iMyanmarHouse.com - Best Property Website for Myanmar
×

ကြက်ဥအနှစ်ကို ကိုလက်စထရောများတယ်ဆိုပြီး လူတွေကရှောင်လေ့ရှိပါတယ်။သို့ ပေမယ့် မကြာသေးမီကပြုလုပ်ခဲ့တဲ့သုတေသနအရ ကြက်ဥအနှစ်မှာပါတယ့်ကိုလက်စထရောဟာ သွေးတွင်းရှိ မကောင်းတဲ့ကိုလက်စထရောတွေကိုမြင့်တက်စေတယ်ဆိုတာ မဟုတ်ဘူးဆိုပြီးရှာတွေ့ ခဲ့ပါတယ်။

ရှာဖွေတွေ့ ရှိချက်အရ ကြက်ဥအနှစ်မှာ ဗီတာမင်များနှင့်သတ္ထုဓာတ်များအပါအ၀င် ဆားဓာတ်ပါ အများအပြားပါဝင်နေပါတယ်။ဒါ့အပြင် လူတင်းနှင့် ဇီယာဇီသင်းခေါ် အင်တီအောက်ဆင့်ဒင့်တွေပါလို့ 
မျက်စိရောဂါများဖြစ်တဲ့ အတွင်းတိမ်နှင့် အသက်ကြီးလာလို့ ဖြစ်တတ်တဲ့မြင်လွှာနဲ့ ဆိုင်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

လေ့လာချက်များအရ ကြက်ဥတစ်လုံးစားလိုက်ပါက တော်ရုံနဲ့ အစာထပ်မဆာတော့သည့်အပြင် ပရိုတင်းဓါတ်လည်းများပြားစွာပါဝင်နေတာကြောင့်ကိုယ်အလေးချိန်ချသူတွေအတွက် ကြက်ဥကိုပုံမှာစားသုံးခြင်းဖြင့်လည်းဝိတ်ကျစေနိုင်ပါတယ်။

Credit : Health Digest

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top