iMyanmarHouse.com - Best Property Website for Myanmar
×












မွှေးပျံ့တဲ့သင်းရနံ့လေးနဲ့အတူ လန်းလန်းဆန်းဆန်းဖူးပွင့်နေတဲ့ပန်းပွင့်လေးတွေကိုမြင်တွေ့ကြတိုင်း လူတွေရဲ့ စိတ်နှလုံးဘဝင်မှာ နူးညံ့မှုလေးတွေအလိုအလျောက်မွေးဖွားလာတတ်ကြပါတယ်။ဒါဟာ သဘာဝတရားရဲ့ ဆန်းကြယ်မှုတစ်ရပ်ဖြစ်ပါတယ်။ သက်ဆိုင်ရာရပ်ဝန်းလေးတွေမှာ အစဉ်သဖြင့် အသုံးဝင်လှတဲ့စိတ်ကိုနုညံ့စေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ လူတွေအတွက် စိတ်ကြည်နူးချမ်းမြေ့ဖွယ်ကိုပေးစွမ်းနိုင်တဲ့သဘာဝအလှတရားစစ်စစ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီပန်းလေးတွေဟာ လူတွေအတွက် အလှတရားကို ဖန်တီးပေးနိုင်ရုံမက ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကိုလည်း များစွာသက်ရောက်မှုတွေပေးပါတယ်။ ဥပမာ – ပန်းရနံ့လေးတွေက လူတွေရဲ့စိတ်ကို ယစ်မူးကြည်နူးစေကြောင်း၊ စိတ်ညစ်ညူမှုတွေ၊ စိတ်ပူပန်မှုတွေကို ပြေလျော့သွားစေကြောင်းလေ့လာသူတို့ရဲတွေ့ရှိချက်ကိုပြောဆိုထားကြတာရှိပါတယ်။

မိမိတို့နေထိုင်ရာအိမ်လေးထဲမှာ ၊ ခြံဝန်းလေးထဲမှာ ၊ ပတ်ဝန်းကျင်လေးမှာ ပန်းကလေးတွေ လန်းဆန်းစွာဖူးပွင့်နေစေခြင်းဖြင့် အပြုသဘောဆောင်တဲ့စိတ်ခွန်အားလေးတွေရရှိကာ မိမိတို့ရဲ့ လုပ်ငန်းခွင်အလုပ်ပေါ်မှာ သက်ရောက်မှုများစွာရှိကြောင်းတွေ့ရပါတယ်။ပန်းကလေးတွေဟာ လူတွေရဲ့ကျန်းမာရေးအပေါ်မှာထိရောက်စွာ ကောင်းကျိုးသက်ရောက်မှုရှိနေတာဖြစ်ကြောင်း
သုတေသနပြုပြီးသက်သေထူခဲ့ကြတာရှိပါတယ်။

မိသားစုတစ်စု ဟာ မိတ်ဆွေရဲ့ အကြံပြုချက်အရ သူတို့အိမ်လေးထဲမှာ ပန်းလေးတွေကို ဖူးပွင့်နေစေခဲ့ခြင်းကြောင့် အပြုသဘောဆောင်တဲ့စိတ်ထားလေးတွေ တိုးလာကာ စိတ်ပျော်ရွှင်မှု၊ အေးချမ်းမှု၊ နွေးထွေးမှုတွေကို ရရှိခံစားလာခဲ့ရကြောင်း သူတို့ရဲ့တွေ့ရှိချက်ကို ထုတ်ဖော်ပြောဆိုထားကြပါတယ်။

ဒါကြောင့် လူငယ်တို့ဟာ ကောင်မလေးတွေကို ပိုးပန်းလိုတဲ့အခါ၊ ချစ်သူကောင်မလေးကို စိတ်ကောက်ပြေစေဖို့ ချော့မော့လိုတဲ့အခါ အဓိကလက်နက်အနေနဲ့ လန်းဆန်းစွာဖူးပွင့်နေတဲ့ပန်းပွင့်လေးတွေကို ထိထိရောက်ရောက် အသုံးပြုကြခြင်းဘဲဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်အတွင်းမှာလည်း စိတ်ဓာတ်အင်အားမြှင့်တက်စေဖို့၊ စိတ်ရွှင်လန်းစေဖို့၊စိတ်ကြည်လင်ဥာဏ်ပွင့်စေဖို့အတွက် မိမိတို့ရဲ့စားပွဲပေါ်မှာ လန်းဆန်းတဲ့ပန်းလှလှလေးတွေကို ပန်းအိုးလေးနဲ့ စနစ်တကျစိုက်ထိုးထားတတ်ကြပါတယ်။

ပန်းအမျိုးမျိုးတွေရှိကြတဲ့အထဲမှာ နှင်းဆီပန်းဆိုရင် ဘက်တီးရီးယားတွေကို ကာကွယ်နိုင်နင်းသလို ဒေါသစိတ်ရဲ့သွေးဆူပွက်မှုတွေကိုပြေလျော့စေပါတယ်။ဗီတာမင် စီ မြင့်မားစွာ ပါဝင်သလို Antioxidant ပါဝင်မှုနှုန်းထားလည်း အားကောင်းကြောင်း ဖော်ပြထားကြပါတယ်။ မွှေးကြိုင်တဲ့သင်းရနံ့နဲ့အတူ စိတ်နှလုံးကို သက်သောင့်သက်သာဖြစ်စေပါတယ်။ နှင်းဆီပွင့်ဖတ်လေးတွေဟာ လူတွေရဲ့အရေပြားလွှာတွေကိုချောမွေ့စေပြီး အသားအရေခြောက်သွေ့တာမျိုးကိုကာကွယ်ပေးပါတယ်။

စံပယ်ပန်းကတော့ စိတ်ဖိစီးမှုတွေကိုသက်သာစေပြီး အသားအရေကို ချောမွေ့စေပါတယ်။ စံပယ်ပန်းလေး တစ်ကုံးကို အိပ်ယာဘေးနားမှာ ထားပြီး အိပ်စက်ခြင်းဖြင့်သွေးလည်ပတ်မှုကောင်းပြီး တစ်ညတာလုံးနှစ်ခြိုက်စွာ အိပ်မောကျသွားပါလိမ့်မယ်။ ကိုယ်ခန္ဓာအတွင်း က မကောင်းတဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။ကိုယ်ခံအားစနစ်ကိုလည်းမြှင့်တင်ပေးပါတယ်။သွေးပေါင်
ချိန်နဲ့ပတ်သက်ပြီး အကာအကွယ်ပေးခြင်း၊ ကိုလက်စထရောကိုလျော့ချပေးပါတယ်။ကျောက်ကပ်လည်ပတ်မှုကိုကောင်းစေပါတယ်။
မျက်လုံးအမြင်အားကောင်းစေပါတယ်။သားအိမ်ကျန်းမာရေးအတွက်ကောင်းစေပါတယ်။
ကင်ဆာကိုကာကွယ်ပေးပါတယ်။ကင်ဆာဆဲလ်ကြီးထွားမှု ကို နှိမ်နင်းပေးပါတယ်။ ကိုယ်ခန္ဓာအဝလွန်ခြင်းကို လျော့ချပေးပါတယ်။

Etcoff ဆိုသူ “ပန်းကလေးတွေဟာ လူတွေရဲ့ကျန်းမာရေးကို အထောက်အကူပြုကြောင်း၊ ဒါကြောင့် မိသားစုတွေ အမြဲတစ်စေဆုံတွေနိုင်တဲ့နေရာတွေဖြစ်တဲ့ မနက်မိုးလင်းရင်ကော်ဖီဆုံသောက်တဲ့ထမင်းစားခန်း၊ ညဘက်နှစ်ခြိုက်စွာအိပ်စက်တဲ့အိပ်ခန်း၊ မိသားစုတွေစုံညီစွာ အပန်းဖြေတီဗွီတွေကြည့်တဲ့ ဧည့်ခန်းလေးတွေ၊ မိသားစုစုံညီခန်းလေးတွေမှာ အခုလို လန်းဆန်းမွှေးကြိုင်တဲ့ပန်းလေးတွေကို ဝေဝေဆာဆာ ထားရှိခြင်းဖြင့် မိသားစုရဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကိုများစွာ အထောက်အကူပြုကြောင်း ” ပြောဆိုထားပါတယ်။

ဒါကြောင့် လူတွေအတွက် မိမိတို့ပတ်ဝန်းကျင်လေးမှာရှိတဲ့ပန်းလေးတွေဟာ စိတ်ရဲ့ရွှင်လန်းမှုကိုသာမက ကိုယ်ခန္ဓာကျန်းမာရေးကိုပါ ထိရောက်စွာ အကျိုးပြုမှုရှိကြောင်း သိရှိကြစေဖို့ ဖော်ပြပေးပါတယ်။

Credit : yangon Life

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top