iMyanmarHouse.com - Best Property Website for Myanmar
×

ဆိုးသွမ်းတဲ့ အပြုအမူတွေကြောင့် အမြဲလိုလို လူငယ်ပြုပြင်ရေးစင်တာတွေကို အိမ်ဦးနဲ့ ကြမ်းပြင်ဖြစ်နေတဲ့ လူငယ်အဆိုတော် Justin Bieber ဟာ MTV Award မှာတော့ ဆုငါးဆုနဲ့ အောင်ပွဲခံခဲ့ပါတယ်။ အသက်အရွယ်နဲ့မလိုက်အောင် အောင်မြင်မှုတွေ ရယူနေနိုင်တဲ့
Justin Bieber ဟာဆိုရင် အကောင်းဆုံး အမျိုးသားအဆိုတော်ဆု ၊ လူကြည့်အများဆုံးဆု ၊ ကမ္ဘာအနှံ့ အားပေးမှုအများဆုံးဆု(မြောက်အမေရိက) ၊ ပရိသတ်အများဆုံးဆု ၊ အကောင်းဆုံး တွဲဖက်တင်ဆက်မှုဆု စတဲ့ ဆုငါးဆုကို ရရှိခဲ့တာပါ။

သူဟာဒီပွဲကို အနီရောင် တီရှပ်အရှည်တစ်ထည် ၊ အနီရောင်ဘောင်းဘီ ၊ Trainer အဖြူရောင်တို့ကို ဝတ်ဆင်ထားပြီး ထူးခြားတဲ့ ဖက်ရှင်တစ်မျိုးနဲ့ ပွဲတက်လာခဲ့တာပါ။ "ဒီလိုနှစ်မျိုးကို ရဖို့ အချိန်အကြာကြီးကြိုးစားခဲ့ရတယ်။ ကျွန်တော့်ရဲ့ ကြိုးစားမှုကို  အသိအမှတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အမေနဲ့အဖေ ၊ ပရိသတ် ၊ ဘုရားသခင် အားလုံးကို ကျေးဇူးတင်ပါတယ် ၊ ချစ်လည်းချစ်ပါတယ် " လို့ ဆုလက်ခံစကားမှာ ပြောကြားသွားခဲ့ပါတယ်။

သူဟာဆုငါးခုလုံးကို လက်ခံရယူအပြီးမှာတော့ လတ်တလောထွက်ရှိထားတဲ့ "What DO You Mean" သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။နာမည်ကြီး အဆိုတော်မလေး Taylor Swift ကတော့ အကောင်းဆုံးသီချင်းဆုတစ်ခုတည်းကိုပဲ "Bad Blood" သီချင်းနဲ့ ရရှိခဲ့ပါတယ်။

One Direction အဖွဲ့ကတော့ Best Pop ဆုကိုရခဲ့ပြီး Coldplay အဖွဲ့က Best Rock ဆုကို ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ အကောင်းဆုံး အမျိုးသမီးအဆိုတော်ဆုကိုတော့ Rihana  က ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

Credit:ThitHtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top