iMyanmarHouse.com - Best Property Website for Myanmar
×














 တောင်ကိုရီးယား ယောက်ျားလေးပေါ့ပ်ရော့ခ်တေး ဂီတအဖွဲ့ F.T Island မှအဆို တော် လီဟွန်းဂီသည် ယခုနိုဝင် ဘာအတွင်း တစ်ကိုယ်တော် တေးအယ်လ်ဘမ်ထွက်ရှိမည်ဟု လီဟွန်းဂီ၏အေဂျင်စီ FNC Entertainment ကပြောသည်။

သရုပ်ဆောင်အဆိုတော် လီဟွန်းဂီသည် အနုပညာသက် တမ်း ကိုးနှစ်အကြာတွင် ပထမ ဆုံးတစ်ကိုယ်တော်တေးအယ်လ် ဘမ်ထွက်ရှိခြင်းဖြစ်သည်။ လီ ဟွန်းဂီ၏ တေးအယ်လ်ဘမ်သည်နိုဝင်ဘာလလယ်တွင် ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး အယ်လ်ဘမ်ထွက်ရှိမည့်နေ့ရက်အတိအကျကိုမူ အတည်ပြုခြင်းမရှိသေးပေ။ တေးအယ်လ်ဘမ်ထွက်ရှိမှု အတွက် ပရိုမိုးရှင်းပွဲများပြုလုပ် သွားမည်ဟုလည်း FNC Enter-tainment ကပြောသည်။

၂၀၀၉ တွင် You're Beau tiful ဒရာမာဇာတ်လမ်းတွဲ၌ လီဟွန်းဂီနှင့်အတူ ပူးတွဲသရုပ် ဆောင်ခဲ့သော သရုပ်ဆောင် မင်း သမီး ပတ်ရှင်ဟေးက လီဟွန်းဂီ ၏ တစ်ကိုယ်တော်အယ်လ်ဘမ် တေးဂီတဗီဒီယို၌ ပါဝင်သရုပ် ဆောင်ရန် သဘောတူထားသည် ဟုသိရသည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top