iMyanmarHouse.com - Best Property Website for Myanmar
×

သင့်အသားအရေဟာ အဆီပြန်တဲ့အသားအရေမျိုး မဟုတ်ပဲ ခြောက်သွေ့တဲ့ အသားအရေမျိုးဆိုရင်တော့ ဆောင်းတွင်းရောက်ပြီဆိုတာနဲ့ ကိုယ့်အသားအရေကို ပိုဂရုစိုက်ကြရပြီပေါ့။ ဘယ်လိုးရှင်းလေးကောင်းသလဲ၊ ဘယ်ခရင်မ်ကိုတော့ဖြင့် ရွေးသင့်သလဲဆိုတာမျိုးလည်း စုံစမ်းရတာ မောနေလောက်ပြီနော်။ ဒီတော့ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် ဆောင်းတွင်းရာသီမှာ ဘယ်လိုအဆင်ပြေအောင် ဂရုစိုက်ရမလဲဆိုတာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေများများသောက်ပါ။     

ရေများများသောက်ပေးခြင်းဟာ သင့်အသားအရေကို စိုပြေစေတယ်ဆိုတာ အထူးပြောနေစရာတောင် မလိုတော့ပါဘူး။ ဒီတော့ လိုးရှင်းတွေ၊ ခရင်မ်တွေချည်း စွတ်လိမ်းနေမယ့်အစား သင့်အနေနဲ့ ရေသောက်ပေးတာမျိုးကို လည်း အသားအရေအတွက် လုပ်ဆောင်ပေးနိုင်ပါတယ်။

၂။အိမ်တွင်းအပင်စိုက်တာမျိုးလေးတွေ လုပ်ပါ။

သင့်အိပ်ခန်းအ၀နားလေးမှာ၊  ဒါမှမဟုတ် ၀ရံတာလိုနေရာမျိုးမှာ စိမ်းစိမ်းစိုစိုလေးနဲ့ လှနေတဲ့ ပန်းပင်လေးတွေ အလှစိုက်တာမျိုးကလည်း သင့်အသားအရေအတွက် ကောင်းမွန်စေတာပါပဲ။ ဒါက တိုက်ရိုက်ကြီး မဟုတ်တောင် သင့်အခန်းအတွင်းက လေထုအနေအထားကို ပြောင်းလဲစေပြီး သင့်အသားအရေကျန်းမာအောင် တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ပါတယ်။

၃။လိုးရှင်းတွေအစား သဘာဝအဆီတစ်မျိုးမျိုးကို ရွေးချယ်လိမ်းပါ။

အသားအရေအတွက် အထူးထုတ်ထားတဲ့ လိုးရှင်းတွေ အများကြီးရှိပေမယ့် သင့်အသားအရေအတွက် ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အရာမျိုးကို ပိုရွေးချယ်သင့်ပါတယ်။ သဘာဝသစ်ဥသီဖုတွေက ရတဲ့အဆီတွေဟာလည်း သင့်အသားအရေအတွက် အထူးသင့်လျောပါတယ်။ သံလွင်ဆီလိုအဆီမျိးတွေကလည်း အထူးကောင်းမွန်တာမို့ မွှေးရနံ့တွေ သင်းကြိုင်အောင် အထူးထုတ်ထားတဲ့ လိုရှင်းမျိုးနဲ့စာရင် ဒီလို သဘာဝအဆီမျိုးကို ပိုရွေးချယ်သင့်ပါတယ်။

၎။ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ။

ရေသောက်သလိုပဲ အစားအစာတစ်ခုခု စားတောမယ့်ဆို ရေဓာတ်ကြွယ်ဝသလားဆိုတာ တွေးကြည့်လိုက်ပါ။ ဥပမာ သခွားသီး၊ ပန်းဂေါ်ဖီ၊ စပျစ်၊ ပန်းသီး၊ ထောပတ်သီးစတဲ့အသီးတွေကို စားပေးဖို့ လိုပါတယ်။

၅။moisturizer မလိမ်းခင် toner သုံးပေးသင့်ပါတယ်။

အလှအပ စိတ်ဝင်စားသူတွေအတွက် toner သုံးဖို့ကတော့ အထူးညွန်းနေစရာ မလိုတော့ပါဘူး။ ဒီတော့ သင်မျက်နှာသစ်ပြီး တစ်ခုခုလိမ်းတော့မယ်ဆိုတာနဲ့ toner အရင်ခံပြီးမှသာ moisturizer ဒါမှမဟုတ် ခရင်မ်စတာတွေကို လိမ်းပါ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top