iMyanmarHouse.com - Best Property Website for Myanmar
×

မျက်နှာပေါ်က အမည်းကွက်တွေဟာ အလှပျက်စေတဲ့ ပြသနာရပ်တွေ ဖြစ်ပါတယ်။ ဒီလိုပြသနာမျိုး ကြုံနေရသူတွေအတွက် အကူအညီ ဖြစ်စေနိုင်မယ့် လူကြိုက်များတဲ့ သဘာဝလိမ်းဆေး တစ်မျိုးရှိပါတယ်။
ဒီမျက်နှာလိမ်းဆေးရဲ့ အဓိက ပါဝင်ပစ္စည်းက တရုတ်နံနံပင် ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ တရုတ်နံနံ ၂၅ ဂရမ်၊ ရေ ၀.၂ လီတာနဲ့ သတ္တုဆားရည် (mineral water) ၀.၃ လီတာ လိုအပ်ပါမယ်။

တရုတ်နံနံကို ပွတ်ပွတ်ဆူတဲ့ ရေ ၀.၂ လီတာဖြင့်ပြုတ်ပြီး အဖုံးပိတ်ထားတဲ့ ထည့်စရာတစ်ခုထဲ အေးအောင်ထားရပါမယ်။
အေးပြီဆိုတာနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေ အငွေ့ပျံအောင် အိုးအဖုံး ဖွင့်ထားပေးပါ။ မိနစ် ၃၀ ခန့်ကြာပါမယ်။ တရုတ်နံနံပြုတ်ရည်ကို စစ်ထုတ်ပြီး သတ္တုဆားရည် (mineral water) ၀.၃ လီတာ ထည့်ပါ။ အဲဒီရရှိလာတဲ့ မျက်နှာလိမ်းဆေးကို ပုလင်းတစ်ခုထဲ ထည့်ပြီး  မှောင်ပြီး အေးတဲ့နေရာတစ်ခုမှာ သိမ်းထားရပါမယ်။

မနက်တိုင်း မျက်နှာကို ပုံမှန်အတိုင်း သစ်ပြီးရင် ဂွမ်းလေးဖြင့် လိမ်းပေးပါ။ မိနစ် ၃၀ ကြာပြီးနောက် ဆေးကို မျက်နှာမှ ဖယ်ရှားပေးရပါမယ်။ သို့မဟုတ် တစ်နေ့ကုန်လည်း ထားထားနိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top