iMyanmarHouse.com - Best Property Website for Myanmar
×

မင်းသား၊ ဒါရိုက်တာ ဘန်အက်ဖ်ဖလက်နှင့် ကွာရှင်း ထားသည့် မင်းသမီးဂျနီဖာဂါနာ ကို အမျိုးသားတစ်ဦးနှင့်အတူ တွေ့လိုက်ရသဖြင့် အချစ်သစ် တွေ့နေပြီဆိုသော ပြောဆိုမှုများ ထွက်ပေါ်လာသည်။

ဂျနီဖာဂါနာ (၄၃)နှစ်သည် သမီးဖြစ်သူ ဆာရာဖိုင်းနှင့် ဟောလိုးဝင်းပွဲတော်သို့ သွားရောက်စဉ် အမည်မသိ အမျိုးသားတစ်ဦးနှင့် တွဲ၍ တွေ့လိုက်ရသည်။

ယင်းအမျိုးသားက ဆရာ ဖိုင်း စက်ဘီးစီးနေသည်ကို ထိန်း ကိုင်ပေးပြီး ၎င်းတို့နှစ်ဦးသည် သူ စိမ်းများကဲ့သို့ မဟုတ်ကြသဖြင့် ယင်းအမျိုးသား မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် မင်းသမီး ဂျနီဖာ ဂါနာနှင့် ဆက်ဆံရေးအခြေအနေ တို့အပေါ် လူပြောများခဲ့သည်။

ပြီးခဲ့သည့် ဇွန်လက ကွာ ရှင်းပြတ်စဲခဲ့ကြပြီး ဂျနီဖာနှင့် ဘန် အက်ဖ်ဖလက်တို့နှစ်ဦးစလုံးသည် နှစ်ယောက်တွဲ     ဓာတ်ပုံများ ရိုက်ခံနေဆဲဖြစ်သည်။ စက်တင် ဘာအတွင်း ၎င်းတို့နှစ်ဦး မာလီဘူ မြို့ စားသောက်ဆိုင်တစ်ဆိုင် တွင် ညစာအတူထွက်စားကြစဉ် မြင် တွေ့သူများ ရှိခဲ့သည်။

၎င်းတို့နှစ်ဦးသည် ကွာရှင်း ပြတ်စဲထားသော်လည်း ကောင်း မွန်သော ဆက်ဆံရေးရှိပုံပေါ်ပြီး ကွာရှင်းကြောင်း ကြေညာချိန်က သမီးဖြစ်သူ ဆာရာဖိုင်းနှင့် သား ဖြစ်သူ ဆယ်မြူရယ်တို့ကို တစ် အိမ်တည်းတွင် မဟုတ်သော် လည်း ပူးတွဲအုပ်ထိန်းမည်ဟု ဂျနီ ဖာဂါနာနှင့် ဘန်အက်ဖ်ဖလက် တို့က ပြောကြားခဲ့သည်။

လောလောဆယ်တွင် ဂျနီ ဖာဂါနာနှင့် သား၊ သမီးများ အပြင် ထွက်ရာ၌ ဘန်အက်ဖ်ဖလက် အတူလိုက်ပါခြင်းမရှိဘဲ ၎င်းရိုက် ကူးနေသော ဇာတ်ကားသစ် "Live by Nigth"ကို ရိုက်ကူးရင်း အလုပ်ရှုပ်နေသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top