iMyanmarHouse.com - Best Property Website for Myanmar
×

စိတ်မပူပါနဲ့- ဘ၀ဆိုတာ အမြဲ ပြောင်းပြန်ဖြစ်မနေပါဘူး။အိမ်ထောင်နဲ့ပြတ်စဲပြီးကာစ အမျိုးသမီး တစ်ယောက်အနေနဲ့ ဘ၀ဆိုတာ ထူးဆန်းနေသလိုခံစားရတတ်ပါတယ်။ တစ်ယောက်တည်းဖြစ်သွားတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ ငွေရေးကြေးရေးပိုင်းဆိုင်ရာမှာပါ အပြောင်းအလဲတွေ အများကြီးကြုံလာရတဲ့အပြင် စိတ်ခံစားချက်တွေကလည်း မတည်မငြိမ် အတက်အကျမျိုးစုံကြုံရတတ်ပါတယ်။ ကွာရှင်းပြတ်စဲလိုက်ရလို့ အသည်းကွဲသလို ခံစားရပြီး မကြာခင်ပဲရှေ့ဆက်လို့မှကောင်းကွက်မရှိနိုင်တဲ့ အိမ်ထောင်ရေးကနေ လွတ်မြောက်လာတယ်လို့ ခံစားရပြန်ပါတယ်။ ပြီးတော့ ဒီလိုခံစားရတာကို အပြစ်ရှိသလို ခံစားရပြန်ပါတယ်။ကွာရှင်းပြီးစ အမျိုးသမီးတွေပဲ နားလည်နိုင်တဲ့ ရုန်းကန်ရတဲ့ အချက်တွေရှိပါတယ်။ အဲ့ဒါတွေကတော့

(၁)ရူးများရူးသွားတော့မလားလို့ပူပန်တတ်ခြင်း
ဒေါသထွက်ခြင်း၊နေမထိထိုင်မသာဖြစ်ခြင်း၊အရင်အချိန်က မတွေးဘူးတဲ့ အတွေးတွေ ၀င်လာခြင်း စတဲ့ ခံစားချက်တွေ ဖြစ်တတ်ပါတယ်။

(၂)သေကြောင်းကြံလိုသော အတွေးတွေ တဒင်္ဂ၀င်လာခြင်း
အရာအားလုံးကိုပိုပြီးကောင်းအောင် လုပ်နိုင်မယ့်နည်းလမ်းတစ်ခုကို စိတ်ကတောင့်တနေပြီး ရှာဖွေနေတဲ့သဘောပါ။ ဒီအတွေးက အဖြေရှာမရနိုင်တဲ့အတွေးတွေထဲက တစ်ခုပါ။(တဒင်္ဂမဟုတ်ဘဲ အမြဲတွေးနေမိရင်တော့ တစ်ယောက်ယောက်နဲ့စကားပြောကြည့်သင့်ပါတယ်။)

(၃)အပြစ်ရှိသလိုခံစားရခြင်း
ဘယ်လိုအကြောင်းကြောင့်ပဲ ကွာရှင်းပြတ်စဲသည်ဖြစ်စေ စိတ်ထဲမှာ အပြစ်ရှိသလိုခံစားရတတ်ပါတယ်။ အနည်းဆုံး ဒီလိုလူမျိုးနဲ့မှ ဘာလို့လက်ထပ်ဖြစ်ခဲ့ပါလိမ့်လို့တွေးပြီးခံစားရတတ်ပါတယ်။

(၄)မိမိကိုယ်မိမိပြန်ရှာဖွေရသလိုခံစားရခြင်း
ဒီအချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်သူဆိုတာသေချာမသိသလိုဖြစ်နေတဲ့အတွက် ထိတ်လန့်ရတဲ့အချိန်မျိုး ဆိုပေမဲ့ပြန်ရှာဖွေတွေ့ရှိတာကပျော်စရာအစစ်ဖြစ်မှာပါ။

(၅)အရာအားလုံးကိုအော်ဟစ်ပစ်ချင်တဲ့ စိတ်ကိုအဖြေရှာခြင်း
အရင်လိုနှစ်ယောက်စာဝင်ငွေ၊သားသမီးအရေးနဲ့အိမ်တွင်းရေး တိုင်ပင်ဖော်ဆိုတာမရှိတော့ဘဲ ကိုယ်တစ်ယောက်တည်း အားနဲ့အရာအားလုံးကို ဖြေရှင်းရတဲ့တာဝန်တွေ ပိုလာမှာဖြစ်ပါတယ်။

(၆)အထီးကျန်နာကျင်မှုဝေဒနာခံစားရခြင်း။
ခင်ပွန်းကို ဆုံးရှုံးရရုံသာမက သားသမီး၊မိတ်ဆွေ၊သူငယ်ချင်းတွေရဲ့ပစ်ပယ်ခြင်းခံရသလိုပါ ခံစားရတတ်ပါတယ်။

(၇)ခင်ပွန်းဟောင်းနဲ့ အဆက်အသွယ်ပြန်လုပ်ရတဲ့အတွက် အဆင်မပြေဖြစ်ခြင်း။
ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီးတာနဲ့ ကင်းကင်းရှင်းရှင်းဖြစ်သွားစေချင်ပေမဲ့ သားသမီးကိစ္စ၊စီးပွားရေးကိစ္စတွေကြောင့် မဖြစ်မနေပတ်သက်ရတာတွေရှိတဲ့အတွက် စိတ်မသက်မသာဖြစ်ရတတ်ပါတယ်။

(၈)လက်တွဲဖော်အသစ် ရှာဖို့ မ၀ံ့မရဲဖြစ်ခြင်း။
 နောက်တစ်ကြိမ်အသည်းကွဲမှာ စိုးရိမ်စိတ်နဲ့အတူ စိတ်လှုပ်ရှားမှု၊ စူးစမ်းလိုမှုတွေနဲ့ စိတ်ထဲမှာ ပဋိပက္ခတွေဖြစ်နေတတ်ပါတယ်။   

အမှန်တော့ ကွာရှင်းပြတ်စဲတယ်ဆိုတာ တကယ့်ကို မလွယ်ကူပါဘူး။ ကိုယ်တိုင်မကြုံဖူးဘဲနဲ့လည်း ဒီခံစားချက်တွေကို နားလည်ပေးနိုင်ဖို့ခဲယဉ်းပါတယ်။ ဒီလိုအချိန်မျိုးမှာ တစ်ယောက်တည်း အထီးကျန်ပြီး စိတ်ဆင်းရဲစရာတွေပဲကြုံနေရတယ်လို့ ခံစားနေရရင် လုံးဝစိတ်ဓာတ်မကျပါနဲ့။ ပိုကောင်းမွန်လှပတဲ့ ဘ၀တစ်ခြမ်းဆိုတာ ရှိပါသေးတယ်။ ဒါကြောင့် ဒီအတိုင်းမနေဘဲ ဆက်ကြိုးစားသွားပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top