iMyanmarHouse.com - Best Property Website for Myanmar
×











တောင်ကိုရီးယားအဆို တော် IU သည် တေးရေး၊ တေးဆို ချန်းဂီဟာနှင့်ချစ်ကြိုက်နေသည် ဟူသောသတင်းများထွက်နေစဉ် ၎င်း၏တရားဝင်ဝက်ဘ်ဆိုက် Uaena ၌ ပရိသတ်များသို့ ကိုယ် တိုင်ကိုယ်ကျ ရှင်းလင်းပြောကြား မှုပြုလုပ်ခဲ့သည်။

အသက် (၂၂)နှစ်အရွယ်ရှိ ကေပေါ့ပ်စတား IU က အသက် (၃၃)နှစ်အရွယ် အဆိုတော်ချန်း ဂီဟာနှင့်ချစ်ကြိုက်နေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်းနှင့် ရေဒီယိုအစီအစဉ်တစ်ခု၌ စတင်ဆုံတွေ့ ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထား သည်။ ‘‘ကျွန်မအတွက် မြင်မြင် ချင်းအချစ်ပါပဲ။ သူ့ဆီကနေ ကျွန်မအများကြီးလေ့လာသင်ယူ ရပါတယ်။ ကျွန်မတကယ်ကျေး ဇူးတင်ပါတယ်’’ဟု IUက ပြော ကြားခဲ့သည်။

IU က ချစ်သူရှိနေပြီဟူသော သတင်းကို ထုတ်ပြောရန် အချိန် ကောင်းကိုစောင့်နေသော်လည်း ယခုတွင်မူ ဆုံးရှုံးသွားခဲ့သည်ဟု ပြောကြားခဲ့သည်။ IU နှင့် ချန်းဂီဟာတို့ချစ်ကြိုက်နေကြောင်းကို IU ၏အေဂျင်စီက အစောပိုင်းတွင်    အတည်ပြုခဲ့သော်လည်း ၎င်းတို့ချစ်သူသက်တမ်းကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။ ၎င်းတို့နှစ်ဦး ချစ်ကြိုက်နေကြောင်း Dispatch  သတင်းက အောက်တိုဘာ ၈ ရက်အစောပိုင်းတွင် ဖော်ပြခဲ့ပြီးနောက်အေဂျင်စီ၏ အတည်ပြုမှုနှင့် IU ၏ ရှင်းလင်းချက်ထွက်ရှိခြင်းဖြစ် သည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top