iMyanmarHouse.com - Best Property Website for Myanmar
×

ဟိုးအရင်ကတည်းက လူတွေက ရေနွေးကြမ်းကို ခုံခုံမင်မင် နှစ်ခြိုက်စွာ သောက်သုံးခဲ့ကျပါတယ်။သူ့ မှာရှိတဲ့တန်ဖိုးတွေ ဆေးဖက်ဝင်မှု့ တွေကို သတိမထားမိသေးခင်ကတည်းကပါ။သိပ္ပံပညာရှင်များက ယနေ့ ခေတ်နှောင်းပိုင်းမှသာ လေ့လာမှု့ တွေပြုလုပ်လာကျတာပါ။ဟုတ်ကဲ့ လက်ဖက်ရည်ကြမ်းသောက်ခြင်း မှရရှိသော အကျိုးဆန်း ၅ ချက်ကို အောက်မှ ဖော်ပြလိုက်ရပါတယ်။

(၁)သွေတိုးရောဂါကို လျော့ချပေးခြင်း
တရုတ်ပညာရှင်တွေရဲ့ လေ့လာချက်အရ လက်ဖက်ရည် ကြမ်းကို ပုံမှန်သောက်သုံးပေးပါက သွေးဖိအားကို လျော့ကျစေပါတယ်။လေ့လာချက် မှတ်တမ်းအ၇ တစ်နေ့ ကို ၁၂၀မီလီ လီတာ နဲ့အထက်သောက်သုံးပေးသူတွေက ၄၆%
၆၀ဝမီလီ လီတာ အထက် သောက်သုံးပေးပါက ၆၅% သွေးတိုးခြင်းကို လျော့ချပေးနိုင်ပါတယ်။

(၂)ကိုလက်စရော ကို လျော့နည်းစေခြင်း
အမေရိကန် ကျန်းမာရေးစာစောင် အရလက်ဖက်ရည် သောက်သုံးခြင်းဖြင့် သွေးအတွင်းမှ ကိုလက်စရော များကို လျော့နည်းစေပြီး လိုအပ် သလို ထိန်းညှိပေးစေနိုင်ပါသည်။

(၃)ရုတ်တရတ် နှလုံးရပ်ခြင်း
လက်ဖက်ရည်ကြမ်း သောက်သုံးသူများသည် မသောက်သုံးသူများထက် ပို၍နှလုံး ရုတ်တရက် ၇ပ်ခြင်းဖြစ်နိုင်ခြေနည်းပါးပါတယ်။

(၄)ကင်ဆာ ဖြစ်နိုင်ခြေကိုလျော့ချပေးခြင်း
လက်ဖက်ရည်ကြမ်း သောက်သုံးပေးခြင်းဖြင့်လည်း ကင်ဆာဖြစ်ပွားမှု့ ကိုလျော့နည်းစေပါသည်။လက်ဖက်ရည် ထဲရှိ ပိုလီဖီနို သည် ကင်ဆာဖြစ်စေသောဆဲလ်များကို သေစေသကဲ့သို့ ၎င်းတို့ ၏ကြီးထွားမှု့ ကိုလည်း နှေးကွေးစေပါတယ်။

(၅)အလေးချိန် လျော့ကျစေခြင်း
လူတိုင်းနီးပါး မိမိတို့ ခန္ဓာကိုယ်ရှိအဆီပိုတွေကို မရှိစေချင်ကျပါဘူး။လက်ဖက်ရည် ထဲပါတဲ့ဓါတ်ကလည်း အဆီကျစေပါသတဲ့ 

ကျွန်မတို့ နေ့ စဉ်ဘဝမှာ လက်ဖက်ရည်ကြမ်းလေး တစ်နေ့ တစ်ခွက် သောက်သုံးပေးခြင်းဖြင့် ကျန်းမာ သောနေ့ ရက်များကို တည်ဆောက်ကျပါစို့ ။

Credit : Ayesay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top