iMyanmarHouse.com - Best Property Website for Myanmar
×

ထုတ်လုပ်သူနဲ့ စာချုပ်စာတမ်းကိစ္စကြောင့် တရားရင်ဆိုင်နေရတဲ့ Kesha(Ke$ha) ဟာဆိုရင်တော့ အမျိုးသမီးအဆိုတော် အတော်များများရဲ့ အားပေးထောက်ခံမှုကို ရရှိနေပြီး အင်အားကြီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ Taylor Swift (တေလာဆွစ်ဖ်)ကလည်း သူမကို အားပေးထောက်ပံ့ခဲ့ပါတယ်။ Kesha ဟာဆိုရင်တော့ သူမရဲ့ထုတ်လုပ်သူဖြစ်တဲ့ Dr.Luke  ဆိုတဲ့ အမျိုးသားနဲ့ ပြဿနာတက်နေပြီး အခုလောလောဆယ်မှာတော့ တရားခွင်မှာ ကြားနာစစ်ဆေးလျက်ရှိနေတာဖြစ်ပါတယ်။

Kesha ဟာဆိုရင်တော့ ၁၈ နှစ်သမီးမှာတင်  Dr.Luke   ရဲ့ တိုက်တွန်းမှုကြောင့် အိမ်ကနေထွက်ခဲ့ပြီး ၂၀၀၅ ခုနှစ်ကနေ စတင်ပြီး Dr.Luke  နဲ့ အတူ စာချုပ်ချုပ်ပြီး သူမရဲ့ အနုပညာအလုပ်တွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာချုပ်ချုပ်ဆိုထားတဲ့ ကာလမှာ Dr.Luke  က သူမကို လိင်ပိုင်းဆိုင်ရာအပြုအမူတွေကို ကိုယ်ထိလက်ရောက် အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်လို့ ထွက်ဆိုထားပြီး ၂၀၁၄ ခုနှစ်မှာတော့ စာချုပ်ဖျက်သိမ်းဖို့ Kesha က တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း Dr.Luke  က သဘောတူညီခြင်းမရှိခဲ့တာကြောင့် တရားခွင်မှာ အဆုံးအဖြတ်ခံယူနေရတာဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်တွေမှာတော့ တေလာဆွစ်ဖ်အပြင် Demi Lovato , Lady Gaga , Ariana Grande စတဲ့ အဆိုတော်တွေကလည်း Kesha ဘက်ကနေ ပရိသတ်တွေနဲ့အတူတူ ဝန်းရံခဲ့ကြပြီး Kesha ကို ချက်ချင်းလွတ်မြောက်နိုင်ဖို့ ကြိုးစားလျက်ရှိနေကြတယ်လို့ သိရပါတယ်။ တေလာဆွစ်ဖ်ဟာဆိုရင်တော့ Kesha ကို တရားရင်ဆိုင်ရေးအတွက် ငွေကြေး ဒေါ်လာ ၂၅၀၀၀၀ ကို ထောက်ပံ့ခဲ့ပြီး Kesha  ဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့ပါတယ်။

ဒီလိုကူညီမှုတွေကြောင့် Kesha က အရမ်းကို ကျေးဇူးတင်မိတယ်လို့ ပြောခဲ့ပြီး ၊ Kesha ရဲ့ အမေဖြစ်သူကတော့ ဒီလို အခက်အခဲဖြစ်နေချိန်မှာ ပိုက်ဆံထောက်ပံ့ခဲ့တဲ့ တေလာဆွစ်ဖ်ကို အရမ်းကို ကျေးဇူးတင်ပါတယ်လို့ ဆိုခဲ့ပါတယ်။

Ariana Grande ကတော့ “ကျွန်မရဲ့ အသည်းနှလုံးက Kesha နဲ့ အတူတူရှိနေပါတယ်” လို့ တွစ်တာမှာတင်ထားခဲ့ပြီး ၊ လေဒီဂါဂါကလည်း “ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေက နင်နဲ့ အတူတူရှိနေတယ် Kesha , တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့ စိတ်ဓာတ်ကိုလေးစားမိတယ်” လို့ တွစ်တာမှာ တင်ထားခဲ့ပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top