iMyanmarHouse.com - Best Property Website for Myanmar
×














သင့်မှာ သွေးပေါင်တက်ရောဂါ ရှိနေပါက ထိတ်လန့်တော့ မသွားပါနဲ့။ ပုံမှန်လေ့ကျင့်ခန်းအပြင် နေ့ စဉ် ပုံမှန်အစားအစာ၊ ဆိုဒီယမ်နဲ့ အဆီ လျော့နည်းအောင် ထိန်းပေးနိုင်ပါတယ်။

သွေးပေါင်တက်ရောဂါရှိသူများအတွက် ရှောင်သင့်တဲ့ အစားအစာတွေကတော့
၁။ ရှာလကာရည် (သို့) ဆားရည်စိမ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကယ်လိုရီး နည်းပေမယ့် ဆိုဒီယမ် အပြည့်ပါဝင်တယ်။

၂။ အာလူးချောင်းကြော်များက အဆီနဲ့ ဆိုဒီယမ်ပမဏများစွာ ရရှိစေတယ်။

၃။ ဝက်ဆားနယ်ခြောက်အများစုမှာ အဆီတွေသာ ဖြစ်တယ်။

၎။ အရန်သင့်ပြင်ဆင်ထားတဲ့ စွပ်ပြုတ်တွေကို သက်သောင့်သက်ဖြစ်တဲ့ အစားအစာဆိုပေမယ့် စွပ်ပြုတ်တစ်ခွက်မှာ ဆိုဒီယမ် ၈၀၀ မီလီဂရမ် ခန့် ပါဝင်နေတာပါ။

၅။ နို့နဲ့ နို့ထွက်ပစ္စည်းများက ကယ်ဆီယမ်ဓာတ်အရင်းအမြစ်ဆိုပေမယ့် မလိုင်အပြည့်ပါတဲ့နို့လို အဆီကြွယ်ဝတဲ့နို့ထွက်ပစ္စည်းများက အဆီကို လိုအပ်တာထက် ပိုရစေတယ်။ မလိုင်အပြည့်ပါတဲ့နို့တစ်ခွက်က အဆီ (၈) ဂရမ်ရရှိစေပါတယ်။

၆။ အရက်သေစာမှီဝဲခြင်းက သွေးပေါင်ကို ထိုးတက်စေပါတယ်။ ကုသနေစဉ် ရောဂါသစ်တွေထပ်တိုး သည့်အပြင် သွေးကြောနှံရံများလည်း ပျက်စီးစေတယ်။

၇။ မုန့်လက်ကောက် ဆီကြော်ကိတ်မုန့် (ဒိုးနတ်) တွေ အရသာရှိကောင်းရှိပါလိမ့်မယ်။ သို့သော် ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အတွက် သိပ်တော့ မကောင်းပါဘူး။ ဒိုးနတ်မုန့် တစ်ခုမှာတင် အဆီ ၁၂ ဂရမ်နဲ့ ကယ်လိုရီး ၂၀၀ ပါဝင်တယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top