iMyanmarHouse.com - Best Property Website for Myanmar
×














လိင်တူဆက်ဆံတဲ့ အမျိုးသား(Gay) တွေနဲ့ လိင်၂ မျိုးလုံးဆက်ဆံသူ အမျိုးသား(Bisexual) တွေဟာ နေပူစာလှုံတဲ့အလေ့အကျင့် များလွန်းတာကြောင့် အရေပြားကင်ဆာ ရောဂါ ဖြစ်ဖို့အတွက် ၂ ဆ အခွင့်အရေးများတယ်လို့ လေ့လာမှု အသစ်တစ်ခုက ပြသလိုက်ပါတယ်။

သုတေသီတွေရှာဖွေတွေ့ရှိခဲ့တာကတော့ လိင်တူဆက်ဆံတဲ့အမျိုးသား တွေဟာ သာမန်အမျိုးသားတွေထက် indoor tanning ဆိုတဲ့ အခန်းတွင်း အပူဒဏ်ရယူခြင်းတွေကို ပြုလုပ်ဖို့ ၆ ကြိမ် စာ ပိုများနေပြီး အရေပြားအဖုအကျိတ် နဲ့ဆိုင်တဲ့ ကင်ဆာ တွေကို ဖြစ်ပွားဖို့ ရာဇ၀င်တွေ ပိုများများ ရှိခဲ့တယ်ဆိုတာပါပဲ။

ဒါ့အပြင် လိင်တူဆက်ဆံတဲ့အမျိုးသားတွေ နဲ့ လိင် ၂ မျိုးလုံးစိတ်ဝင်စားတဲ့ အမျိုးသမီးတွေဟာ သာမန် အမျိုးသမီးတွေထက် ထက်ဝက်ခန့်ပိုပြီး အခန်းအပူဒဏ် ရယူမှု တွေကို အသုံးပြုတဲ့အတွက် အရေပြားကင်ဆာရောဂါ ဖြစ်ပွားဖို့လည်း ထက်ဝက်ခန့် အခွင့်အရေးများနေသေးတယ်လို့ ထိုလေ့လာမှု က ဖော်ပြထားပါသေးတယ်။

ဆန်ဖရန်ဆစ္စကို မှာရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ် က သိပ္ပံပညာရှင်တွေဟာ အမေရိက တစ်ဝှမ်းလုံးမှာရှိတဲ့ အမျိုးသား နဲ့ အမျိုးသမီး ၂၀၀,၀၀၀ ယောက်တို့ကို လေ့လာခဲ့တာဖြစ်ပါတယ်။ လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Sarah Arron ကတော့ ခရမ်းလွန်ရောင်ခြည်(UV) ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ဆိုးရွာစွာထိခိုက်နိုင်တယ်ဆိုတာကို အရင်ဆုံး ထောက်ပြခဲ့ပါတယ်။

"Gay တွေနဲ့ Bisexual အမျိုးသားတွေရဲ့ အရေပြားကင်ဆာ ဖြစ်ရတဲ့ အကြောင်းအရင်းဟာ အခန်းတွင်း အပူဒဏ်ရယူခြင်း(Indoor Tanning) ကြောင့်ဖြစ်ပေါ်လာတဲ့ ခရမ်းလွန်ရောင်ခြည်ထုတ်လွှင့်ခြင်းကို ရယူမှု လွန်ကဲတာကြောင့်ပဲဖြစ်ပါတယ်။ လူပေါင်းများစွာ ဟာ အထူးသဖြင့် ငယ်ရွယ်သူတွေဟာ ကျန်းမာရေးနဲ့ ဆွဲဆောင်မှု တို့ကြောင့် အပူဒဏ်ရယူမှု နဲ့ ဆက်စပ်နေပြီး ကံမကောင်းစွာပဲ ထိုအခြေအနေဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲ တွေကို ဖြစ်ပေါ်လာစေပါတယ်။" လို့ ဒေါက်တာ Sarah Arron က ဆိုပါတယ်။

အရေပြားကင်ဆာ ရောဂါဟာ အမေရိက မှာ အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်နေပြီး လူဦးရေ ၅ သန်းခန့်ဟာ ထိုရောဂါကို ကုသဖို့ ကြိုးစားနေရပါတယ်။ အရေပြားကင်ဆာရောဂါရဲ့ အဆိုးရွားဆုံးအခြေအနေဖြစ်တဲ့ အရေပြားအဖုအကျိတ် ဖြစ်ပေါ်ခြင်း(Melanoma) ဟာလည်း နေပူစာလှုံတဲ့ရာဇ၀င်တွေမှာ ၂ ဆ ပိုများတာကိုလည်း လေ့လာမှု က တဆင့်တွေ့ရှိထားပါတယ်။ ထို ရောဂါ ဖြစ်ပွားနေသူ ၃ ပုံ ၁ ပုံ ခန့်ဟာလည်း အသက် ၅၅ နှစ်အောက်တွေဖြစ်ကြတယ်လို့ လေ့လာမှု က ပူးတွဲဖော်ပြထားပါသေးတယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top