iMyanmarHouse.com - Best Property Website for Myanmar
×

ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးခံစားမှု က ဘာလဲလို့မေးရင် ကိုယ်အလေးချိန်မကျတဲ့ ခံစားမှုဆိုတဲ့အဖြေကို လက်ခံကြမလား။ အမျိုးမျိုးကြိုး စားပေမယ့် ကိုယ်အလေးချိန်မကျ ရတဲ့ အဓိကအကြောင်းရင်းတွေ ရှိတာမို့ သိထားရအောင်လို့ ဖော် ပြပေးလိုက်ပါတယ်။

ဓာတ်စာဆိုတာရဲ့နောက် ကွယ်မှာ အဆီတွေ၊ ကယ်လိုရီ တွေ ကပ်ပါလာနေတယ်ဆိုတာ သတိပြုမိသူနည်းပါတယ်။ မနက် စာကို အဆီလျှော့ ဒိန်ချဉ်၊ ကွေ ကာ၊ အသီးအရွက်သုပ် စတာ တွေစားတဲ့အခါမှာ သကြားထည့် မိရင်တော့ အချိုတွေမသိမသာစု သွားပြီး တင်၊ ပေါင်တံနဲ့ ဗိုက်တွေ မှာ အဆီတွေတက်လာပါတယ်။ သကြားမပါဘူးဆိုတဲ့ အချိုရည် တွေမှာ အချိုဓာတ်အတုတွေ သုံး ထားတာမို့ အစာမကြေစေတဲ့အ ပြင် အူလမ်းကြောင်းကိုပါ ဒုက္ခ ပေးနိုင်ပါသေးတယ်။

အစားလျှော့စားရင် ကိုယ် အလေးချိန်ကျသွားမှာပဲတွေးပြီး မနက်စာမစားဘဲနေတဲ့အခါ ဗိုက် အဆာလွန်ပြီး နေ့လယ်စာတွေ ပိုစားမိတာမျိုးကနေလည်း ဝိတ် တက်စေပါတယ်။ နောက်တစ်ချက်ကတော့ ခန္ဓာကိုယ်အတွက် လို အပ်တဲ့ ရေပမာဏကိုမသောက် တာကြောင့်လည်း ဖြစ်တတ်ပါ တယ်။ အစာမစားခင် ရေသောက် တာဟာ အစားအရမ်းစားတာကို ထိန်းချုပ်လိုက်သလိုဖြစ်ပြီး ကယ် လိုရီပမာဏကိုလည်း လျှော့ချ လိုက်သလို ဖြစ်စေပါတယ်။

သုတေသနပြုချက်တွေအရ ညအချိန်တွေမှာ လုံလောက်တဲ့ အိပ်ချိန်မရှိတဲ့အခါ ဆာလောင် စေတဲ့ ဟော်မုန်းတွေထွက်လာပြီး အစာစားချင်စိတ်တွေဖြစ်လာလို့ ကိုယ်အလေးချိန်တက်လာဖို့ပဲ ဖြစ်လာပါတယ်။ ဒီတော့ ကနေ့ တိုင်း အစားတွေအများကြီးမစား မိအောင် အိပ်ချိန်ကို ခုနစ်နာရီ၊ ရှစ်နာရီလောက်ယူဖို့လိုပါတယ်။

ဝိတ်တက်စေတဲ့နောက်တစ် ချက်ကတော့ အသားဓာတ်လုံ လောက်အောင် မစားတာကြောင့် လည်းပါသလို စိတ်ဖိစီးမှု၊ ဆီးချို ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ သွေးတိုးရောဂါတွေကြောင့် သောက်ရတဲ့ ဆေးတွေကြောင့် လည်း ကိုယ်အလေးချိန်များစေ တယ်လို့ ဆိုပါတယ်။ သိုင်းရွိုက် ဂလင်းပုံမှန်အလုပ်မလုပ်တဲ့အခါ အဆီတွေကို     ခြေဖျက်ပေးတဲ့ ဟော်မုန်းထုတ်လုပ်မှုကို ထိခိုက်စေတာကလည်း ဝိတ်များစေတဲ့ အချက်တစ်ချက်ပါ။

သစ်သီးဖျော်ရည်တွေ ခဏ ခဏသောက်တာနဲ့ ချိုလွန်းတဲ့အ သီးတွေ အစားများရင်လည်း ကယ်လိုရီတွေတက်ပြီး ကိုယ်အ လေးချိန်တိုးနိုင်သလို ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းမလုပ်တာ ကလည်း ဝိတ်မကျရတဲ့အချက် တွေထဲ ပါဝင်ပါတယ်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top