iMyanmarHouse.com - Best Property Website for Myanmar
×














Stockholm မြို့ Karolinska Institute က ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ၊ သုတေသနပညာရှင်တွေဟာ လေ့လာမှု မှာပါဝင်သူတွေကို ဒရမ်ရိုက်တံ တစ်ချောင်းနဲ့ စည်းချက်ရိုက်ခိုင်းရင်း ဥာဏ်ရည်ဥာဏ်သွေးစမ်းသပ်တဲ့ မေးခွန်းပေါင်း ၆၀ ကို ဖြေဆိုခိုင်းခဲ့ပါတယ်။ အဆိုပါလေ့လာမှုမှာ  စည်းချက်ကျကျ အကောင်းဆုံး ရိုက်နိုင်သူတွေဟာ မေးခွန်းတွေမှာ အမှတ်ပိုများနေတာကို တွေ့ ရှိခဲ့ရပါတယ်။

Karolinska Institue က ပရော်ဖက်ဆာ Frederic Ullen က လူတစ်ယောက်ရဲ့ဥာဏ်ရည်ဥာဏ်သွေး၊ စည်းချက်ကျကျရိုက်နိုင်မှုနဲ့ လူတစ်ယောက်ရဲ့ဦးနှောက်တွင်းက အခက်အခဲ၊ပုစ္ဆာတွေကိုဖြေရှင်းမှုအတွက် လုပ်ဆောင်တဲ့ဦးနှောက်ရဲ့အစိတ်အပိုင်းတို့ အကြားမှာ ဆက်စပ်မှုရှိနေတယ်လို့ ဆိုပါတယ်။

Oxford တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့လေ့လာမှုမှာလည်း၊ ဂီတသမားအများစုဟာ တူရိယာတီးခတ်နေစဉ်မှာ ဦးနှောက်တွင်းကနေ နာကျင်မှုကို သက်သာစေတဲ့ အန်ဒိုဖင်းဟော်မုန်းထွက်ရှိပေးပြီး၊ သာမန်လူတွေထက် ထိုဟော်မုန်း ပိုများနေတာကို တွ့ ရှိခဲ့ရပါတယ်။ ဒီဟော်မုန်းကြောင့် ဂီတသမားတွေဟာ နာကျင်မှုကိုခံနိုင်ရည် ပိုမြင့်ပြီး ပိုမိုပျော်ရွှင်နေတတ်ကြတယ်လု့ ဆိုပါတယ်။

ဒါတင်မကသေးဘဲ Harvard က သုတေသနပညာရှင်တွေရဲ့ လေ့လာမှုမှာလည်း ဒရမ်မာတွေမှာ တခြားသူတွေနဲ့ မတူညီတဲ့ ဇီဝကမ္မဖြစ်ပျက်မှုနာရီဇယား၊ အိပ်စက်နေချိန်နှလုံးခုန်နှုန်းနဲ့  အကြားအာရုံပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်မှုတွေရှိကြောင်း တွေ့ ရှိခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top