iMyanmarHouse.com - Best Property Website for Myanmar
×

ယနေ့ခေတ် စူပါစတားတွေအတွက် အလှအပနဲ့ပတ်သက်လို့ ခေတ်မီအသုံးအဆောင်တွေ၊ ထူးဆန်းတဲ့နည်းစနစ်တွေဟာ အချိန်တိုင်း ပေါ်ထွက်နေပေမယ့် နည်းပညာပိုင်း၊ ဆေးပညာပိုင်းမထွန်းကား သေးတဲ့ ဟိုးအရင်ခေတ်တုန်းက စူပါမင်းသမီးကြီးတွေကတော့ လှပဖို့အတွက် ကိုယ်တိုင်ကြိုးပမ်းရပါတယ်။ တစ်ခေတ်တစ်ခါက ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသမီးတွေဖြစ်တဲ့ မာရီလင်မွန်ရိုး၊ အော်ဒရေဟက်ဘန်း၊ ရီတာဟေဝေါ့သ်၊ အဲလိဇဘက် တေလာစသူ တွေဟာ ကိုယ်တိုင်တီထွင်တဲ့နည်းတွေနဲ့ ဘယ်လိုလှပအောင် လုပ် သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ချောမွေ့တောက်ပြောင်ပြီး ကြွေရုပ်လေးလို မျက်နှာဖြစ်ဖို့အ တွက် မျက်နှာပေါ်က မွေးညင်းတွေရိတ်ပစ်တဲ့နည်းကို အဲလိဇဘက် တေလာက အမြဲတမ်းလုပ်လေ့ရှိပါတယ်။ ဒီလိုရိတ်ပစ်ခြင်းအားဖြင့် အရေပြားဆဲလ်သေတွေနဲ့ မွေးညင်းတွေပျောက်သွားပြီး အောက်ခံ မိတ်ကပ်လေးလိမ်းလိုက်တဲ့အခါ ဝင်းမွတ်တဲ့မျက်နှာလေး ပိုင်ဆိုင် စေလို့ပါတဲ့။

နှုတ်ခမ်းလေးတွေ ဖူးဖူးလေးနဲ့ ဆွဲဆောင်မှုရှိဖို့အတွက် နှုတ် ခမ်းနီကို အလွှာလိုက်ပုံဖော်ဆိုး လေ့ရှိသူကတော့ မာရီလင်မွန်ရိုး ပါ။ နှုတ်ခမ်းဆိုးဆေး အရောင်အနုအရင့်အလိုက် ငါးမျိုးလောက်သုံးပြီးတော့ကို နှုတ်ခမ်းသားအလှ ဆုံးပုံစံဖြစ်တဲ့အထိ ပြင်ဆင်လေ့ရှိ ပါတယ်။ စူးရှတောက်ပတဲ့မျက်လုံးအလှကြောင့် နာမည်ကြီးတဲ့ မင်းသမီးကြီး အော်ဒရေဟက်ဘန်းကတော့ နက်မှောင်ထူထဲတဲ့ မျက်တောင်လေးတွေ ပိုင်ဆိုင်ဖို့အတွက် မျက်တောင်တုကို ပင်အပ်လေး တစ်ခုသုံးပြီး သဘာဝမျက်တောင်လိုဖြစ်အောင် ပြင်ဆင်ပြီးမှ မျက်တောင်ကော့ဆေး ထူထူလေးတင်လိုက်တဲ့ ပုံစံမျိုး လုပ်လေ့ရှိပါ တယ်။

မင်းသမီး ဗီဗီယန်လေးကတော့ နှုတ်ခမ်းထူထူလေးဖြစ်ဖို့အတွက်နှုတ်ခမ်းသားအပြင်ဘက်ထိကို နှုတ်ခမ်းလိုင်နာဆွဲပြီးမှ ဆိုးလေ့ရှိတဲ့ အတွက် နဂိုကတည်းက နှုတ်ခမ်းထူထူလေးရှိနေသယောင် ထင်ရစေပါတယ်။ မင်းသမီး ကယ်ရိုးလွန်ဘာ့ဒ်ကတော့ ကားအက်ဆီးဒင့် ဖြစ်ပြီး နှာခေါင်းအနည်းငယ်စောင်းသွားတာကြောင့် အလှပြင်တဲ့ အခါ နှာတံပေါ်ကို အဖြူလိုင်းတစ်ခုဆွဲပြီး နှာခေါင်းပုံစံ လှနေအောင် ပြင်ဆင်ခဲ့ပါတယ်။

မိုနာကာ မင်းသမီး ဂရေ့စ်ကယ်လီကတော့ မေးရိုးမြင့်တာကို မသိသာအောင်မေးရိုးအောက်ဘက်နားကို အရောင်ရင့်သုံးပြီး အရိပ်ဖော်ပြင်ဆင်လေ့ရှိပါတယ်။ မင်းသမီးကြီးရီတာဟေး ဝေါ့သ်ရဲ့ အနီရောင်ဆံပင် ကောက်ဒီဇိုင်းကတော့ လူကြိုက်များပြီး သူကတော့ ဆံပင်နဲ့ပတ်သက်လို့ နေ့စဉ်လိုလို ဂရုစိုက်တတ်သူပါ။ ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်ကို ဆီလိမ်းပြီး တဘက်နဲ့ မိနစ် ၂၀ လောက်ထုပ်ထားပြီးရင် ဦးရေပြားနဲ့ ဆံသားပေါ်က ဆီတွေဖယ်ရှားပစ်ဖို့အတွက် သံပရာရည်နဲ့ ရေနွေးရောထားတဲ့ ရေနဲ့လျှော်လေ့ရှိပါတယ်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top