iMyanmarHouse.com - Best Property Website for Myanmar
×

တစ်နေ့ကို ကော်ဖီ ၅ ခွက်သောက်သုံးခြင်းဟာ သင့်ကို ရင် တထင့်ထင့် ဖြစ်နေစေမှာပါ။ ဒါပေမယ် လည်း ဒီအမူအကျင့်ဟာ သင့်ရဲ့ ဘ၀ ကိုကယ်တင်ပေးနိုင်ပါတယ်။

လေ့လာမှု အသစ်တစ်ခုက ဖော်ပြလိုက်တာကတော့ ကော်ဖီ ပုံမှန် သောက်သုံးသူတွေဟာ ကော်ဖီ မသောက်တတ်သူတွေထက်စာရင် နှလုံးရောဂါ ၊ ဆီးချို သွေးချို ရောဂါ တို့ ကြောင့် သေဆုံးနိုင်ချေ နည်းတယ်ဆိုတာပါပဲ။ ဖြည့်စွက်ပြောရမယ်ဆိုရင်တော့ တစ်နေ့ကို ကော်ဖီ ၄ ခွက် (သို့) ၅ ခွက် သောက်သုံးခြင်းဟာ စောစီးစွာ သေဆုံးနိုင်ချေ နည်းစေတယ်ဆိုတာကိုလည်း လေ့လာမှု က ရှာဖွေတွေ့ ရှိခဲ့ပါသေးတယ်။

ကော်ဖီသောက်သုံးသူတွေဟာ  အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ၊ ဆီးချိုသွေးချို ၊ နျူမိုးနီးယား ၊ တုပ်ကွေး ၊ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်း စတဲ့ စောစီးစွာ သေဆုံးစေမှုတွေကိုလည်း ဖြစ်နိုင်ချေ နည်းပါးသွားစေပါတယ်။ "ကော်ဖီဟာ ဇီဝဗေဒ သဘောအရ လှုပ်ရှားမှုပြုနိုင်တဲ့ ကွန်ပေါင်းတွေဖြစ်တဲ့ ဖီနောလစ် အက်ဆစ် ၊ ပိုတက်ဆီယမ် နဲ့ ကဖိန်း တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။" လို့ အမျိုးသားကင်ဆာဌာန ရဲ့  ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Erikka Loftfield က ဆိုပါတယ်။

သုတေသီတွေဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ကင်ဆာရောဂါမရှိတဲ့ လူဦးရေ ၉၀၃၁၇ ယောက်တို့ရဲ့  ကဖိန်းမှီဝဲမှု နဲ့ အခြား ကျန်းမာရေး အချက်အလက်တွေကို ရယူပြီး ဒီသုတေသန ကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလေ့လာမှုကိုတော့ American Journal of Epidemiology မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top