iMyanmarHouse.com - Best Property Website for Myanmar
×









 မိမိလက်တွဲဖော်နဲ့ တစ်အိမ်တည်းနေတဲ့အပြင် တစ်ရုံးတည်း တစ်ခန်းထဲမှာ အလုပ်ပါအတူ တွဲလုပ်တာမျိုးက ပျော်ရွှင်မှု ထပ်တူရရှိစေနိုင်ကြောင်း လေ့လာမှု အသစ်တစ်ရပ်မှ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် အိမ်ထောင်သည်များ စိတ်ပျော်ရွှင်မှု အကျိုးရလဒ်များရရှိဖို့ မခဲယဉ်းတော့ပါ။

စိတ်ပျော်ရွှင်မှုနဲ့ ပတ်သက်လာရင် လူငယ်စုံတွဲတွေ အထူးသဖြင့် အမျိုးသမီးများက အိမ်ထောင်ပြုတဲ့အခါ လူ့အသိုင်းအဝိုင်းထဲ ဝင်ဆံ့ကြကြောင်း အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်မှ လေ့လာမှုအရသိပါတယ်။

၂၀၀၀ ခုနှစ်များအတွင်း စုစည်းထားတဲ့ ဒေတာတွေအသုံးပြုကာ သုတေသီတွေက တစ်ကိုယ်ရေတစ်ကာယ လူငယ်အမျိုးသမီးတွေဟာ ရိုမန်တစ်ဆန်တဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်နဲ့ အတူတွဲလုပ်ရတဲ့အခါ စိတ်သောကဖြစ်မှု လျော့နည်းကြကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သို့သော် ချစ်သံယောဇဉ်စဖြစ်တဲ့အချိန်ကနေ အတူတွဲလုပ်တဲ့လူငယ်တွေဟာ အမျိုးသားရော အမျိုးသမီးပါ နောက်လိုက်တွဲဖော်ရသွားသည်ဖြစ်စေ၊ အိမ်ထောင်ပြုဖြစ်သွားသည်ဖြစ်စေ ပိုမိုကောင်းမွန်တဲ့ချက်ခံစားချက် ထပ်တူရရှိကြတယ်။

အဲဒီလေ့လာတွေ့ရှိချက်က ယနေ့ခေတ်လူငယ်တွေကြား အိမ်ထောင်ပြုခြင်းအခန်းကဏ္ဍကို အမျိုးတဖုံပြောင်းလဲစေကြောင်း Sara Mernitz က ဆိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top