iMyanmarHouse.com - Best Property Website for Myanmar
×














ဟောလီးဝုဒ် သရုပ်ဆောင် Angelina Jolie ဟာ သူမအနေနဲ့ သွေးဆုံးချိန်ရောက်နေတာကို သဘောကျမိတယ်လို့ ထုတ်ဖော်ပြောပြလိုက်ပါတယ်။ People မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာတော့ Jolie က သူမအနေနဲ့ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှု ဖြစ်ပေါ်နေခြင်းနဲ့ ပတ်သက်ပြီး အဆင်ပြေတယ်လို့ ထုတ်ဖော်ပြောပြလိုက်ပါတယ်။

“ကျွန်မအနေနဲ့ သွေးဆုံးချိန်ရောက်နေတယ်ဆိုတာကို အမှန်တစ်ကယ် နှစ်သက်ပါတယ်” လို့ မင်းသမီးက ပြောပြပါတယ်။ “ကျွန်မဒါနဲ့ပတ်သက်ပြီး ကြောက်လန့်တဲ့ တုံ့ပြန်မှု မျိုးမရှိပါဘူး။ ကျွန်မ အသက်ကြီးလာတယ်လို့ ခံစားရတယ်။ အသက်ကြီးလာတာကို အသားကျနေပြီလို့လည်း ကျွန်မခံစားရပါတယ်” ဒါ့အပြင် Jolie က သူမတစ်ယောက်တည်း ခန္ဓာကိုယ် ပြောင်းလဲမှု တွေ ဖြစ်နေတာမဟုတ်ပဲ သူမရဲ့ လက်တွဲဖော် Brad Pitt ဟာလည်း ခန္ဓာကိုယ်ပြောင်းလဲမှု တွေဖြစ်နေပြီလို့လည်းဆိုပါတယ်။

“ကျွန်မ အသက် ၂၀ ၊ ၃၀ ၀န်းကျင်ပြန် မဖြစ်ချင်ပါဘူး။ ကျွန်မဟာလည်း အချိန်အကြာကြီး အသက်မရှင်ချင်တဲ့ လူတစ်ယောက်ပါပဲ။ ကျွန်မ သေခြင်းတရား ၊ ကင်ဆာ နဲ့ ဘ၀အတွက် စိတ်ပူခဲ့ရပြီးပါပြီ။ ကျွန်မ ရက်ပေါင်းများစွာ နေထိုင်ခဲ့ပြီးပြီလို့ ကျွန်မထင်တယ်။ ကျွန်မရဲ့ ဘ၀ ဟာ ကျွန်မကလေးတွေနဲ့ Brad Pitt နဲ့အတူ အသားကျနေပါပြီ” လို့ Angelina Jolie က ရှင်းပြခဲ့ပါတယ်။
သူမရဲ့ ခင်ပွန်းသည် Brad Pitt ဟာလည်း သူမရဲ့ ပြောင်းလဲမှုတွေကို လက်ခံနိုင်သလို မိန်းမ တစ်ယောက်ရဲ့ စိတ်အတွင်းပိုင်းက အလှတရားကို မြင်နိုင်စွမ်းရှိသူ တစ်ယောက်ဖြစ်တာကို သူမ သဘောကျမိတယ်လို့ Jolie က ဆိုပါတယ်။

“Brad အနေနဲ့ သူချစ်တဲ့မိန်းမတစ်ယောက် ၊ သူနဲ့ ပတ်သက်လာမယ့် မိန်းမတစ်ယောက်ဟာ စမတ်ကျပြီး ၊ လိုက်လျော ညီထွေ နေတတ်သူဖြစ်ကာ မိသားစုအတွက် ဂရုစိုက်တတ်သူတစ်ယောက်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် နဲ့ မသက်ဆိုင်ဘူးဆိုတာကို ကျွန်မ ပြတ်ပြတ်သားသားသိလာအောင် လုပ်ပြနိုင်ခဲ့ပါတယ်” လို့ Jolie က Brad Pitt နဲ့ ပတ်သက်ပြီးပြောပြခဲ့ပါတယ်။ Angelina Jolie နဲ့ Brad Pitt တို့စုံတွဲဟာ လက်ရှိ ရုံတင်ပြသနေတဲ့ “By The Sea” ဆိုတဲ့ ဇာတ်ကားမှာ အတူတကွ သရုပ်ဆောင်ထားကြပြန်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top