iMyanmarHouse.com - Best Property Website for Myanmar
×

ခန္ဓာကိုယ်က ထုတ်လုပ်သည့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို ရှင်းထုတ်ပစ်ခြင်းဖြင့် သွေးများကို သန့်စင်ပေးသည့် အလုပ်အပါ အဝင် အရေးကြီးသော အလုပ်များစွာကို လုပ်ဆောင်ပေးနေသော အသည်းသည် သာမန်အရွယ်အစားထက် ပို၍ရောင်ရမ်းနေခြင်းကို အသည်းကြီးခြင်း(Hepatomegaly)ဟုခေါ်သည်။

ယင်းအခြေအနေအတွက် ကုသရန် နည်းလမ်းများစွာရှိသော် လည်း အရင်ဦးဆုံး ပြဿနာ၏ရင်းမြစ်ကို ရှာဖွေဖော်ထုတ်ရန် လိုအပ်သည်။ အသည်းက သည်းခြေရည်ဟုခေါ်သော အရည်တစ်မျိုးကို ထုတ်လုပ်ပြီး ယင်းအရည်က အစားအစာမှ အဆီများကို ချေဖျက်ပေးကာ ဂလူးကို့စ်ဟုခေါ်သော သကြားဓာတ်ကို သိုလှောင်ထားသည်။ အသည်းရောင်ရမ်းရသည့် အကြောင်းရင်းပေါ် မူတည်၍ ကုသမှုခံယူပါက အသည်းရေရှည်ထိခိုက်ပျက်စီးမှု ဖြစ်နိုင်သည်။

အသည်းကြီးခြင်းမှာ သာမန်အရွယ်အစားထက် အနည်းငယ် သာ ပိုကြီးနေပါက ရောဂါလက္ခဏာများ သတိပြုမိလောက်အောင် ပြသလေ့မရှိပေ။ သို့သော် အသည်းပြင်းထန်စွာ ရောင်ရမ်းနေပါက ရင်ပြည့်နေသလို ခံစားရနိုင်ပြီး ဝမ်းဗိုက်ပိုင်းတွင် မသက်မသာ ခံစားရလေ့ရှိသည်။ အသည်းကြီးခြင်းအကြောင်းရင်းပေါ် မူတည်၍ အသားအရေ (သို့မဟုတ်) မျက်စိများ အဝါရောင်ပြောင်းနေခြင်း၊ အားအင်ကုန်ခန်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်းနှင့် ကိုယ်အလေးချိန်လျော့ကျခြင်းတို့ကဲ့သို့ လက္ခဏာများကြုံတွေ့ရနိုင်သည်။

သင်၏အသည်း သာမန်အရွယ်အစားထက် ပိုကြီးနေသလားဆိုသည်ကို စစ်ဆေးရန် ဆရာဝန်က ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုပြုလုပ်မည်ဖြစ်ပြီး ရောဂါဖြစ်ရသည့်အကြောင်းရင်းကို သိနိုင်ရန် သွေးစစ်ဆေးမှုခံရနိုင်သည်။

အသည်းကြီးရသည့်အကြောင်းရင်းများတွင် အဝလွန်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ဆေးဝါးများကြောင့်(သို့မဟုတ်)အရက်သောက် ခြင်း၊ အဆိပ်အတောက်များကြောင့် ဖြစ်ခြင်း၊ အသည်းရောင်အသားဝါရောဂါပိုးများကြောင့်ဖြစ်ခြင်း၊ ကိုယ်ခံအားစနစ် ဖောက်ပြန်မှု ကြောင့်ဖြစ်ခြင်း၊ ဇီဝဖြစ်ပျက်မှုဆိုင်ရာရောဂါကြောင့် ဖြစ်ခြင်းတို့ ပါဝင်သည်။ မျိုးဗီဇဆိုင်ရာ မူမမှန်မှုများကြောင့် အဆီ၊ ပရိုတိန်း (သို့မဟုတ်) အခြားဓာတ်ပစ္စည်းများ စုဝေးမှုဖြစ်ပေါ်လာနိုင်သည်။

အကယ်၍ အသည်းထဲတွင် ပြည်တည်နာ(သို့မဟုတ်)အကျိတ်များ ဖြစ်နေပါက သွေးစီးဆင်းမှုပြဿနာများ ဖြစ်ပေါ်
လာနိုင်သည်။ သွေးစီးဆင်းမှုပြဿနာဖြစ်လာပါက နှလုံးရောဂါကဲ့သို့ ပြဿနာများ ဖြစ်လာနိုင်သည်။ အရက်အလွန်အကျွံသောက်ခြင်းမှာလည်း အ သည်းရောဂါဖြစ်ပွားရသည့် အဓိကအကြောင်းရင်းဖြစ်သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top