iMyanmarHouse.com - Best Property Website for Myanmar
×

အနုပညာလှုပ်ရှားမှုများကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တွင် ပရိသတ်အတွက် ဝေမျှပေးချင်၍ ကိုယ်ပိုင်အကောင့် အသုံးပြုသော်လည်း အကောင့်မှာ မကြာခဏ ဟက်ခံနေရခြင်းကြောင့် အဆင်မပြေ ဖြစ်ရသည်ဟု သရုပ်ဆောင်
နေတိုးက ပြောသည်။

‘‘အကောင့်တွေ အဟက်ခံရတာပါ။ အခုခေတ်က ဟက်ကာတွေလည်း ရှိကြတာပဲလေ။ အစ်ကို့အကောင့်ကို ဟက်တော့ ပရိသတ်နဲ့ အဆက်အသွယ်က အနှောင့်အယှက် ဖြစ်ရတာပေါ့။ ပေ့ခ်ျတွေ ဝင်သုံးလို့ မရတော့တဲ့အခါကျ update မဖြစ်ဘူးပေါ့။ အခုဆို Fan ပေ့ခ်ျပဲ သုံးဖြစ်တော့တယ်။ အကောင့်အနေနဲ့ အရင်သုံးတဲ့ ကိုနေတိုးဆိုတာ မသုံးဖြစ်တော့ဘူး’’ဟု နေတိုးက ပြောသည်။

လက်ရှိတွင် နေတိုးသည် ယခင် အသုံးပြုခဲ့သော ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်အကောင့်ဖြစ်သည့် Ko Nay Toe ကို အသုံးပြုခြင်း မရှိသော်လည်း Nay Toe; Myanmar Famous Actor စာမျက်နှာတွင် ပရိသတ်အတွက် ၎င်း၏ အနု ပညာလှုပ်ရှားမှုများကို ဖော်ပြလျက် ရှိသည်။

‘‘အစ်ကို့အကောင့်က လေးခုလောက် ရှိပြီ။ တစ်ပြိုင်တည်းသုံးတာ မဟုတ်ဘူး။ Deactivate ဖြစ်သွားတာတွေရောပေါ့။ အဓိကကတော့ ကျွန်တော့်ရဲ့ မွေးနေ့လိုမျိုးနေ့မှာ အကောင့်တွေ ပါပါသွားတတ်တယ်’’ဟု နေတိုးက
ပြောသည်။ နေတိုးသည် လမင်းမိုမို၏ ဝတ္ထုကိုဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးသည့် ‘ရင်နာစရာ’ ဗီဒီယိုဇာတ်ကားတွင် သရုပ်ဆောင် ပိုင်ဖြိုးသုနှင့် ရိုက်ကူးလျက် ရှိသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top