iMyanmarHouse.com - Best Property Website for Myanmar
×











ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ ပျောက်ကင်းလိုတဲ့ စိတ်ဇောကြောင့် ကောင်းနိုးရာရာ skin care တွေကို လက်လှမ်းမီသလောက် အားကိုးသုံးစွဲတတ်ကြပါတယ်။သို့ပေမယ့် ဘေးထွက်ဆိုးကျိုးကင်းပြီး သဘာဝကထုတ်လုပ်ထားတဲ့ skin care များဟာ ဈေးကြီးလွန်းပြီး လူတိုင်းနီးပါး လက်လှမ်းမီနိုင်မယ့် ဈေးနှုန်းနဲ့ product အများစုကတော့ chemicals တွေနဲ့ ဖော်စပ်ပြုလုပ်ထားကြတာကို တွေ့ရပါတယ်။ တစ်ခုမှာကောင်းနိုင်ပေမယ့် ကျန်တစ်ခုကို ထိခိုက်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်သလို မထိရောက်တာမျိုးကိုလည်း ကြုံဖူးကြမယ် ထင်ပါတယ်။

တကယ်တမ်း အသားအရေ၊ ကျန်းမာရေး၊ အလှအပအားလုံး အတွက် ထိရောက်အကျိုးရှိစွာ စွမ်းဆောင်ပေးနိုင်တဲ့ ကယ်တင်ရှင်လေးတွေဟာ သင်နဲ့ လက်တစ်ကမ်းမှာပဲ ရှိနေတတ်ပါတယ်။သင့်အိမ်မီးဖိုချောင်ထဲက သဘာဝအစားအစာတွေဟာ ဈေးနှုန်းသက်သာသလောက် မယုံနိုင်ဖွယ် အစွမ်းသတ္တိတွေကို ဥပါဒ်ကင်းကင်းနဲ့ ဆောင်ကျဉ်းပေးနိုင်ပါတယ်။ဒါ့ကြောင့် အဖိုးလည်းနည်း၊ အစွမ်းလည်းထက်တဲ့ ၀က်ခြံထွက်အသားအရေပိုင်ရှင်များအတွက် သဘာဝပေါင်းတင်နည်းလေးတွေကို လက်တို့လိုက်ပါတယ်နော်။

★ နွားနို့ပေါင်းတင်နည်း
☆ ပါဝင်ပစ္စည်းများ
・နို့မှုန့် - 1/4 ခွက် (32 ဂရမ်)
・ရေ - အနည်းငယ်

ဝက်ခြံအထွက်များတဲ့အခါ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရှောင်ကျဉ်ရပေမယ့် external use အတွက်တော့ အသုံးပြုနိုင်ပါတယ်။ နို့မှုန့် 1/4 ခွက် (32 ဂရမ်) ကို ရေအနည်းငယ်နဲ့ရောကာ ခရင်မ် ခပ်ပျစ်ပျစ်ဖြစ်သွားတဲ့ထိ မွှေပေးပါ။ ထိုခရင်မ်ကို မျက်နှာပေါ်မှာ သုတ်လိမ်းပြီး လုံးဝခြောက်သွားတဲ့အထိ နာရီဝက်ခန့် ထားပေးရပါမယ်။ ထို့နောက် ရေကြက်သီးနွေးလေးနဲ့ ဆေးချပေးရပါမယ်။ ဒီနည်းလေးကို ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ၀က်ခြံကင်းစင်ပြီး ၀င်းမွတ်တဲ့ မျက်နှာလေးကို ရရှိနိုင်ပါလိမ့်မယ်။

★ ငှက်ပျောသီးပေါင်းတင်နည်း
☆ ပါဝင်ပစ္စည်းများ
・ငှက်ပျောသီးမှည့် - (၁)လုံး
・လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပုရာရည် - လက်ဖက်ရည်ဇွန်း (၁)ဇွန်း
・ပျားရည် - လက်ဖက်ရည်ဇွန်း (၁)ဇွန်း
・Rolled Oats - 1/4 ခွက် (၂၁ ဂရမ်)

ငှက်ပျောသီးကို အတုံးအတစ်တွေ မကျန်တော့အောင် ညက်ညက်ကြေသွားတဲ့အထိ ကြိတ်မွှေပေးပါ။ ပျားရည်နဲ့ သံပုရာရည်ရောထည့်ပြီး သမသွားအောင် မွှေပေးပါ။ ထို့နောက် Rolled Oats ကို ထည့်ပါ။ သမသွားပြီဆိုရင်တော့ မျက်နှာတစ်ဝိုက်ကို လိမ်းကျံပေးပါ။ မိနစ်(၂၀)လောက်ထားပြီးသွားတဲ့အခါ ရိုးရိုးရေနဲ့ ဆေးချပေးပါ။ ၀က်ခြံတွေ သက်သာလာရုံသာမက ချောမွေ့တင်းရင်းတဲ့ အသားအရေကိုပါ ရရှိလာပါလိမ့်မယ်။

★ ပျားရည်၊ ရွှေဖရုံသီးပေါင်းတင်နည်း
☆ ပါဝင်ပစ္စည်းများ
・ပြုတ်ပြီးချေထားတဲ့ ရွှေဖရုံသီး - စားပွဲတင်ဇွန်း (၁)ဇွန်း
・ပျားရည် - လက်ဖက်ရည်ဇွန်း (၁)ဇွန်း
・Apple Cider Vinegar - လက်ဖက်ရည်ဇွန်း (၁)ဇွန်း

ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်လုံးတစ်လုံးထဲမှာ စုထည့်ပြီး ကျေညက်သွားအောင် မွှေပေးပါ။ အနှစ်ဖြစ်သွားပြီဆိုရင် မျက်နှာပေါ်မှာ သုတ်လိမ်းပြီး အနည်းဆုံး(၁၅)မိနစ်ခန့် ထားပေးပါ။ ထို့နောက် ရေအေးနဲ့ ဆေးချပြီး သုံးနေကျ မျက်နှာသစ်ဆပ်ပြာနဲ့ သစ်ပေးပါ။ ၀က်ခြံကင်းစင်ပြီး ချောမွေ့ကြည်စင်တဲ့ အသားအရေအလှကို ရရှိပါလိမ့်မယ်။


Credit: chelmoTeam

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top