iMyanmarHouse.com - Best Property Website for Myanmar
×










တောင်ကိုရီးယား သရုပ် ဆောင်မင်းသားလီမင်ဟိုကို အားပေးသော သန်းနှင့်ချီသည့် အိန္ဒိယပရိသတ်များသည် အိန္ဒိယနိုင်ငံ သို့ လီမင်ဟိုလာရောက်လည်ပတ် ရန် မေတ္တာရပ်ခံသော ဗီဒီယိုတစ်ခုကို ဖန်တီးခဲ့ကြသည်။

လီမင်ဟိုသည် Boys Over Flowers ကဲ့သို့သော ဒရာမာ ဇာတ်လမ်းတွဲများ၊ Gangnam Blues ကဲ့သို့သော ရုပ်ရှင်ဇာတ် ကားများ၊ My Everything တေး အယ်လ်ဘမ်ကဲ့သို့သော တေးဂီ တများဖြင့် အနုပညာလောက၌ အလွန်နာမည်ကျော်ကြားမှုနှင့် အသိအမှတ်ပြုမှုတို့ကိုရရှိထား သည်။

ပရိသတ်များ၏ အသိအ မှတ်ပြုမှုကြောင့် လီမင်ဟိုသည် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များ စွာနှင့်တွေ့ဆုံရန် အခွင့်အရေး ရရှိခဲ့သည်။  လီမင်ဟိုသည် ဟောင်ကောင်၊ ကိုရီးယား၊ ထိုင်း အပါအဝင် အာရှနိုင်ငံများသို့ သွားရောက်၍ ပရိသတ်တွေ့ဆုံ ပွဲများပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထို့ ကြောင့် အိန္ဒိယနိုင်ငံမှ လီမင်ဟို ပရိသတ်များကလည်း ၎င်းတို့ နိုင်ငံသို့ လီမင်ဟို လာရောက် လည်ပတ်နိုင်မည်ဟု မျှော်လင့်ကြောင်း၎င်းတို့ စုစုပေါင်းတင်ဆက်ထားသော ဗီဒီယိုမှတစ်ဆင့်  ဖော်ပြခဲ့ကြသည်။

လီမင်ဟိုအဓိကပါဝင်သရုပ် ဆောင်မည့် Bounty Hunters ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုကို ယခုလအတွင်း စတင်သည်ဟု သိရသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top