iMyanmarHouse.com - Best Property Website for Myanmar
×










ဘယ်သူမှ မိမိလက်တွဲဖော်နဲ့ ရန်မဖြစ်ချင်ကြပါဘူး။ ဒါပေမယ့် တခါတရံ အငြင်းပွားမှု တစ်စုံတစ်ရာ မလွဲမသွေ ရှိတတ်ကြပါတယ်။ ပဋိပက္ခဖြစ်ပွားစဉ်၊  ဖြစ်ပွားပြီး အခြေအနေတွေမှာ မိမိခံစားနေရတဲ့ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တာကြောင့် အဲဒါတွေက မိမိကျန်းမာရေးကို ဘယ်ပုံ ထိခိုက်မှုဖြစ်စေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

အာဟာရမဖြစ်တဲ့ အလွယ်စာ စားလိုစိတ်ဖြစ်စေတဲ့ ဟော်မုန်းထုတ်ပေး
မိမိလက်တွဲဖော်နဲ့ အပြင်းအထန်ငြင်းခုံအငြင်းပွားမှုဖြစ်ခြင်းက ghrelin ခေါ် အစာစားလိုစိတ် ပုံမှန်ဖြစ်စေတဲ့ ဟော်မုန်း ပမာဏ မြင့်တက်စေကြောင်း မကြာသေးမီက လေ့လာမှုအရ သိရပါတယ်။

ရန်လိုမှု၊ ဝေဖန်ပြောဆိုခြင်း စတာတွေက ယင်းဟော်မုန်းတိုးပွားစေတဲ့ အဓိက အပြုအမူတွေဖြစ်ပါတယ်။ အဲဒီလို အပြုအမူတွေများများဖြစ်ပေါ်လေလေ၊ ghrelin ပမာဏ ပိုမြင့်တက်လာလေလို့ ဆိုပါတယ်။ ဒါ့ကြောင့် အဲဒီအချက်ကို သိရုံဖြင့် အထောက်အကူဖြစ်စေနိုင်ပါတယ်။

မိမိနှလုံးကို ထိခိုက်စေနိုင်
သုတေသီတွေက စုံတွဲတွေထဲမှာ တခါတလေ ကူညီတတ်ကြပြီး တခါတလေကျတော့လည်း စိတ်ကောက်လိုက်ဖြစ်နေတတ်တဲ့  စိတ်နှစ်ခွ ချစ်သူစုံတွဲတွေအကြောင်း လေ့လာကြည့်တဲ့အခါ သူတို့မှာ သွေးပေါင်တက်ခြင်း၊ သွေးတိုးရောဂါ နဲ့ နှလုံးရောဂါစတဲ့ ကျန်းမာရေးချို့ယွင်းမှုအန္တရာယ်ရှိနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

နောက် မိမိလက်တွဲဖော်နဲ့ ရန်ဖြစ်လိုက်ပြီဆိုရင် သင်ဟာ စိတ်ကြည်လင်မှုရရှိစေဖို့ စိတ်ဖိစီးမှု ပြေပျောက်စေဖို့ လမ်းလျှောက်ထွက်ပါ။ နောက်ပြီး အဆင်ပြေနေချိန်မှာတော့ ကျန်းမာရေးကောင်းအောင် လည်း နေထိုင်ပါ။ လေ့ကျင့်ခန်းကို ပုံမှန်လေးလုပ်ပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ ပုံမှန် စားသုံးပေးပါ။

စိတ်ကျရောဂါ စတင်ဖြစ်ပေါ်စေပြီး ကိုယ်အလေးချိန်တိုးစေနိုင်
ချစ်သူလက်တွဲဖော်နဲ့ ငြင်းခုံစကားများခြင်းက မိမိကို ဝမ်းနည်းစေတာ အံ့သြစရာမဟုတ်ပေမယ့် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေဖြစ်စေနိုင်ပါတယ်။ အိမ်ထောင်ကိစ္စမှာ စိတ်ဆင်းရဲရတာက စိတ်ကျရောဂါအဖြစ်များကြောင်း မကြာသေးမီလေ့လာမှု တစ်ခုက ဆိုပါတယ်။ စိတ်ကျရောဂါရှိကြောင်း မှတ်တမ်းရှိထားသူတွေဟာ လက်တွဲဖော်နဲ့ ငြင်းခုံရန်ဖြစ်ပြီးနောက်ပိုင်း ကိုယ်အလေးချိန် ပိုများတဲ့ အထောက်အထားလည်း ရှိပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top