iMyanmarHouse.com - Best Property Website for Myanmar
×










ရက်သတ္တပတ် တစ်ပတ်လျှင် မိနစ် (၃၀)လောက် သစ်ပင်စိုက်ခြင်း၊ ခြံအလုပ် လုပ်ခြင်းသည် ပင်ကိုယ်စိတ် ကျန်းမာရေးအပေါ် များစွာ ကောင်းကျိုးပေးနိုင်ကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

     
အင်္ဂလန် အဲဆက် တက္ကသိုလ်နှင့် ၀က်မင်စတာ တက္ကသိုလ်တို့မှ သုတေသီများက လေ့လာထားခြင်း ဖြစ်သည်။ တစ်ပတ်ကို မိနစ်(၃၀)စာ သစ်ပင်စိုက်ခြင်း၊ ခြံအလုပ်လုပ်ခြင်းသည်ပင် စိတ်ဖိစီးမှု၊ စိတ်နွမ်းလျမှုကို လျော့ကျစေပြီး ကိုယ့် ကိုယ်ကိုယ် ကျေနပ်စိတ်၊ စိတ်အားထက်သန်စိတ်၊ ကျန်းမာသောစိတ်များ ဖြစ်ပေါ်စေကြောင်း လေ့လာတွေ့ရှိခဲ့သည်။

     

အစိမ်းရောင်နဲ့ နီးစပ်သူများသည် မနီးစပ်သူများနှင့် ယှဉ်လျှင် ခန္ဓာကိုယ်လည်း ပိုကျစ်လျစ်ကြသလို၊ စွမ်းအင်လည်း ပိုထက်မြက်ပြီး၊ ဒေါသလည်းနည်း၊ စိတ်ဓာတ်လည်း ပိုခိုင်ကြည်ကြကြောင်း တွေ့ရသည်။ လေ့လာ တွေ့ရှိချက်များကို

Public Health ဂျောနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

    
 လေ့လာမှုတွင် အင်္ဂလန် အနောက်မြောက်ပိုင်းမှ လူပေါင်း(၁၃၆)ဦး ပါဝင်သည်။ ထိုလူများ၏ ပျမ်းမျှအသက်သည် (၅၆)နှစ် ဖြစ်သည်။ ခြံထဲဆင်း သစ်ပင် မစိုက်ခင် ရှေ့ရက်များတွင် ထိုသူများ၏ စိတ်အခြေအနေနှင့် ခန္ဓာကိုယ် ကျန်းမာရေး အခြေအနေကို မှတ်တမ်းတင်ထားသည်။ ခြံစိုက်ပြီးနောက်တွင် ထိုသူများ၏ ကိုယ်စိတ်အခြေအနေကို ထပ်မံ မှတ်တမ်းတင်သည်။ ထိုအခါ ဥယျာဉ်ခြံ အလုပ်ကို တစ်ပတ် နာရီဝက်လောက် လုပ်ရုံနှင့်ပင် ကိုယ်စိတ်ကျန်းမာရေး ကောင်းကျိုးများကို သိသာထင်ရှားစွာ တွေ့ရကြောင်း စစ်တမ်းက ဆိုသည်။


Credit:Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top