iMyanmarHouse.com - Best Property Website for Myanmar
×

ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ် စတေးပ်စ်တင်တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး မကြာသေးခင်က သရုပ်ဆောင်နှစ်ဦးကြား အထင်လွဲမှုတွေ ဖြစ်ပေါ်စေခဲ့တာ အနုပညာရေးရာကို စိတ်ဝင်စားတဲ့ ဖေ့စ်ဘွတ်ခ် သုံးသူ တော်တော်များများ သတိထားမိကြမှာပါ။ ခိုင်သဇင်ယုဝါဘက်က တင်လိုက်တဲ့ စတေးတပ်စ်တစ်ခုကို အကြောင်းပြုပြီး တစ်ဖက်က သရုပ်ဆောင်တစ်ယောက်ရဲ့ ပရိသတ်တွေကြောင့် မျှော်လင့်မထားတဲ့ အကျိုးဆက်တွေ ဖြစ်ပွားခဲ့ပြီး အနုပညာရှင်နှစ်ဦးကြား အထင်လွဲမှားမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ပါတယ်။ အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ခိုင်သဇင်ယုဝါကို တွေ့ဆုံမေးမြန်းကြည့်ဖြစ်တဲ့အခါ

-ဖေ့စ်ဘွတ်ခ်မှာ စာတင်တဲ့ အကြောင်းလေးနဲ့ပတ်သက်ပြီး အထင်လွဲမှုတွေဖြစ်ပွားခဲ့တယ်ပေါ့။ တစ်ဖက်ကတော့ ပြန်ရှင်းထားတာကိုလည်း တွေ့ရတယ်။ အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ ပထမဆုံး ပြောပြပေးပါ။

ညီမက အစကတည်းက ဘယ်သူ့ကို မှရည်ရွယ်ပြီး ရေးခဲ့တာ မဟုတ်ပါဘူး။ အဲ့ဒါကို ဘလိုင်းကြီးဖြေရှင်းထားတာတွေ့ရတော့ ယုဝါ ဘာဖြေစရာရှိမှာလဲပေါ့။ ရှင်းပြပါသေးတယ်။ ဒါပေမဲ့ fan ကွာတယ်လေ။ ယုဝါအစကည်းက Fan မရှိဘူး။ ဘာကြောင့်လဲဆိုတော့ အစကတည်းကလဲ သရုပ်ဆောင် မလုပ်ဘူး။ ကိုယ့်ဟာကို ရပ်တည်တယ်။ ဒါကြောင့်မို့ fan ကွာတာကို သိတယ်။ ဒါပေမဲ့ ပရိသတ်ချစ်တဲ့ မင်းသမီးကရေးလိုက်တဲ့ Status ဆိုတော့ ပရိသတ်တွေ အားလုံးက သူ့ဖက်ကပါမယ် ဆိုတာကို သိပါတယ်။ ကိုယ်ချစ်ရင် ကိုယ်ချစ်တဲ့သူဖက်ကအမှန်ပဲ။ အဲ့ဒါကြောင့်ယုဝါဖြေရှင်းလဲမထူးတော့ဘူး။ ယုဝါမှန်တာ ယုဝါသိတယ် ။ ယုဝါဘာလုပ်လဲဆိုတာလဲ တချို့သိတဲ့သူတွေက သိကြတယ်။ ဖျက်ခဲ့တဲ့ အထိလဲ post တွေတစ်ခုမှကို edit မလုပ်ခဲ့ဘူး။ ဘယ်သူ့ကို မှ ထိခိုက်အောင်ရေးထားတာမဟုတ်တဲ့အတွက် ဘယ်သူ့ကို မှ hide လုပ်စရာမလိုဘူး။ ဒါကြောင့်မို့ဘယ်သူ့ကို မှ ပုတ်ခတ်ပြီးရေးတာ မဟုတ်ဘူး။ နောက်တစ်ခုက ယုဝါကိုယ်တိုင်အနုပညာလုပ်နေတာဖြစ်တဲ့အတွက် ဒီအနုပညာလောကကို ထိခိုက်ပြီးပြောစရာအကြောင်းမရှိပါဘူး။ ယုဝါအဓိကပြောချင်တာက ပိုက်ဆံရှိလူတန်းစားတွေ ယုဝါကြုံတွေ့ခဲ့ရတဲ့ ပိုက်ဆံရှိ လူတန်းစားတွေမှာ တချို့က စိတ်ထားအရမ်းကောင်းတာလဲရှိတယ်။ တချို့က အရမ်းလူမှုရေးကောင်းတဲ့သူတွေရှိတယ်။ တချို့က အရမ်းမောက်မာတဲ့သူတွေလဲ ရှိတယ်။ အမျိုးမျိုးပေါ့။ တချို့ကကျတော့ ကြွားတယ်။ ယုဝါတွေ့ဖူးတဲ့ လူတန်းစားတွေပေါ့။ ဖြစ်ချင်တော့ အဲ့ဒီရက်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင်ပြသနာတွေ တိုက်ဆိုင်ပြီးတော့ ယုဝါ အမြဲတမ်းစာရေးပါတယ်။ ယုဝါဖေ့စ်ဘွတ်ခ်ကို ပုံမှန်ကြည့်နေတဲ့သူတွေ သိပါတယ်။ အရှေ့မှာလဲ ပိုက်ဆံရှိသူတွေနဲ့ပတ်သက်တဲ့ post တွေကို share တယ်။ စာတွေရေးတယ်။ ဒါတောင်မှ ဖေ့စ်ဘွတ်ခ်မှာမတင်ပဲ notes ထဲမှာပဲချရေးထားတဲ့ စာတွေအများကြီးရှိပါသေးတယ်။ ယုဝါကိုယ်တိုင်လဲ အနှိမ်ခံခဲ့ရတယ်။ အရမ်းကို အားငယ်ရတယ်။ သိမ်ငယ်ရတယ်။ ဒါပေမဲ့ ယုဝါကြိုးစားတယ်။ ကိုယ့်ဒူးကိုယ်ချွန်တယ်။ ဒါပေမဲ့ ဒီကြားထဲမှာမှ ကိုယ့်ကို လာပြီး ဖိနှိပ်တဲ့သူတွေရှိတယ်။ ဆိုတော့ ယုဝါအမှန်အတိုင်းပြောရရင် ကိုယ်ချင်းစာတယ်။ ဘေးပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေအကုန်လုံးကယုဝါနဲ့အဖြစ်ချင်းတူတယ်။ အဲ့ဒါကြောင့် Feeling တောင် ပညာရဆိုပြီးရေးထားတာပါ။ ယုဝါရေးထားတဲ့စာထဲမှာ ဘယ်သူ့ကို မှပုပ်ခတ်ပြီးရေးထားတာမပါဘူး။ သေချာတာကတော့ branded တွေ အများကြီးကိုင်တာ မြန်မာပြည်မှာအများကြီးရှိတယ်။ မျက်နှာပြင်ထားတာလဲ အများကြီးရှိတယ်။ ယုဝါကိုယ်တိုင်လဲ မျက်ရစ်ခွဲထားတာပဲ။  နာမည်တပ်ပြီးလဲယုဝါမပြောထားဘူး။ နောက်တစ်ခု တိုက်ဆိုင်တာတစ်ခုက ယုဝါဖေ့စ်ဘုတ်မှာ Status တင်ပြီးနောက်ပိုင်းမှာ ယုဝါရဲ့ ဖေ့စ်ဘုတ်ထဲက တချို့မိန်းကလေးနှစ်ယောက်က ယုဝါကိုအလားတူပဲ။ ဒီလိုပြသနာတွေတက်ပြီး ဖေ့စ်ဘုတ်မှာ ယုဝါကို ဒီလိုမျိုးပြောကြတော့ သူတို့တွေအရမ်းဝမ်းသာတယ်ဆိုပြီး လာပြောကြတယ်။ အစကတော့ ဒီStatus ကသူတို့ကိုပြောတာလို့ထင်နေကြသေးတယ်။ အခုကဒီလိုမဟုတ်ဘူး။ ဒီလိုဒီလိုဖြစ်တယ်ဆိုပြီး လာပြောကြတယ်။ တကယ့် တကယ်ပြန်ပြီး တုန့်ပြန်တာကသူတစ်ယောက်တည်းဖြစ်တယ်။  သူဆိုရင်လဲ ယုဝါထက် အသက်ငယ်တယ်။ တချို့တွေကသူ့ကိုလဲ မကောင်းမြင်ကြသလို ယုဝါကိုလဲ မကောင်းမြင်ကြတဲ့သူတွေရှိတယ်။ ယုဝါတို့နှစ်ယောက်စလုံးအတွက် အမှန်အတိုင်းပြောရင် မကောင်းပါဘူး။ ယုဝါတို့နှစ်ယောက်က ကိုယ်တိုင်တောင်မှ ဒီလိုမျိုးမပြောခဲ့ဖူး မဖြစ်ခဲ့ဖူးပဲနဲ့ကြားထဲက လူတွေကအဖြစ်မှန်မသိပဲ ၀င်ပြောကြတဲ့အတွက်ကြောင့် ယုဝါစိတ်မကောင်းဘူး။ မြန်မာလူမျိုးအချင်းချင်း ကူညီရိုင်းပင်းချင်စိတ်တော့ ရှိစေချင်တယ်။  မတောင်းပန်ဘူးဆိုတာက ယုဝါမမှားခဲ့ဘူး။  ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါဘူး။ မရည်ရွယ်ပါဘူး။ အခုလိုကောလာဟလတွေနဲ့ အခုလိုမျိုး ပဋိပက္ခဖြစ်သွားတဲ့အတွက်ကြောင့် နှစ်ဖက်လုံးနစ်နာတဲ့အတွက် စိတ်မကောင်းပါဘူး။

သူနဲ့ကျတော့ အပြင်မှာခင်လား။

ဟုတ်ခင်ပါတယ်။ ယုဝါတို့မော်လ်ဒယ်စလုပ်ကတည်းကပေါ့။ အထူးသဖြင့် သူ့အမေပေါ့။ အန်တီက အရမ်း ဆိုရှယ်ဖြစ်တယ်။ ယုဝါတို့အပြင်မှာတွေ့ရင် သမီးလိုပဲ။ ကတောက်ကဆလဲ တစ်ခါမှမဖြစ်ခဲ့ဘူး။ ခင်နေလာခဲ့ကြတာ။ နောက်ဆုံး ဥပမာပြောရရင် ရှိုးလျှောက်ဖို့အ၀တ်အစားရွေးရင်တောင် တချို့တွေက သူဒါကြိုက်လို့ ငါမ၀တ်ရဘူးဆိုတာမျိုးဖြစ်ကျတာမျိုး ရှိတယ်။ ယုဝါတို့မှာ အဲ့ဒီလိုမျိုးတောင် မရှိခဲ့ဘူး။ ယုဝါ အမှန်အတိုင်းပြောရရင် သရုပ်ဆောင်ဖက်ကို ဆက်မလုပ်တော့ ပဲ စီးပွားရေးဖက်ကို ပြောင်းခဲ့တာ တစ်နှစ်လောက်ရှိခဲ့ပြီ။ ဗီဒီယိုတွေ တက်လာတော့ ယုဝါကြည့်လိုက်တယ်။ တိုက်ခိုက်တယ်တို့ဘာတို့ပေါ့။ ယုဝါတိုက်ခိုက်ရအောင် လိုင်းချင်းလဲ မတူတော့ဘူး။ သူကအနုပညာလုပ်တယ်။ ယုဝါက စီးပွားရေးလုပ်တယ် ။ယုဝါတိုက်ခိုက်ချင်း တိုက်ခိုက် စီးပွားရေးလောကသားအချင်းချင်းပဲ တိုက်ခိုက်မှာပေါ့။ သူပြောခဲ့တာတွေအတွက်လဲ စိတ်မကောင်းဘူး။ မိုးနဲ့မြေနဲ့ကွာတယ်ဆိုတာတွေလဲကြားရတာတော့ စိတ်မကောင်းပါဘူး။ ယုဝါလဲ မယှဉ်ပါဘူး။ ယုဝါကိုယှဉ်ရင်လဲ ယုဝါမကြိုက်ဘူး။ လူတိုင်းက ဘ၀ချင်းလဲမတူသလို ဖြစ်လာတဲ့ဘ၀ပေါ်မှာ ရပ်တည်လာရတဲ့ဘ၀တွေကလဲ မတူပါဘူး။ ဒါကြောင့်မို့ယုဝါမပြောဘူး။ တစ်ခုရှိတာက ယုဝါတွေ့ခဲ့တဲ့သူတွေထဲမှာ စိတ်ထားအရမ်းကောင်းတဲ့ ယုဝါပေါင်းတဲ့သူတွေထဲမှာ တကယ်ကို branded တွေကိုင်ပြီး မျက်နှာမြင်နေတဲ့သူတွေလဲ တကယ်ကို အများကြီးရှိပါတယ်။ အဓိကကတော့ ကာယကံရှင်ကိုလဲ ယုဝါပြောချင်ပါတယ်။ အကြောင်းတစ်ခုခုကိုရေရေရာရာမသိပဲနဲ့ တစ်ယောက်ယောက်ကို ပုတ်ခတ်ပြီး မရေးသင့်ဘူးလို့ ယုဝါထင်တယ်။ အခုဟာကနှစ်ယောက်စလုံးအတွက် မကောင်းဘူးဖြစ်သွားတာပေါ့။ ပြသနာကတော့ ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ အရမ်းကြီးသွားတော့ နှစ်ယောက်လုံး နာမည်မကောင်းဘူးပေါ့။

-တင်ထားတဲ့ စာတွေကိုပြန်ဖျက်ပေးလိုက်တာကရော ဘာကြောင့်များလဲ။

ပြသနာကိုပိုပြီးမကြီးထွားစေချင်လို့ပါ။ ယုဝါဆက်ထားနေလဲ ယုဝါကိုဆက်ပြီးပြောနေကြဦးမှာပဲ။ သူတို့ကိုကြောက်လို့မဟုတ်ဘူး။ ဘာမှမဟုတ်တဲ့ကိစ္စ၊ ကာယကံရှင်နှစ်ဦးတောင် မသိလိုက်တဲ့ ကိစ္စကကြားလူတွေကြောင့်တော့ ပိုပြီး မိတ်မပျက်ချင်ဘူး။ ယုဝါအကုန်လုံးနဲ့အဆင်ပြေချင်တယ်။ ပြန်ဖျက်လိုက်တယ်ဆိုတာက ယုဝါအကုန်လုံးအတွက် အဆင်ပြေချင်လို့ပြန်ဖျက်လိုက်တာပါ။ အခုလောလောဆယ် ယုဝါရဲ့ facebook က ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ နာမည်မှားတယ်ဆိုပြီး report ထိထားလို့ ပိတ်ထားပါတယ်ရှင်။ အခုလောလောဆယ်မေးလ်တွေ ပို့ထားတယ်။ ဘားလမ်းထိလဲ သွားထား တယ်။ ဖေ့စ်ဘုတ်ကို ရအောင်တော့ ပြန်ကြိုးစားထား ပါတယ်။ ဖေ့စ်ဘွတ်ခ် မသုံးရတဲ့အတွက်တော်တော်လေးကို ပျင်းနေပါပြီ။ ပရိသတ်ကြီးကိုပြောချင်တာက ယုဝါမှ မဟုတ်ဘူး။ တချို့လူတွေဆိုလဲ report တွေဝိုင်းလုပ်ကြတယ်။ ကိုယ့်ကိုထိခိုက်အောင်လုပ်တာလဲမရှိဘူး။ ယုဝါမမှားခဲ့တဲ့ ကိစ္စတစ်ခု အတွက် ပရိသတ်တွေက ယုဝါကိုဒီလိုမျိုးတုန့်ပြန်တာတွေ့ရတော့ ယုဝါစိတ်မကောင်းဘူး။ ယုဝါမျက်ရည်ကျမိတယ်။ ယုဝါကိုယ်တိုင်က သူများကို နာအောင်ပြောပြီး ပြောခံရရင် ပြုံးပြုံးကြီး နဲ့ဘာဖြစ်လဲဆိုပြီး အပြောခံနိုင်တယ်။ ဒါပေမဲ့ သူများကိုနာအောင်မလုပ်ပဲ ယုဝါနာရတယ်ဆိုတော့ တော်တော်ကြီးတော့စိတ်မကောင်းဘူး။

-သူပြန်တင်တဲ့ စာတွေနဲ့ပတ်သက်ပြီး စိတ်ခံစားချက်ကရော ဘယ်လိုရှိလဲ။

ကလေးလေ ၊ ကလေးဆိုတော့ ကလေးဆိုတာထက် အသက်ကတော့ အရမ်းအကွာကြီး မဟုတ်ပေမဲ့ ယုဝါကတော့ အိမ်မှာ အသက်အကြီးဆုံးဖြစ်တယ်။ သူကတော့ လူငယ်စိတ်ဆိုတော့ လူကြီးစိတ်နဲ့ လူငယ်စိတ်ကတော့ကွာတယ်။ အတွေးအခေါ်ချင်းတော့ ဘယ်တူပါ့မလဲ။ သူပြောတာတွေ အတွက်လဲ ယုဝါဗွေမယူပါဘူး။ သူ့စိတ်နဲ့သူပြောမိတာပေါ့။ သူလဲတိုက်ခိုက်လာရင်တော့ ပြောမိမှာပဲပေါ့။ ယုဝါဆိုရင်လဲ ပြန်ပြောမိမှာပဲ။ ဒါပေမဲ့ အခုဟာကကျတော့ ဘယ်သူ့ကိုမှ ရည်ရွယ်ပြီးမရေးတဲ့ စာအပေါ်မှာ ရေးတာကကျတော့ မကောင်းဘူးပေါ့။ သူလဲနာမည်ကြီးသရုပ်ဆောင် တစ်ယောက်လုပ်နေတာဆိုတော့ အမှန်အတိုင်းပြောရင် ဆင်ခြင်စေချင်တယ်။ ယုဝါလဲဘယ်သူ့ကိုမှ ရည်ရွယ်ပြီးရေးခဲ့တာမရှိဘူး။ ဖေ့စ်ဘွတ်ခ်ဆိုတာက ဟိုးအရင်ကတည်းပြောကြတယ်။ သူတို့တင်တာကိုဗွေမယူနဲ့။ ကိုယ်တင်ချင်ရာတင်၊ share ချင်ရာ share လို့ရတဲ့ ဖေ့စ်ဘွတ်ခ်လို့ပြောကြတယ်။ ဒါပေမဲ့ ယုဝါ share တာကျတော့ ဘာလို့အပြစ်ဖြစ်သွားတာလဲပေါ့။ အဲ့ဒါတစ်ခုတော့ ယုဝါမေးချင်တယ်။ ဒီဖေ့စ်ဘုတ်မှာ ယုဝါကိုပြောနေကြတဲ့ ပရိသတ်တွေ၊ ချစ်ပေးကြတဲ့ ပရိသတ်တွေအားလုံးကို ယုဝါကျေးဇူးအရမ်းတင်တယ်။ ယုဝါအိမ်ကလူတွေနဲ့ကိုယ့်ရည်းစားကို ရင်ဖွင့်ရမှာလဲ အရမ်းအားနာတယ်။ ကိုယ့်အပူကိုသူများကိုမပေးချင်ဘူး။ အဲ့ဒါကြောင့်ယုဝါစာလေးတွေရေးပြီး တင်ဖြစ်တယ်။ တစ်ခါမှတော့ သူများကို ထိခိုက်နစ်နာပါစေဆိုပြီးမတင်ခဲ့ဖူးဘူး။ ယုဝါရဲ့အနီးအနားမှာရှိတဲ့သူတွေ အားလုံးသိကြပါတယ်။ တခါတလေ စဟယ်နောက်ဟယ်ပြောင်ဟယ်နဲ့တင်တာမျိုးရှိတယ်။ တချို့ကနားလည်ပေးကြသလို တချို့ကနားလည်မပေးကြဘူး။ ဖေ့စ်ဘွတ်ခ်ဆိုတဲ့အရာကို ဖေ့စ်ဘုတ်ဆိုတဲ့ခေါင်းစဉ်ကြီးနဲ့အတူနားလည်ပေးကြပါလို့ယုဝါပြောချင်ပါတယ်။

-အခုလက်ရှိ အနုပညာလှုပ်ရှားမှု အနေနဲ့ ယုဝါဘာတွေလုပ်ဖြစ်နေလဲ။

အခုဒီရက်ပိုင်းမှာမြ၀တီ ဒိုကူမန်ထရီ ကရိုက်မဲ့ hello ladies ဆိုတဲ့ ပရိုဂရမ်လေးကို ၅ ရက်ဆက်တိုက်ရိုက်ဖို့ရှိပါတယ်။ ဒိုကူမန်ထရီထဲမှာ ယုဝါရယ်၊ မထရီဇာရယ်၊ မဖြိုးဖြိုးခိုင်ရယ်၊ မဂွမ်းပါမယ်။ အကုန်လုံးက presenter ကြီးပဲ။ တစ်ရက်ကို တစ်ယောက်တစ်မျိုး လုပ်ပေးရမှာပေါ့။ ကျန်းမာရေးအတွက်တစ်ယောက်၊ ဟာသအတွက်တစ်ယောက်၊ အိမ်ထောင်ရှင်မတွေအတွက်ကတစ်ယောက်၊ အလှအပအတွက်ကတစ်ယောက် presentation လုပ်ပြီးတာဝန်ယူပေးရတာပါ။ ယုဝါကတော့ အလှအပနဲ့ ပတ်သက်ပြီး presentation လုပ်ပေးမှာပါ။ ၂၀၁၆ ထဲမှာ အစီအစဉ်တွေကို အစအဆုံးပြန်လွှင့်တော့မှာပါ။ နောက်ပြီး Ushido ကုမ္ပဏီက နောက်ထပ်အသစ် RDC ကုမ္ပဏီက အသစ်တင်သွင်းတဲ့ Skin care အတွက်ကို ပြည်မှာ Demostration လုပ်ဖို့အတွက်ကို ကမ်းလှမ်းခံထားရပါတယ်။ အခုဒီနှစ်ကူးထဲမှာတော့ မိတ်ကပ် tutorial နဲ့ဆိုင်တဲ့ မိတ်ကပ်ပညာကို ဘန်ကောက်မှာ သွားသင်ဖို့ရှိပါတယ်။

-မိတ်ကပ်ပညာနဲ့ပတ်သက်ပြီး သွားသင်ဖို့ဖြစ်လာတာက။

ယုဝါကဟိုးအရင်ကတည်းက မိတ်ကပ်ပညာကို ၀ါသနာပါတယ်။ ကိုယ်ကိုတိုင်သာကိုယ့်ရဲ့ talent ကိုရှိလို့ရှိမှန်းမသိခဲ့တာဘေးလူတွေ အကုန်လုံးရောယုဝါရဲ့ဆရာသမားတွေ အားလုံးကရောထောက်ပြကြတယ်။ ယုဝါမှာ သင်ယူလိုစိတ်ရှိတယ်။ သင်ကြည့်ပါလားပေါ့။ ၀ိုင်းပြောကြတာနဲ့သွားသင်ဖို့စီစဉ်ခဲ့တာပါ။ ယုဝါလေးတန်းလောက်ကတည်းကအမေတွေရော၊ အဒေါ်တွေရော၊ ယုဝါရဲ့ ဆွေမျိုးသားချင်းတွေ အကုန်လုံးက အလှပြင်ဆိုင်ဖွင့်တာလေ။ ယုဝါလေးတန်းကတည်းက အဒေါ်ရဲ့မိတ်ကပ်ခြင်းဆွဲပြီး မကြီးစန်းဆီမှာ ငယ်ငယ်လေးကတည်းက သင်ခဲ့ဖူးပါတယ်။ အဓိကကတော့ ဖောင်ဒေးရှင်းစချပေးတယ်။ မိတ်ကပ်လိမ်းပေးတယ်။ အမေ့ဆီကရတဲ့ပညာကတော့ ဆံပင်ညှပ်တာပေါ့။ ယုဝါ၈တန်းလောက်ကတည်းက ဆံပင်စညှပ်နေပြီ။ အမေမရှိတဲ့အချိန်တွေဆို အမေဧည့်သည်တွေကို ယုဝါ ဆံပင်ညှပ်ပေးတယ်။ ယုဝါပထမနှစ်ပြီးတော့ လက် အက်ဆီးဒန့်ဖြစ်တယ်။ ရည်မှန်းချက်ကတော့ ဗျူတီပါလာဖွင့်မယ်ပေါ့။ ဒါပေမဲ့ လက်အက်ဆီးဒန့်ကြောင့် ဒရိုင်ယာ မကိုင်နိုင်တော့ဘူး။ ဆံပင်ညှပ်ဖို့အတွက်ကို စွန့်လွှတ်ခဲ့တယ်။ လက်ဆက်ဆီးဒန့်မဖြစ်ခင် ယုဝါရဲ့ ရည်မှန်းချက်တစ်ခုက လေယာဉ်မယ်ဖြစ်ချင်တယ်ပေါ့။ အဒေါ်တွေကလေယာဉ်ရုံးလုပ်တဲ့အတွက် ဆယ်တန်းပြီးတဲ့အချိန်မှာ ယုဝါရော၊ ငုဝါရော အလုပ်ဝင်လုပ်တယ်။ ညီအစ်မနှစ်ယောက်လုံးလေယာဉ်မယ် လုပ်မယ်ဆိုပြီး တီချယ်မိုးဆီမှာ သင်တန်းသွားတက်ရင်း ဒီလောကထဲကို ရောက်လာတယ်ပေါ့။ ယုဝါ အနုပညာကို ပိုးပါတယ်။ လုပ်ရတာပျော်ဖို့လဲကောင်းတယ်။ နောက်ထပ်ခြေလှမ်းတစ်ခုအနေနဲ့ ယုဝါရဲ့ အမေအရမ်းဖြစ်ချင်တဲ့ သရုပ်ဆောင်လုပ်ဖို့အတွက် အနုပညာပျိုးခင်းထဲဝင်ပြိုင်တယ်။ ဆန်ကာတင်ထိပါခဲ့တယ်။ ဒါပေမဲ့နောက်ဆုံးမှာပြုတ်သွားတယ်။ အဲ့ဒါကြောင့် အမေ့ကို ခွင့်တောင်းပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အမေ့ကို ခွင့်တောင်းတယ်။ ယုဝါကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အတွက်ကို ၀ါသနာပါတယ်။ မော်လ်ဒယ်လုပ်ရတာကို ပျော်မွေ့တယ်။ ရှိုးလျှောက်ရတယ်။ အားလုံးရင်းရင်းနှီးနှီးနဲ့နေရတာကို ကြိုက်တယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ အတွက် လမ်းကြောင်းပြောင်းဖြစ်တဲ့အခါမှာ အရမ်းပေါ့ပါးသွားတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top