iMyanmarHouse.com - Best Property Website for Myanmar
×

လူ့ခန္ဓာကိုယ်တွင် ကျောက်ကပ်တစ်စုံရှိပြီးယင်းလက်သီးဆုပ်အရွယ်အင်္ဂါများသည် ကျောရိုးမကြီး၏
တစ်ဖက်တစ်ချက်စီတွင် နံရိုး များအောက်ခြေ၌ တည်ရှိသည်။ ကျောက်ကပ်များက ခန္ဓာကိုယ်အ တွက် လုပ်ဆောင်ပေးသောလုပ်ငန်းစဉ်များစွာရှိပြီး ယင်းလုပ်ငန်းစဉ်များအနက် အရေးအကြီးဆုံးမှာ ခန္ဓာကိုယ်ထဲရှိ ဘေးထွက်ပစ္စည်း များ၊ ပိုလျှံသောရေနှင့် သွေးထဲမှ အခြားမသန့်ရှင်းသောအရာများကို စစ်ထုတ်ပေးသည်။ ယင်းဘေးထွက်ပစ္စည်းများကို ဆီးအိမ်ထဲ၌ သို လှောင်ထားပြီး နောက်ပိုင်းတွင် ဆီးအဖြစ် ခန္ဓာကိုယ်မှ စွန့်ထုတ်ပစ် သည်။

ထို့ပြင် ကျောက်ကပ်များကခန္ဓာကိုယ်ထဲရှိ ရေဓာတ်ပမာဏ၊ဆားဓာတ်ပမာဏနှင့်ပိုတက်ဆီယမ်ပမာဏ
တို့ကို ထိန်းညှိပေးသည်။ကျောက်ကပ်များက သွေးပေါင်ကို ထိန်းညှိပေးပြီး သွေးနီဥထုတ်လုပ်မှုကို ထိန်းချုပ်ပေးသောဟော်မုန်းများကိုထုတ်လုပ်သည်။အရိုးများတည်ဆောက်ရန်နှင့် ကြွက်သားများ
လုပ်ဆောင်ချက်ကို ပြောင်းလဲရန် ခန္ဓာကိုယ်အတွက် ကယ်လ်ဆီယမ်စုပ်ယူနိုင်မှုကို အ ထောက်အကူပြုသည့် ဗီတာမင်ဒီပုံစံတစ်မျိုးကိုလည်း ကျောက်ကပ် များက စတင်ဖြစ်ပေါ်စေသည်။

သွေးထဲမှ ဘေးထွက်ပစ္စည်းများကို ကျောက်ကပ်များကထိထိ ရောက်ရောက်မဖယ်ရှားနိုင်တော့သည့်အခါ
 ကျောက်ကပ်ပျက်စီး နိုင်သည်။ခန္ဓာကိုယ်ထဲတွင် ဘေးထွက်ပစ္စည်းများစုပုံလာပါက သေဆုံးခြင်းအပါအဝင်
 ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်လာ နိုင်သည်။ယင်းအခြေအနေတွင် ကျောက်ကပ်အသစ် အစားထိုး ကုသ ခြင်း (သို့မဟုတ်) သွေးကို ဆေးပညာဆိုင်ရာနည်းလမ်းဖြင့် စစ်ထုတ်သန့်စင်ခြင်း ပြုလုပ်နိုင်သည်။သွေးတိုးရောဂါကြောင့် ကျောက်ကပ်များ၏အလုပ်လုပ်ရ သောအပိုင်း
ကို ဖိအားဖြစ်စေနိုင်သောကြောင့် သွေးတိုးရောဂါမှာ ကျောက်ကပ်များအတွက် အန္တရာယ်ရှိသည်။
နောက်ထပ် အဖြစ်များသော ကျောက်ကပ်ရောဂါတစ်မျိုးမှာ ကျောက်ကပ်ကျောက်တည်ခြင်းဖြစ်သည်။

သွေးထဲရှိသတ္တုဓာတ်များနှင့်အခြားပစ္စည်းများ ကျောက်ကပ်ထဲတွင်အစိုင်အခဲများဖြစ်လာပြီးယင်းကျောက်များ
မှာ ဆီးနှင့်အ တူ ပါသွားလေ့ရှိသည်။သွေးကို အမှန်တကယ် စစ်ထုတ်ရသောအလုပ်ကို လုပ်ဆောင် ရသည့်အပိုင်းတွင် ရောဂါပိုးကြောင့်၊ မွေးရာပါမူမမှန်မှုများကြောင့်၊ကိုယ်ခံအားစနစ်ရောဂါတို့ကြောင့်
 ရောင်ရမ်းမှုဖြစ်နိုင်သည်။

ဆီးလမ်းကြောင်းတွင် ရောဂါပိုးဝင်ခြင်းကို မကုသဘဲထားပါ က ရောဂါပိုးများ ကျောက်ကပ်များသို့ ပျံ့နှံ့သွားနိုင်ပြီး ကျောက်ကပ် ပျက်စီးနိုင်သည်။
ဆီးအိမ်နှင့် ဆီးပြွန်တို့တွင် ရောဂါပိုးဝင်ခြင်းမှာ အဖြစ်များ သောရောဂါဖြစ်သည်။

Credit : 7Day Daily



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top