iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသားအများစုဟာ မုတ်ဆိတ်မွေးတွေ မှားယွင်းစွာ ရိတ်နေကြပြီး အကောင်းဆုံးအဆင့်ထိ မရောက်နိုင်ကြတဲ့သူက များပါတယ်။ ဒါဟာ ဘာ့ကြောင့်လဲဆိုရင် သင်တုန်းဓားနဲ့ အမွေးရိတ်ခရင်မ် အဆုံးထိ မရောက်နိုင်လို့ ဖြစ်ပါတယ်။ ကောင်းမွန် သန့်ရှင်းသပ်ရပ်တဲ့ ရုပ်အသွင်ရရှိဖို့ ဒီအဆင့်တွေ သိထားရပါမယ်။

သန့်ရှင်း ပြေပြစ်တဲ့ မျက်နှာအသွင်အပြင်ဖြစ်စေဖို့အတွက် လုပ်ဆောင်ချက်အဆင့်ဆင့်တွေက

၁။ မျက်နှာမခြောက်အောင်ထားပါ

မျက်နှာကို ရေနွေးနဲ့ စက္ကန့်အနည်းငယ် စိမ်ထားပါ။ ကိုယ်နဲ့ ခေါင်းကို ပုဝါပြီး မျက်နှာကိုတော့ ရေစိုအတိုင်း ဆက်ထားပါ။ ဒီလိုလုပ်ခြင်းက မုတ်ဆိတ်မွေးငုတ်တိုတွေ ပျော့ပျောင်းစေပါလိမ့်မယ်။ ရိုးပြတ်တွေ ပျော့ပျောင်းနေစေဖို့ shaving gel လိမ်းနိုင်ပါတယ်။

၂။ Shaving gel လိမ်းပါ

Shaving gel က အရေပြားနဲ့ သင်တုန်းဓားနှစ်ခု ပွတ်တိုက်မှု လျော့နည်းစေပါတယ်။ အသားရေ ကာကွယ်ပေးပြီး ရိတ်ရတာ သက်သောင့်သက်သာ ပိုရှိစေပါတယ်။ အဆင်ပြေပြေရိတ်နိုင်ဖို့အတွက် gel ကို မျက်နှာမှာ ထူထူလေးလိမ်းပြီး အရေပြားကို ညင်သာစွာ နှိပ်နယ်ပေးပါ။

၃။ သင်တုန်းဓားနဲ့ ရိတ်ပေးပါ

နားသယ်မွေးအောက်ကနေ စရိတ်ပါ။ နောက် မျက်နှာတစ်ဖက်ဖက်ကနေ စရိတ်ပါ။ ဒီနေရာတွေဟာ မျက်နှာပြင် ညီညာပြန့်ပြူးတာကြောင့် ရိတ်ရတာ ပိုလွယ်ပါတယ်။ အပေါ်နှုတ်ခမ်းကို ဆက်သွားပါ။ ပြီးတော့ ခက်တဲ့နေရာ နားရွက်နဲ့ မေးစေ့ကို သွားပါ။ ဒီ ခက်တဲ့ နေရာတွေ နောက်ဆုံးမှ လုပ်ပေးခြင်းဖြင့် shaving gel ကနေ ပျော့ပျောင်းနေစေဖို့ လုံလောက်တဲ့ အချိန်ရရှိစေပါတယ်။

၎။ ရိတ်ပြီးနောက်

ချွေးပေါက်တွေ ပြန်ပိတ်ဖို့ ရေအေးနဲ့ ဆေးကြောပါ။ နောက် အသားရေ စိုပြေစေဖို့ အမွေးရိတ်ပြီးသုံးတဲ့ ဂျဲလ် post-shave gel လိမ်းပေးပါ။ အလှဆီလိမ်းပေးခြင်းက အသားရေကို လန်းဆန်းချောမွေ့စေပြီး အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း လျော့နည်းစေပါလိမ့်မယ်။

ဒါပေမယ့် အယ်လ်ကိုဟောလ် အဓိကသုံး post-shave gel တွေ ရှောင်ပါ။ အသားရေ ခြောက်သွေ့စေတတ်ပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top