iMyanmarHouse.com - Best Property Website for Myanmar
×













အိပ်ရေးမဝတဲ့သူများဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ဖိစီးမှုကို ခံစားလွယ်ခြင်း၊ အသံဆူညံခြင်းကို သည်းမခံနိုင်ခြင်း၊ စိတ်တိုလွယ် ဒေါသထွက်ခြင်းတို့ဟာ အသည်း မကျန်းမာခြင်းနဲ့ ဆက်စပ်နေပါတယ်။

လူတစ်ယောက်ဟာ အသည်းကျန်းမာဖို့ ပြည့်ဝတဲ့ အိပ်ချိန်ရှိဖို့ လိုပါတယ်။အသည်းဟာ ၂၄နာရီပတ်လုံး အလုပ်လုပ်နိုင်ပေမယ့် သူ့အတွက် ဆားဗစ်စင်ပြန်လုပ်ဖို့ ည(၁၁)နာရီကနေ မနက်စောစော (၃)နာရီကြား အိပ်စက်ပေးရတယ်လို့ အရင်က ဖော်ပြပေးဖူးပါတယ်။

“ ညနက်ချိန်အထိ အလုပ်လုပ်ရမယ်သူများနဲ့ မဖြစ်မနေ ညဆိုင်းဆင်း အလုပ်လုပ်ရသူ” ဖြစ်နေတာမို့ ဘယ်လိုလုပ်ရင်ကောင်းပါသလဲ? ဆိုတဲ့ မေးခွန်းကိုတော့ မိတ်ဆွေတို့ အနေနဲ့ အသည်းကျန်းမာဖို့ အသားနဲ့အဆီ လျော့ပြီး စားသုံးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်လို့ ပြောပြပါရစေ..

*အဆီဟာ အသည်းရဲ့ အဓိက ရန်သူဖြစ်ပါတယ်။ အဆီဟာ အသည်းရဲ့ လုပ်ငန်းစဉ်တွေကို ပျက်စီးစေပြီးအသည်းကို အားနည်းစေပါတယ်။အလျူမီနီယံဓာတ်ပါဝင်တဲ့ ကြာရှည်ခံအစားအစာ၊ အရောင်တင်ဆေး၊ ကြာဇံ၊ ပိုးသတ်ဆေး နဲ့ ဆေးစားမှားခြင်းဟာ အသည်းကို ပျက်စီးစေပါတယ်။ အသားနဲ့ အဆီစားသုံးမှုများခြင်းကြောင့် တရုပ်လူမျိုး ၉၀ ရာခိုင်နှုန်းလောက်ဟာ အသည်းမကောင်းကြပါဘူး။

*ဆေးဝါးဖြင့် ကုသရာတွင်လည်း ဆေးမှာ ပါဝင်တဲ့ ဓာတု ဒြပ်ပေါင်းတွေကို အသည်းက ထပ်မံ ချေဖျက်ပေးရတာကြောင့် အသည်းကို ပြန်လည်ကောင်းမွန်အောင် ပြုပြင်ဖို့ မလွယ်ကူနိုင်သလို ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

* အကယ်၍ ည အိပ်ယာဝင်ခါနီး(သို့) ညနက်ချိန်တွေမှာ ဗိုက်ဆာမယ်ဆို အသီးအနှံ စားသုံးနိုင်ပါတယ်။ အသီးအနှံတွေဟာ အစာကျေလွယ်ပါတယ် ။ အသားဟာ စားသုံးပြီး (၄)နာရီကြာမှ အူမကြီးဆီကို ရောက်လေ့ရှိပါတယ်။ အသားကိုပဲ အဆီများများနဲ့ ချက်ထားခဲ့ရင် (၁၂)နာရီကြာမှ အူမကြီးထဲကို ရောက်ပါတယ်။ ဒါ့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် အသားနဲ့ အဆီများကို မစားသုံးသင့်ပါ ။ တကယ်လို့ စားသုံးမိရင် အသည်းဟာ  အဲဒီအဆိပ်အတောက်များကို ဖယ်ရှားနေရတာကြောင့် မနားရပါ ။ မနက်စောစော အိပ်ယာထချိန် ပင်ပန်းတယ်ဆိုတာကို ခံစားရခြင်းဟာ အထက်ပါ အကြောင်းများရဲ့ရလာဒ်ကြောင့် ဖြစ်ပါတယ်။
ထို့ကြောင့် ည အိပ်ယာဝင်ခါနီးမှာ အသီးအနှံစားမယ်ဆိုရင် မနက် အိပ်ယာထတဲ့အခါ အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမယ်။

*မိုက်ခရိုဝေ့မီးဖိုဖြင့် ချက်ပြုတ်ရာတွင်လည်း ထွက်လာတဲ့ ရောင်ခြည်ဟာ အစားအစာမှာ ပါဝင်တဲ့ အဟာရဓာတ်အားလုံးကို ပျက်စီးစေလို့ ရှောင်ကျဉ်ပါ။

*အသည်းအတွက် တစ်နေ့ကို ရေ ဖန်ခွက် (၇)ခွက်ကနေ (၈)ခွက်အထိ သောက်သုံးပေးပါ။ နေထိုင်တဲ့ နေရာတိုင်းကို လေကောင်းလေသန့် ရအောင် ပြုလုပ်ထားပါ။ သံလွင်ဆီ၊ မုန်လာဥ၊ သခွားသီး၊ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ရွှေဖရုံသီး နဲ့ အရိုးပါစားနိုင်တဲ့ ငါးကလေးများဟာ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အစားအစာများ ဖြစ်တာမို့ အသည်းကျန်းမာအောင် ထိန်းထားပေးနိုင်တယ်လို့ ဒေါက်တာ တင့်ဆွေ ကျန်းမာရေးဆိုင်ရာ စာမျက်နှာမှ ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။

Credit : Yangon Life Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top