iMyanmarHouse.com - Best Property Website for Myanmar
×










တစ်ဦးနဲ့တစ်ဦး ချစ်သူတွေဖြစ်မလာခင်မှာ ဒီလိုမျိုး ချစ်သူတွေဖြစ်လာအောင် တွန်းအားပေးတတ်တဲ့ အခြေအနေတွေ များစွာရှိတတ်ပါတယ်။ ဒီအခြေအနေပေါ်မူတည်ပြီးတော့မှသာ တစ်ဦးနဲ့တစ်ဦး ပိုမိုနီးစပ်ကာ ချစ်သူဘ၀ကို ရရှိလာတတ်တာပါ။ အဲ့ဒီအခြေအနေတွေက ဘာတွေများဖြစ်မလဲ ကြည့်ကြရအောင်။

(၁) စိတ်သဘောထားတွေ၊ နောက်ကြောင်းရာဇဝင်၊ ကိုယ်ရေးကိုယ်တာ အရည်အချင်းများ ထပ်တူညီမှုရှိခြင်း

(၂) နေရာဒေသနီးစပ်ခြင်း

(၃) ကိုယ်ရေးအချက်အလက်နဲ့ ရုပ်အသွင်သဏ္ဍာန် ဆင်တူမှုရှိခြင်း

 (၄) အပြန်အလှန်ချစ်ခင် တွယ်တာမှု

 (၅) အလိုလိုက်ပေးခြင်း

(၆) ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နှိုးဆွပေးခြင်း

(၇) လူမှုရေး သြဇာအရှိန်အဝါ၊ စံနှုန်းနဲ့ အသိုင်းအဝိုင်း ကြားလူတွေရဲ့ အားပေးထောက်ခံမှု

 (၈) ချစ်သူရဲ့ အသံ၊မျက်လုံးအစုံ၊ အပြုအမူ အနေအထားများ ဂရုစိုက်တတ်ခြင်း

 (၉) သမီးရည်စားဘဝအတွက် အဆင်သင့်ဖြစ်နေခြင်း

(၁၀) နှစ်ယောက်တည်း သီးခြားရှိနေနိုင်တဲ့ အခွင့်အလမ်းရရှိခြင်း

အနေနီးခြင်း

 သာမာန်အခြေအနေကနေ ချစ်သူတွေဖြစ်လာဖို့ဆိုတာ အနေနီးခြင်းက အများကြီး အထောက်အကူဖြစ်စေပါတယ်။ ပြီးတော့ ကိုယ်နဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းကလူနဲ့ ကိုယ်နဲ့ချစ်သူဖြစ်လာဖို့ အခြေအနေပိုများတတ်ပါတယ်။ အဲ့ဒီအထဲကမှ ကိုယ်နဲ့ပိုနီးစပ်တဲ့၊ ပိုနီးကပ်တဲ့သူတွေကသာ ကိုယ်နဲ့ရည်းစားဖြစ်လာဖို့ ပိုအခြေအနေရှိလာတာပေါ့။ ကောလိပ်ကျောင်း အဆောင်တွေမှာ ဘယ်သူတွေက မိတ်ဆွေဖြစ်လာကြလဲ။ ဆင်တူမှုရှိတဲ့ လူတွေလား။ မဟုတ်ပါဘူး။

နီးကပ်စွာ နေထိုင်သူတွေ သာဖြစ်ပါတယ်။ အခြေခံ အချက်အလက်က ဘာလဲ။ မြင်သာတဲ့အချက်တစ်ခုက မကြာမကြာ တွေ့ဆုံဖို့လိုပါတယ်။ ဈေးကွက်စီးပွားရေးမှာ မကြာခဏ တွေ့ဆုံခြင်း အလွန်အရေးပါကြောင်း ဈေးကွက်အရောင်းသမားတွေ ပိုင်ပိုင်နိုင်နိုင်သိထားကြသလို အချစ်ရှာနေသူတွေလည်း ဒီအကြောင်းကို လေ့လာထားသင့်ပါတယ်။ မြင်မြင်ချင်းချစ်တာ ၁၁% ရာခိုင်းနှုန်းသာဖြစ်တဲ့ ကိစ္စဖြစ်ပြီး မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ဖြစ်တာများပါတယ်။

 အချစ်ကို လိုက်ရှာနေပါသလား။ သင့်အချိန်ကို ဘယ်နေရာမှာ အသုံးချနေလဲဆိုတာ စဉ်းစားပါ။ ပုံမှန်သွားနေကျနေရာတွေက ဘယ်နေရာတွေလဲ။ သင်ချိန်းတွေ့ချင်နေတဲ့ လူများ အဲဒီမှာရှိသလား။ သင့်တစ်နေ့တာ အချိန်ရဲ့ ၉၉% ရာခိုင်နှုန်းကို အလုပ်နဲ့ အိမ်မှာသာ ကုန်ဆုံးစေတယ်ဆိုရင် ခုချိန်မှာ သင်တစ်ယောက်တည်းဖြစ်နေတာ အံ့သြစရာတော့မဟုတ်ပါဘူး။

 အကျင့်စရိုက်

သဘောကောင်တဲ့သူ၊ ဥာဏ်ကောင်းတဲ့သူနဲ့ ပျော်ပျော်နေတတ်ပြီး သူတို့ကို စိတ်ပျော်ရွှင်အောင် လုပ်ပေးတဲ့ သူတွေကို လူတွေက ကြိုက်နှစ်သက်ကြတယ်။ နောက် ဆန့်ကျင်ဘက် အကျင့်စရိုက်ကို ပြောကြမယ်။ စိတ်ထဲမှာ ဘာကို နှစ်သက်သဘောကျသလဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အများကြီးရှိခြင်းဟာ သင်တစ်စုံတစ်ယောက်နဲ့ လက်တွဲဖို့၊ လက်မတွဲဖို့ သိရှိစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

ထပ်တူကျခြင်း

ဆန့်ကျင်ဘက်လိင်ဆွဲဆောင်မှု။ ဒါပေမဲ့ ဒီအချက်က အားလုံးနဲ့တော့ ကူညီမှာမဟုတ်ပါဘူး။ တစ်ယောက်ယောက်နဲ့ သိကျွမ်းလာတဲ့အခါ သူ့မှာရှိတဲ့ ကိုယ်နဲ့ ဆင်တူမှုကို အလေးထားပေးခြင်းဟာ ကောင်းမွန်တဲ့ အကြံအဥာဏ်တစ်ခုဖြစ်ပါတယ်။

စိတ်ကို နှိုးဆွပေးခြင်း

 အကျိုးသက်ရောက်မှုဖြစ်စေတဲ့ ဘယ်လိုအခြေနေမျိုးမဆို ချစ်ကြိုက်မိဖို့ အခွင့်အလမ်းပိုများပါတယ်။ တကယ်တော့ ဘယ်အရာက ကျွန်တော်တို့ကို စိတ်ခံစားချက်ဖြစ်စေလဲဆိုတာ ကျွန်တော်တို့ သေသေချာချာမပြောတတ်ကြပါဘူး။ မှန်းပြီးတော့ပဲ ပြောကြရတယ်။ စိတ်ပိုင်းဆိုင်ရာ နှိုးဆွပေးတဲ့အခါမှာ ကျွန်တော်တို့အချင်းချင်းကြားမှာ ချစ်တယ်ဆိုတဲ့ အတွေးရောက်သွားစေမယ့် အလားအလာရှိပါတယ်။

အလှအပ

 တစ်စုံတစ်ယောက်က သင့်ကို ချစ်မိသွားအောင် ဘယ်လိုလုပ်ရမှာလဲ။ သင့်မှာဆွဲဆောင်မှုရှိနေရင်တော့ အကူအညီဖြစ်စေမှာပါ။ သင့်ကိုယ်သင် လှအောင် ပြင်ဆင်ပါ။ အနည်းဆုံးကြည့်ကောင်းနေအောင်တော့ နေထိုင်သင့်ပါတယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top