iMyanmarHouse.com - Best Property Website for Myanmar
×














အနုပညာ ပျိုးခင်းကနေ မွေးထုတ်ပေးလိုက်တဲ့ မင်းသမီး တစ်လက်ဖြစ်တဲ့ ရွှေသမီးက ပုံမှန်မဟုတ်တဲ့ ကာရိုက်တာလေးတွေ ရိုက်ဖူးချင်တယ်လို့ ဆိုခဲ့ပါတယ်။“အခု လတ်တလောမှာတော့ လူငယ် ကာရိုက်တာတို့၊ ဟာသ ကာရိုက်တာတို့ပဲ ရိုက်ဖြစ်နေတယ်။

ညီမက အနုပညာ သက်တမ်းက သိပ်တော့ မရှိသေးဘူး။ ဒါပေမဲ့ ကာရိုက်တာ အဆန်းလေးတွေ၊ ပြောရရင် ပုံမှန်မဟုတ်တဲ့ ကာရိုက်တာလေးတွေ ပေါ့နော်။ ရူးနေတဲ့ ကောင်မလေး ပုံစံတို့၊ မျက်မမြင်တဲ့ ကောင်မလေးပုံစံ၊ ဒါမျိုးလေးတွေ လုပ်ကြည့်ချင်တယ်။ ဒရမ်မာ ပုံစံလေးတွေ ဖြစ်အောင် ရိုက်ကြည့်ချင်ပါတယ်။ ဒီလိုဇာတ်ရုပ်အတွက် သရုပ်ဆောင်ဖို့ ညီမအနေနဲ့ အချိန် စောသေးပေမယ့် လုပ်ကြည့်ချင်တယ်”လို့ ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ အရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ အနုပညာ အလုပ်တွေကို အောင်မြင်အောင် လုပ်ဆောင်နေပြီး၊ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်အောင်လည်း ကြိုးစားနေပါတယ်လို့ ရွှေသမီးက ပြောသွားပါသေးတယ်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top