iMyanmarHouse.com - Best Property Website for Myanmar
×









 ကော်ဖီက ကမ္ဘာတစ်ဝှမ်းလုံး နှစ်ခြိုက်စွာ သောက်သုံးနေကြတဲ့ သောက်စရာ အရည်တစ်မျိုး ဖြစ်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ဓာတ်တွေရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကိုလည်း စမ်းသပ် ရှာဖွေလျက် ရှိကြဆဲ ဖြစ်ပါတယ်။ ယနေ့ထက်တိုင် တွေ့ရှိထားတဲ့ အချက်အလက်တွေ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ကောင်းကျိုးများ

        
 ၁။ ကော်ဖီက ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို မြှင့်တင်ပေးပါတယ်။ ကိုယ်လက် လေ့ကျင့်ခန်း မလုပ်ခင် တစ်နာရီခန့် အလိုမှာ ကော်ဖီကြမ်း (black coffee) တစ်ခွက် သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ် အတွက် ပိုမိုကောင်းမွန် စေပါတယ်။

        
၂။ ကော်ဖီက ၀ိတ်ကျစေနိုင်ပါတယ်။ ၎င်းက အဆီပိုများကို ဖြိုခွဲနိုင်လို့ ဖြစ်ပါတယ်။

        
၃။ ကော်ဖီက သင့်ကို နိုးကြားတက်ကြွစေပါတယ်။ နေ့စဉ် ကော်ဖီ ပုံမှန် သောက်သုံးပေးခြင်းက စိတ်ကျန်းမာရေး အခြေအနေကို မြှင့်တင်ပေးပါတယ်။

        
 ၄။ ကော်ဖီက ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပါတယ်။ လေ့လာတွေ့ရှိချက် တစ်ခုအရ ကော်ဖီက ယောကျာ်းတွေမှာ ဖြစ်တတ်တဲ့ ဆီးကျိတ် ကင်ဆာကို (၂၀) ရာခိုင်နှုန်းလျှော့ချပြီး မိန်းမတွေမှာ ဖြစ်တတ်တဲ့ သားအိမ် ခေါင်းကင်ဆာကို (၂၅) ရာခိုင်နှုန်း လျှော့ချပေးပါတယ်တဲ့။

       
 ၅။ ကော်ဖီက လေဖြတ်နိုင်ချေကိုလည်း လျော့နည်းစေပါတယ်။ တစ်နေ့ကို ကော်ဖီ နှစ်ခွက်မှ လေးခွက် အထိ သောက်သုံးပေးခြင်းဖြင့် ကာကွယ် နိုင်ပါတယ်။

        
၆။ ကော်ဖီက ဦးနှောက်ကို ကာကွယ် ပေးပါတယ်။ သွေးကြောထဲမှာ ကဖင်းဓာတ် ရှိနေခြင်းက အယ်ဇိုင်းမား ရောဂါကို ကာကွယ် ပေးပါတယ်။

ဆိုးကျိုးများ

       
 ၁။ ကော်ဖီကို မနက်စောစော အိပ်ယာထထချင်း အစာမစားရသေးခင် မသောက်သင့်ပါဘူး။

       
 ၂။ ကော်ဖီကို တစ်နေ့ထဲ အလွန်အကျွံ သောက်ရင် အသက် အန္တရာယ် ရှိနိုင်ပါတယ်။

        
၃။ ကော်ဖီက အိပ်မပျော်တဲ့ ရောဂါကို တွန်းအား ဖြစ်စေပါတယ်။ သင်ဟာ ညဘက် အိပ်မပျော်တတ်တဲ့ ရောဂါရှိသူဆိုရင် ကော်ဖီကို အလွန်ဆုံး လေးခွက်ထက် ပိုမသောက်သင့်ပါဘူး။

       
 ၄။ ကိုယ်ဝန်ဆောင် တစ်ယောက်အနေနဲ့ တစ်နေ့ကို ကော်ဖီတစ်ခွက်ထက် ပိုမသောက်သင့်ပါ။ ၎င်းက သန္ဓေသားလောင်းကို ထိခိုက်စေနိုင်ပါတယ်။

       
 ၅။ သင့်မှာ ကိုလက်စထရော (cholesterol) ရှိလျှင် ကော်ဖီကို အနည်စစ် ထုတ်ပြီးမှသာ သောက်သုံးသင့်ပါတယ်။


Credit :Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top