iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၅ကို နှုတ်ဆက်ပြီး နှစ်သစ်တစ်ခုကို ရှေ့ဆက်ရတော့မယ် သူတွေဆီမှာ ၂၀၁၅တုန်းက မလုပ်ခဲ့ရတာတွေ၊ ဒါမှမဟုတ် အဲ့ဒီတုန်းက ပြင်ဆင်ရမယ့် အမှားတွေကို ၂၀၁၆မှာ အဆင်ပြေပြေလုပ်ဆောင် သွားနိုင်အောင် နှစ်တစ်ခုရဲ့ အဆုံးမှာ အဖြေရှာလေ့ရှိပါတယ်။ ဒီလိုအဖြေရှာပြီး လုပ်ဆောင်သွားရမယ့် အချက်တွေထဲမှာ ကျန်းမာရေးအတွက် မဖြစ်မနေ လုပ်ဆောင်သွားရမယ့် အချက်တွေ ရှိပါတယ်။ အဲ့ဒီအချက်တွေကို ၂၀၁၆ခုနှစ်မှာ မပျက်မကွက် လုပ်ဆောင်သွားရင်း ကျန်းမာတဲ့ဘ၀တွေကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားကြည့်ရအောင်။

၁။ သွားသန့်ရှင်းရေလုပ်ပါ။
အိပ်ခါနီးသွားသန့်ရှင်းရေလုပ်ခြင်းဟာ ခံတွင်းကျန်းမာရေးအတွက် မဖြစ်မနေလုပ်ဆောင်သင့်တဲ့ အရာတွေပါ။ သွားကြားမှာ ညပ်နေတတ်တဲ့ အညစ်အကြေးတွေကို ကြိုးလေးနဲ့ ညတိုင်း မပျင်းမရိ သန့်စင်ပေးယ်ဆိုရင် သင်ဟာ သွားဆရာဝန်ထံသွားရတဲ့ အကြိမ်ရေ လျော့နည်းလာမှာ အမှန်ပါပဲ။

၂။ရေပိုသောက်ပါ။
တစ်နေ့တာအတွက် ရေဘယ်ောလက်သောက်ရမယ်ဆိုတဲ့ အကြောင်း အားလုံးသိပြီးဖြစ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ၈အောင်စဖန်ခွက်တွေနဲ့ ရေကို သေချာသောက်မယ်ဆိုရင် ဒါဟာ ဂါလံဝက်နဲ့ ညီမျှသလို ၂လီတာနဲ့လည်း ညီမျှပါတယ်။ ဒါပေမယ့် ရေကို ပိုသောက်ချင်ရင် သောက်လို့မရဘူးလားလို့ မေးစရာရှိပါတယ်။ သောက်လို့ရပါတယ်။ သင်ဟာရေပိုသောက်နိုင်လေ ပိုကျန်းမာလေပါပဲ။ ရေသောက်ခြင်းရဲ့ ကောင်းကျိုးဟာ ခန္ဓာကိုယ်အတွင်းရော အပြင်ပါ သက်ရောက်တာကြောင့် ရေကိုများများသောက်ပေးပါ။

၃။လှေကားထစ်တွေကို မကြောက်ပါနဲ့။
ဓာတ်လှေကားတွေ၊ စက်လှေကားတွေကို အမြဲအသုံးပြုပြီး လှေကားကို ရှောင်နေဖို့ မလိုပါဘူး။ လှေကားတက်တာဟာ အနည်းဆုံး သင့်ခန္ဓာကိုယ်ထဲက အဆီတွေကို လောင်ကျွမ်းသွားစေတယ်ဆိုတာ မမေ့ပါနဲ့။

၎။အစားစားနေချိန် တခြားအလုပ်တွေ လုပ်ခြင်းမျိုး ရှောင်ပါ။
ထမင်းစားရင်းနဲ့ အင်တာနက်သုံးတာ၊ တစ်ခါတစ်လေ ရုပ်ရှင်ကြည့်နေရင်း အာလူးကြော်တွေ တစ်ထုပ်ပြီးတစ်ထုပ် စားမိနေတာ စတာတွေဟာ သင့်ကျန်းမာရေးအတွက် ကောင်းကျိုးလုံးဝမရှိပါဘူး။

၅။မတ်တပ်များများ ရပ်ပေးပါ။
ကျန်းမာရေးသုတေသီတွေရဲ့ အပြောအရ အမြဲတမ်း ထိုင်နေတတ်တဲ့သူဟာ ဆေးလိပ်သောက်တတ်တဲ့သူနဲ့ သိပ်မကွာပါဘူးတဲ့။ အခုနောက်ပိုင်းမှာ ကင်ဆာရောဂါတွေကလည်း အမျိုးမျိုး၊ နှလုံးရောဂါ၊ အဆီပိတ်တာ စတာတွေဟာ ထိုင်ရာက မထတတ်တဲ့ သူတွေ ပိုအဖြစ်များကြပါတယ်။ ဒီတော့ တစ်နေ့ကို အနည်းဆုံး တစ်နာရီလောက်တော့ မတ်တပ်ရပ်ပေးသင့်ပါတယ်။ ရုံးမှာဆိုရင်လည်း အိမ်သာထသွားတာ၊ ရေထသောက်တာ၊ လှုပ်လှုပ်ရှားရှားနေပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

၆။မနက်စာမစားပဲ မနေပါနဲ့။
မနက်စာ မစားပဲ နေခြင်းဟာ နှလုံးကျန်းမာရေးကို ထိခိုက်စေပါတယ်တဲ့။ ဒီတော့ နေ့တစ်နေ့ကို စတင်တော့မယ်ဆိုရင် တစ်ခုခုတော့ အရင်ဆုံး စားဖြစ်အောင် စားလိုက်ပါ။

၇။ရေနွေးကြမ်းသောက်ပါ။
ကော်ဖီထက် သင့်ကျန်းမာရေးအတွက် ပိုသင့်တော်တာက ရေနွေးကြမ်းပါ။ ကော်ဖီထက် ဈေးပိုသက်သာတာမို့ တစ်နေ့ကို တစ်ခွက်လောက်တော့အ နည်းဆုံး သောက်သုံးသင့်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top