iMyanmarHouse.com - Best Property Website for Myanmar
×

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အနုပညာလှုပ်ရှားမှုထက် နိုင်ငံရေးကို ပိုမိုအားသွန်ခွန်စိုက် ပြုလုပ်ဖြစ်လာတာတွေ့ရတဲ့ အဆိုတော်၊ သရုပ် ဆောင် ချစ်သုဝေရဲ့ လတ်တလောဆောင်ရွက်မှုတွေနဲ့ ၎င်းရဲ့ရွေးကောက်ပွဲအပေါ်ထားရှိတဲ့ မျှော်လင့်ချက်တချို့ကို မေးမြန်းထားပါတယ်။

ဒီနောက်ပိုင်း  ရန်ကုန်ရှိုးတွေမှာ သိပ်မတွေ့ဖြစ်တော့ဘဲ ပရိသတ် နဲ့အနည်းငယ်ဝေးကွာပြီးမှ ရှိုးပြန် ဆိုဖြစ်ပုံနဲ့ ဘယ်လိုအခက်အခဲ တွေ ကြုံတွေ့ရတာရှိပါလဲ။

ဒီပွဲလေးက ရေဘေးရန်ပုံငွေ လေးလည်းဖြစ်တယ်။ ဟုတ်ပါ တယ်။ မမကနယ်ပွဲလေးတွေပဲ ဆိုဖြစ်နေတော့ ရန်ကုန်ပရိသတ် တွေနဲ့ပွဲဆုံဖို့ရှားတယ်။ ဒီပွဲမှာ အ ဆင်မပြေတာလေးတွေတော့ အ နည်းနဲ့အများဖြစ်တယ်။ ဥပမာ ပွဲ ကြော်ငြာမှာ မမပုံလေးပါမလာ တာတို့၊ စီနီယာ စီနီယာအတိုင်း ဆက်ဆံမခံရတာတို့ရှိတယ်။ အဆင်မပြေဆုံးကတော့ မမတို့ က အနုပညာရှင်တွေဖြစ်တဲ့အ တွက် ရှိုးမှာဆိုရင် သီချင်းစီတာ၊ သီချင်းရွေးတာကအစ လွတ်လပ် ချင်တယ်။ ဥပမာ ပရိသတ်က တောင်းဆိုတဲ့အခါ ပရိသတ်တွေ အားပေးနေတဲ့အခါ အများကြီးဆို ပြစေချင်တယ်။ ဒါပေမဲ့ အစီအ စဉ်အတိုင်း လုပ်ရတာဖြစ်နေ တော့ မမသီချင်းနည်းနည်းပဲဆိုရ တယ်။ အားမရဘူး။ ဒါပေမဲ့ ဒီပွဲ လေးက ကိုကာကိုလာကနေ ရေ ဘေးအတွက် လုပ်တဲ့ပွဲဖြစ်တာ ကြောင့် ပရိသတ်တွေလည်း လာ အားပေးကြတယ်။ အဆိုတော် တွေလည်း အများကြီးလာဖျော်ဖြေ ပေးတယ်။ အဘက်ဘက်ကကြည့် မယ်ဆိုရင် အရမ်းပျော်ရွှင်စရာ ကောင်းတဲ့ ပွဲတော်လေးဖြစ် တယ်။ ပရိသတ်တွေကလည်း အ ရမ်းအားပေးတော့ မမပျော် တယ်။ အရမ်းလည်းအားရတယ်။ ဆယ်စုနှစ်တစ်ခုကျော်အထိ မ ပြောင်းလဲဘဲ ပရိသတ်တွေရှိတာ မမအတွက် အားပဲပေါ့နော်။

ဒီနှစ်ပိုင်းအတွင်းနဲ့ လတ်တလော မှာ ဘယ်လို အနုပညာလှုပ်ရှားမှုတွေကို လုပ်ဖြစ်နေပါလဲ။

ဒီနှစ်ပိုင်းအတွင်းမှာတော့ နယ်စတိတ်ရှိုးပွဲလေးတွေပဲ လိုက် ဆိုဖြစ်တယ်။ ကားရိုက်ဘက်တွေ မှာလည်း နည်းနည်းလျှော့လိုက် တယ်။ ဗီဒီယိုဈေးကွက်တွေ မ ကောင်းတာလည်းတစ်ပိုင်းပေါ့ နော်။ ကားရိုက်က အချိန်အရမ်း စားတယ်။ အခွေလည်းမလုပ်နိုင်၊ VCD ဆိုလည်း အချိန်တအားကြာ ပြီးမှ ထွက်တာမျိုးတွေဖြစ်တယ်။ ဒါကြောင့် မမဒီနှစ်ပိုင်းကိုတော့ သီချင်းဆိုတဲ့ဘက်ကို ပိုလုပ်ဖြစ် တယ်ပေါ့နော်။

အခုဆိုရင် ကိုလင်းလင်းက ပါတီ အောင်နိုင်ရေးပွဲတွေကို သေသေ ချာချာဆောင်ရွက်ဖြစ်တာတွေ့ရ တယ်။ မချစ်သုဝေအနေနဲ့ ဘယ် လိုအပိုင်းတွေမှာ ဆောင်ရွက်ဖြစ် နေပါလဲ။

မဲဆွယ်စည်းရုံးမှုလုပ်ငန်း တွေမှာတော့ ကိုကိုနဲ့စာရင် မမက အားနည်းသေးတာပေါ့နော်။ အခု က သုံးလေးလလောက်ကြိုလက် ခံထားတာတွေဖြစ်တဲ့၊ဖြတ်လို့မရ တဲ့၊ ရက်လုံးဝညှိလို့မရတဲ့ ကြော် ငြာတွေ၊ကားရိုက်တွေကို လုပ်ပေး ဖြစ်နေတယ်။ လာမယ့် ၁ရက်က နေ ၅ ရက်အတွင်းကိုတော့ အ ကုန်လုံးဖြတ်ထားပြီးတော့ မမဖိဖိ စီးစီးလေးနဲ့ အောင်နိုင်ရေးခရီးစဉ် လေးတွေ ထွက်မယ်။ ထားဝယ်၊ မြစ်ဝကျွန်းပေါ်ဘက်တွေ၊ ကယား ဘက်တွေထွက်ပါမယ်။ ကျန်တာ ကတော့ ဒီအတောအတွင်းမှာ ရန်ကုန်ကမြို့နယ်လေးတွေမှာပဲ လိုက်ပြီး ကိုယ့်အနုပညာနဲ့အား ဖြည့်ပါတယ်။

လာမယ့် ရွေးကောက်ပွဲနဲ့ပတ် သက်ပြီးတော့ မမပါဝင်ဆောင် ရွက်ပေးမယ့်ပါတီကို ဘယ် လောက်ထိ မျှော်လင့်ထားပါလဲ။

ရွေးကောက်ပွဲကို ဘယ်လို မျှော်လင့်လဲဆိုရင် တစ်နိုင်ငံလုံး ကတော့ ဘာမှအဖြေထုတ်စရာမ လိုအောင် အဖြေကထွက်နေပြီး သားပေါ့နော်။ မမတို့တစ်တွေက မျက်စိလည်းကောင်းတယ်။ နား တွေလည်းကောင်းတယ်။ ဦး နှောက်လည်းအတော်အတန်ဖွံ့ ဖြိုးတယ်။ စဉ်းစားတတ်တယ်။ တွေးတတ်ခေါ်တတ်တယ်။ အဲဒီ အတွက်ကြောင့်မို့လို့ ရွေးကောက် ပွဲအဖြေက ထွက်နေပြီးသား။ ဒါ ပေမဲ့ တရားမျှတပြီး စည်းစနစ်ကျ နေဖို့ကိုပဲ မျှော်လင့်ရတာပေါ့နော်။ ဒါကြောင့် မမကဒီနှစ်ကို အရေး ကြီးတဲ့နှစ်လို့မြင်တယ်။ ဘာလို့ လဲဆိုရင် ဒီနှစ်လေးကို ပြည်သူ တိုင်းက ဂရုတစိုက်လေးကို အ လေးထားပြီးတော့ ဆောင်ရွက်ပြီး တော့ မျှော်လင့်ချက်ထားတဲ့ပါတီ ကို မဲပေးရမယ့်နှစ်ပါ။ မမတို့က တော့ အခြေခံလူတန်းစားတွေ အ ဆင်ပြေစေချင်တယ်။ မမတို့ဆို ရင် Celebrities တွေ။ နေနိုင်တယ်၊ စားနိုင်တယ်၊ သွားနိုင်တယ်၊ ၀တ် နိုင်တယ်ဆိုပြီး နေနေလို့မရဘူး။ မမတို့အခြေခံလူတန်းစားတွေ အ ဆင်ပြေစေဖို့အတွက်လုပ်ရမယ်။ ဘာလို့လဲဆိုရင် မမတို့ ပရိသတ် တွေမှာ အခြေခံလူတန်းစားပရိ သတ်တွေလည်းပါတယ်။ အစုံပါ တယ်။ မမတို့ရဲ့ထမင်းရှင်တွေက ပြည်သူတွေဖြစ်တယ်။ ဒီပြည်သူ တွေအဆင်ပြေစေမယ့် အစိုးရ တစ်ရပ်ပေါ်ပေါက်လာဖို့အတွက် အထင်ဆုံးပါတီကိုတော့ မမတို့ က အားပေးရမှာပဲ။ မမရဲ့ခံယူ ချက်က ဒီလိုသဘောမျိုးလေးပါ။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တော့ ပရိသတ်တွေကို ဘာပြော ချင်ပါသေးလဲ။

အခုတစ်လောလေးကို စဉ်း စားလို့မရဘူး။ ရေရှည်အတွက် မမတို့ဖြစ်ခဲ့ပြီးသားတွေကနေစ ပြီး သင်ခန်းစာယူနိုင်ရမယ်။ အ ခြေခံဖြစ်တဲ့ ကုန်ဈေးနှုန်းလိုဟာ မျိုး၊ နိုင်ငံရဲ့ ပညာရေးတွေ တိုး တက်ဖို့ကိစ္စတွေ၊ နိုင်ငံရဲ့ကျန်းမာ ရေးတွေ တိုးတက်လာဖို့ကိစ္စတွေ ကို ဘာမှမှ မပြောင်းလဲသေးတာ။ ပညာတတ်တွေကို တန်ဖိုးထား လားဆိုတော့ မမကိုပဲကြည့်။ ဆရာဝန်လခငါးသောင်းနဲ့ ဘယ် လိုမှ မရှင်သန်နိုင်ဘူး။ ကိုယ့်မိ သားစုအတွက် အလုပ်ထွက်လုပ် ရမှာဖြစ်တဲ့အတွက် တခြားနယ် ပယ်ကို ရောက်သွားတာပဲ။ ကိုယ် ၀ါသနာပါတဲ့ နယ်ပယ်ကို ရောက် သွားတာရတာပဲ။ မမလိုပဲ မမသူ ငယ်ချင်းတွေ အရမ်းတော်တာ။ အင်္ဂလန်မှာ ဘွဲ့တွေရနေကြပြီ။ ဘာဖြစ်လို့လဲဆိုတော့ အသက် မွေးဝမ်းကျောင်းနဲ့အတူ ဘေးမှာ ဘာကပါလာလဲဆိုတော့ ဒီကိုယ့် မိသားစု စားဝတ်နေရေးဆိုတာပါ လာတယ်။ အားလုံးကစဉ်းစားတဲ့ အခါမှာ ပညာတတ်တွေကို ပညာ တတ်တွေလို မဆက်ဆံတဲ့အ တွက် နိုင်ငံအတွင်းမှာ ပညာတတ် တွေနည်းလာတယ်။ ဒါကြောင့် တိုင်းတစ်ပါးကိုသွားပြီး အားကိုးရ တယ်။ အားကိုးတယ်ဆိုတာ လည်း ပိုက်ဆံရှိဦးမှ။ အားကိုးလို့ မရတဲ့ အခြေခံလူတန်းစားတွေ အတွက် ကျန်းမာရေးစောင့် ရှောက်မှုတွေက ဘယ်မှာလဲ။ မမ တို့ဆီမှာ မိဘတွေဆိုသိတယ်။ လူကုံထံအသိုင်းအ၀ိုင်းဆိုရင် Int'l School တွေမှာထားလို့ရှိရင် ကလေးတွေကို ကျောင်းစရိတ်က ဆယ်သိန်းနဲ့သိန်းနှစ်ဆယ်ကြား မှာရှိတယ်။ ရိုးရိုးကလေးတွေက ကော။ အခြေခံလူတန်းစားကလေး တွေဆိုရင်လည်း ကျောင်းစရိတ် ကြီးတဲ့အပြင် ကျူရှင်တွေပါ ထပ် တက်ရတဲ့အတွက် ကျူရှင်စရိတ် ကကြီးတယ်။ အဲဒီတော့ ပိုက်ဆံ မရှိရင် ပညာမရသလိုဖြစ်နေ တယ်။ ဒီမှာ ပိုက်ဆံကို အပိုဝင်ငွေ စုနိုင်လားဆိုရင် ကုန်ဈေးနှုန်းနဲ့ အဆင်မပြေနိုင်ဘူး။ တစ်နေ့တစ် နေ့ ဒီကုန်ဈေးနှုန်းကို လိုက်မီနိုင် အောင် စားဖို့သောက်ဖို့ကို ကြိုး စားနေကြရတဲ့အနေအထားတစ် ခုမှာဆိုတော့ ပြောလိုက်ရင် ဂျာ အေးသူ့အမေရိုက်ဖြစ်မယ်။ အဓိ ကကတော့ အပေါ်ယံပြောင်းလဲမှု တွေပေါ့။ ခုံးကျော်တံတားတွေ၊ တယ်လီဖုန်းတွေဆိုတာ အရင်က တည်းကဖြစ်ရမယ့်ကိစ္စတွေဖြစ် တာဆိုတာကို ပြောင်းလဲပြီးသား လို့ပြောလို့မရဘူး။ အခြေခံလူ တန်းစားတွေအဆင်ပြေစေဖို့အ တွက် သူတို့ရဲ့ ကျန်းမာရေးစောင့် ရှောက်မှု၊ ပညာရေးစောင့်ရှောက် မှု၊ သူတို့အတွက် သွားလာရေး တွေ လွယ်ကူဖို့ လမ်းပန်းဆက် သွယ်ရေးဒါတွေအားလုံး အဆင် ပြေနေဖို့လိုအပ်တယ်။ အခုက မမတို့က မြန်မာပြည်လို့ နှုတ် ဆက်လို့ရှိရင် အိမ်နီးချင်းနိုင်ငံကို ပြောရင်ပြော မမတို့နိုင်ငံမှာ ရှား ရှားပါးပါးနိုဗယ်ဆုရှင်ဖြစ်တဲ့ အမေစုနာမည်ကိုပြောမှ နိုင်ငံကို သိတယ်ဆိုတော့ မဟုတ်သေးဘူး ပေါ့။ အဲဒီလိုပေါ့။ လိုနေတာတွေ အများကြီးပဲ။ ပြောရရင်တော့ မမ တို့ တိုင်းပြည်လေးကို အများကြီး ပြောင်းလဲစေချင်တယ်။ ကိုယ့်အ တွက် မဟုတ်ဘူး။ ပြောင်းလဲဖို့က တော့ ကြာမှာပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ နောက်မျိုးဆက်သစ် တစ်ဆက် စာအတွက် ဒီအချိန်မှာ သတိလစ် ပြီးတော့ ရေလိုက်ငါးလိုက်နေ မယ်ဆိုရင်တော့ နောက်မျိုးဆက် သုံးဆက်စာလောက်အထိကို မရှူ နိုင်မကယ်နိုင်ဖြစ်သွားမယ်လို့မြင် တယ်။ အဲဒီတော့ ဒီအချိန်လေးမှာ ဖိဖိစီးစီးလုပ်လိုက်မယ်ဆိုရင် မမ တို့က နောက်မျိုးဆက်တွေကို ကောင်းသောအမွေအနှစ်ကို ပေး လိုက်နိုင်မယ်ပေါ့။ အဓိကက တော့ အဲဒါပါပဲ။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top