iMyanmarHouse.com - Best Property Website for Myanmar
×

အချို့သော ရောဂါများဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုများလာ ခြင်းအပါအ၀င် သွေးဆုံးခြင်း၏ အံ့သြစရာကောင်းသော ဘေးထွက် ဆိုးကျိုးအများစုသည် ဟော်မုန်းဆိုင်ရာအပြောင်းအလဲများကြောင့် ဖြစ်သည်။ဟော်မုန်းပမာဏလျော့ကျလာချိန်တွင် အရိုးအားနည်းသော ရောဂါနှင့် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်များ မြင့်တက်လာ ကာ စိတ်အပြောင်းအလဲမြန်ခြင်း၊ မအင်္ဂါခြောက်သွေ့ခြင်းတို့ ခံစား ရလေ့ရှိသည်။

ယင်းအခြေအနေဆိုးများကို တိုက်ဖျက်ရေး အမျိုးသမီးတစ် ယောက်အဖို့ သွေးဆုံးချိန်နှင့် သွေးဆုံးပြီးနောက်တွင် ဗီတာမင်နှင့် ဖြည့်စွက်ဆေးများ သောက်သုံးရန်မှာ အဓိကနည်းလမ်းဖြစ်သော်လည်း ဆေးဝါးကို ရွေးချယ်ဆုံးဖြတ်ရာ၌ အခက်အခဲကြုံတွေ့နိုင် သည်။သင်သောက်သုံးလိုသော ဗီတာမင်နှင့် ဖြည့်စွက်ဆေးများ အားလုံးကို သောက်သုံးနိုင်သော်လည်း သင်၏ အူနှင့် အသည်းလုပ် ဆောင်ချက် မကောင်းပါက ယင်းဆေးဝါးများ၏ မှန်ကန်သော အ ကျိုးကျေးဇူးများ မရရှိနိုင်ပါ။

ထို့ကြောင့် အူနှင့် အသည်းတို့၏ လုပ်ဆောင်ချက်များ ကောင်းမွန်ရန် လိုအပ်သည်။ကောင်းသော ဘက်တီးရီးယားများ ပါဝင်သည့် ဆေးဝါးများက အူလုပ်ဆောင်ချက်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး ဟော်မုန်းပမာဏများကို ဟန်ချက်ညီစေကာ ကိုယ်အလေးချိန် လျှော့ချရန် အထောက်အကူဖြစ်နိုင်သည်။

အသည်းလုပ်ဆောင်ချက်ကောင်းမွန်စေရန် အဆိပ်အတောက်များ ရှင်းထုတ်ပေးပြီး အသည်းအား ဖြည့်ပေးနိုင်သည့် Milk Thistle ဟုခေါ်သော ခရမ်းရောင်ဆူးပန်းပွင့်ပါဝင်သည့် ဆေးများ သောက် သုံးရန် လိုသည်။ထို့အပြင် ကယ်လစီယမ်ဓာတ်သည် အရိုးကျန်းမာရေးအတွက် အရေးကြီးသော ဓာတ်ဖြစ်ပြီး သွေးဆုံးချိန်တွင် သောက်သုံးရန် အရေးကြီးသည်။အမျိုးသမီးများသည် အမျိုးသားများထက် အရိုးအားနည်းသော ရောဂါဖြစ်နိုင်ခြေ ငါးဆပိုများသည်။ကယ်လစီယမ်ဓာတ် အကောင်းဆုံးရင်းမြစ်မှာ အစားအစာ ဖြစ်သည်။

သို့သော် ကယ်လစီယမ်ဖြည့်စွက်ဆေးများ သောက်သုံးမှုနှင့် နှလုံးရောဂါဖြစ်နိုင်သည့် အန္တရာယ်ပိုများလာခြင်းကြား  ဆက်စပ်မှု ရှိသောကြောင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်သည်။ဗီတာမင်ဒီသည် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ ပန်းနာရောဂါ၊ ဓာတ်မတည့်မှုဖြစ်ခြင်းတို့ အန္တရာယ်များကို လျှော့ချ နိုင်သည်။

သို့သော် အဓိကရင်းမြစ်များဖြစ်သော အစားအစာနှင့် နေရောင်ခြည်တို့မှ ဗီတာမင်ဒီလုံလောက်စွာရရှိရန် ခက်ခဲလေ့ရှိပြီး ၇၅ ရာခိုင်နှုန်းသည် ဗီတာမင်ဒီ ချို့တဲ့မှုဖြစ်တတ်သောကြောင့် ဗီတာမင်ဒီဖြည့်စွက်သောက်သုံးရန် လိုသည်။ဆော်လမွန်ငါး၊ ထရောက်ငါးနှင့် ဆာဒင်းငါးတို့ကဲ့သို့ ငါးအ ဆီများတွင် ပါဝင်သော အိုမီဂါ-၃ ဖက်တီးအက်ဆစ်များသည် စွမ်း အားမြင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်ပြီး ကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်စေနိုင်သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top