂။အိပ်ရာခင်းပြီး အိပ်ပါ
US National Sleep Foundation ရဲ့ စစ်တမ်းတစ်ခုအရ အိပ်ရာ သေချာခင်းပြီး အိပ်သူတွေဟာ ရှုပ်ယှက်နေတဲ့ အိပ်ရာထဲမှာ အိပ်သူတွေထက် ၁၉ရာခိုင်နှုန်း ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာကို တွေ့ရပါတယ်။ သင် အိပ်တဲ့နေရာနဲ့ အိပ်ပျော်ခြင်း၊မပျော်ခြင်းဟာ ဆက်စပ်နေပါတယ်။
ဒါ့ကြောင့် အိပ်ရာကို သေချာခင်းပြီး အိပ်ခြင်းအားဖြင့် ပိုကောင်းတဲ့ ကျန်းမာရေးကို ရယူလိုက်ပါ။

၃။အနှောင့်အယှက်ကင်းကင်း စာဖတ်ပါ။
ဖေ့စ်ဘွတ်ကို ခဏပိတ်၊ဖုန်းကို silent ထားပြီး စာအုပ်ကောင်းကောင်း တစ်အုပ်လောက်ကို
နာရီဝက်လောက် ဖတ်ကြည့်ပါ။ အဲဒီ့လို ပြုမူခြင်းဟာ စိတ်ဖိစီးမှုကို လျော့စေပြီး သင့်အတွေးတွေကို ပိုမိုကြည်လင်စေပါတယ်။.လေ့လာမှုတွေအရ စာအုပ်ထဲက စာသားတွေမဟုတ်ဘဲ Website တွေ၊ Ebook တွေ ဖတ်တဲ့အခါ လူရဲ့ နားလည်သဘောပေါက်နိုင်စွမ်းဟာ စာအုပ်ဖတ်တာထက် နည်းပါသတဲ့။

၎။ တီဗွီလျှော့ကြည့်ပါ
ကမ္ဘာတစ်ဝှမ်းက လူတွေကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာတော့ လူငယ်တွေဟာ အသက်ကြီးလာလေလေ၊ တီဗီ ပိုကြည့်လာလေလေ ဖြစ်ကြောင်းတွေ့ရပါတယ်။ သက်လတ်ပိုင်းအရွယ်မှာ ဖန်သားပြင်( TV ၊ Phone screen ) တွေကို ကြည့်ရှုမှုနှုန်း မြင့်မားခြင်းဟာ ဆီးချိုရောဂါ အမျိုးအစား၂ ၊ နှလုံးရောဂါတို့ နဲ့ ဆက်နွယ်နေပါတယ်။ တီဗီကို အကြာကြီးထိုင်ကြည့်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ကြော်ငြာဝင်ချိန်မှာ မတ်တပ် ရပ်တာမျိုး၊လမ်းထလျှောက်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

၅။ သင့် အလုပ်စားပွဲကို သန့်ရှင်းပါစေ
အရီဇိုနာ(Arizona) တက္ကသိုလ်က  သုတေသနပညာရှင်တွေဟာ အလုပ်စားပွဲပေါ်မှာ ပိုးမွှားနမူနာတွေကို တင်လိုက်ပြီး လေးနာရီအကြာမှာတော့ အဆောက်အအုံတစ်ခုလုံးရဲ့အရာဝတ္ထု ၄၀ရာခိုင်နှုန်းကနေ ၆၀ရာခိုင်နှုန်းမှာ ပိုးမွှားတွေ ရောက်ရှိပျံ့နှံ့သွားကြောင်း ခြေရာခံမိပါတယ်။ ဒါ့ကြောင့် နှာစေး၊အအေးမိတဲ့ ရောဂါတွေ မကူးစက်ရအောင် သင့်လက်ကို မကြာမကြာဆေးသင့်ပြီး သင့်အလုပ်စားပွဲကိုလည်း ပိုးမွှားသန့်စင် ဆေးရည်နဲ့ သန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။

Credit : thithtoowlin

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top