iMyanmarHouse.com - Best Property Website for Myanmar
×

ကလေးနှစ်ယောက်ရနေသည့်တိုင်အောင် လှပနုပျိုနေဆဲ ပရိသတ်အများ ချစ်ခင်အားပေးလက်ခံနေဆဲ အနုပညာရှင်ကတော့ အူဝဲလို့အများကသိကြတဲ့ အိန္ဒြာကျော်ဇင်ပဲဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ၊ ၂၀၁၆ နှစ်နှစ်ပေါင်း ကျင်းပမဲ့ အကယ်ဒမီပေးပွဲ မှာလဲ မောင့်အိမ်သူ ဇာတ်ကားနဲ့ပရိသတ်တွေ ထင်ကြေးပေးခံနေရတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး လက်ရှိမှာ ရင်ဘတ်ထဲကဓားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အမျိုးသားဖြစ်သူ ပြေတီဦးနဲ့ တွဲဖက်ရိုက်ကူးနေတယ်လို့သိရတာကြောင့် သူမဆီသွားရောက်တွေ့ဆုံခိုက်မေးမြန်းဖြစ်သမျှကတော့

-ဒီနေ့ရိုက်တဲ့ ဇာတ်ကားအကြောင်းကို အရင်ပြောပြပေးပါဦး။

ရင်ဘတ်ထဲကဓားတဲ့။ ဒါရိုက်တာက ကိုဝိုင်း၊ အူဝဲရယ်၊ မခိုင်ကြီးရယ်၊ မမြတ်ကေသီအောင်၊ မေကဗျာလဲ ပါမယ်။ ဒီထဲမှာ အစ်မကာရိုက်တာက ငယ်ငယ်ကတည်းက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ကိုယ့်ဘ၀ကိုယ်ကျောင်းခဲ့ရတယ်။ ငယ်ငယ်ကတည်းက အမေက ထောင်ထဲ ၀င်သွားတယ်။ အဖေကလဲ မရှိဘူး။ သူကသူ့ခြေထောက်ပေါ် သူရပ်တည်ပြီး အလုပ်လုပ်ခဲ့တယ်။ အဲ့ဒီမှာ အဲ့ဒီမိန်းမက သူ့ထက်ငယ်တဲ့ယောကျာ်းကို လက်ထပ်လိုက်တယ်။ လက်ထပ်ပြီးတဲ့ နောက်ပိုင်းမှာ ယောကျာ်းဘက်က အမေတွေ၊ အမတွေသွေထိုး တဲ့စကားတွေ၊ ကုန်းချောတဲ့စကားတွေကို ယောကျာ်းက နားယောင်တယ်။ ယောကျာ်းက လူပျော့လူညံ့ဖြစ်တဲ့အခါမှာ သူ့ဖက်က အိမ်ထောင်ရေးပြသနာတွေအများကြီးပေါ်လာတယ်။ အဲ့ဒီလိုနေရာကနေ အစ်မသရုပ်ဆောင်ရမှာပါ။

-အစ်မအနေနဲ့ ဘယ်လိုကနေ ဘယ်ဒီဇာတ်ကားကို ရိုက်ကူးဖို့ဖြစ်လာတယ်ဆိုတာလဲသိချင်ပါတယ်။

အဲ့ဒါအစ်မကိုခရေဖြူက လာပြီးငှားတယ်။ ခရေဖြူနဲ့ဒါရိုက်တာကိုဝိုင်းနဲ့မင်းသားနဲ့က ဒီကားကိုရိုက်ဖို့အတွက် ရန်ထားပြီးသားပေါ့။ နောက်မင်းသမီးနေရာမှာကျတော့ အစ်မကိုနောက်မှငှားလိုက်တာပေါ့။

-ဧပြီ ၃ ရက်နေ့မှာကျင်းပမဲ့ အကယ်ဒမီပေးပွဲအတွက် ၀တ်စုံအကြောင်းလေးကိုလဲသိချင်ပါတယ်။

အကုန်လုံးကို Vivid ကပဲ။ အစ်မရဲ့ အစ်မဖြစ်တဲ့ အိကျော်ဇင်ကပဲ စပွန်ဆာပေးမှာပါ။

-အစ်မ ကာလာအနေနဲ့ကျတော့ရော ဘယ်ကာလာဝတ်ဖြစ်မလဲ။

အစ်မ အစ်မစီစဉ်နေတာ သူကသုံးရောင်လောက်ကို လုပ်ထားတယ်။ ရွေးလို့ရအောင်ဆိုပြီး တစ်ခုရှိတာက အစိမ်းနဲ့ရွှေရောင်လို့တော့ပြောသံကြားတယ်။ အတိအကျကြီးတော့ မဟုတ်ဘူးပေါ့။

-အကယ်ဒမီနဲ့ပတ်သက်တဲ့ရင်ခုန်သံလေးကရော ဘယ်လိုရှိလဲ။

ဘယ်သူတွေရကြမလဲပေါ့။ ရတဲ့သူကိုအားပေးမှာပါ။

-မောင့်အိမ်သူကားနဲ့လဲ အစ်မကိုပရိသတ်တွေက အကယ်ဒမီမှန်းပေးနေကြတယ်နော်။

ပရိသတ်တွေကတော့ ကိုယ့်ကို ရစေချင်နေကြတဲ့အပေါ်မှာ အရမ်းတော့ ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေရစေချင်တဲ့အတိုင်း ကိုယ်လဲ အရမ်းရချင်ပါတယ်။ အစ်မအနေနဲ့ပြောရမယ်ဆိုရင်လဲ နှစ်တော်တော်ကြာပါပြီ မရခဲ့တာ ဒါပေမဲ့ ဒီနှစ်ကိုလဲ မျှော်လဲ မမျှော်မှန်းပါဘူး။ ပေးရင်တော့ ယူပါမယ်။ အရမ်းကြီးစိတ်ထဲမှာတော့ မထည့်ထားပါဘူး။ ပရိသတ်တွေ အတွက်တော့ ယူပေးစေချင်တဲ့ဆန္ဒက အပြည့်ပါပဲ။ ပရိသတ်တွေရဲ့ဆန္ဒကိုလဲပြည့်ဝစေချင်တယ်။ ကိုယ့်ရဲ့ဆန္ဒကလဲ အကယ်ဒမီဆိုတာကို ရခဲ့မယ်ဆိုရင် အတိုင်းထက်လွန်ပါပဲ။

-မောင့်အိမ်သူ ဇာတ်ကားထဲက အစ်မရဲ့ကာရိုက်တာကိုလဲ ပရိသတ်ကြီးသိအောင်မိတ်ဆက်ပေးပါဦး။

အသက် ၄၀ ရှိတဲ့ မိန်းမတစ်ယောက်က အရင်တုန်းက ရည်းစားဘ၀ကနေမှ ယူလိုက်ကြတယ်။ အသက်ကြီးလာတော့ ထုံးစံအတိုင်းယောကျာ်းကဖောက်ပြန်တယ်။ အိမ်မှာသားနဲ့သမီးကလဲ သူ့ဟာသူပဲ ဖာသိဖာသာပဲနေတယ်။ ယောကျာ်းကလဲဖောက်ပြန်တယ်။ အသက် ၄၀ ၀န်းကျင်လောက်မှာ ဒီမိန်းမက အထီးကျန်တယ်။ လောကကြီးမှာ သူ့ကိုဘယ်သူမှ ဂရုမစိုက်ကြတော့ဘူး။ အထီးကျန်မှုတွေနဲ့ယောကျာ်းက ဖောက်ပြန်လိုက်တဲ့အခါမှာ သူ့ရဲ့စိတ်တွေဂယောက်ဂယက်ဖြစ်ကုန်တယ်။ အဲ့ဒီလိုကာရိုက်တာမျိုးပါ။

-ဒီကားဆိုရင်လဲကိုပြေကြီးက သူ့ရှုတင်သူသွား၊ အစ်မကလဲ ဒီမှာရိုက်နေတော့ အိမ်မှာကျန်နေတဲ့ သားသားနဲ့မီးမီးကို ဘယ်သူတွေကဂရုစိုက်ပေးလဲ။

အိမ်မှာ သားသားနဲ့မီးမီးက အစ်မရဲ့ အမေလဲ ရှိပါတယ်။ ကလေးထိန်းလဲ ရှိပါတယ်။ အစ်မအလုပ်ထွက်လုပ်ဖို့အတွက် အမေရှိတဲ့အတွက်ကြောင့် ကံကောင်းတယ်လို့ပြောရမှာပါ။

-ကိုပြေကြီးကိုလဲ တိုက်ဆိုင်မှုရှိလျှင်ဇာတ်ကားနဲ့ ပရိသတ်တွေ တစ်ပေးနေကြတော့ အဲ့ဒီအပေါ်ကို အစ်မရဲ့ သုံးသပ်ချက်လေးကိုလဲသိချင်ပါတယ်။

သူ့ကိုလဲအဲ့ဒီလိုပါပဲ။ အဲ့ဒီကားမှာလဲသူကောင်းတယ်။ ဒါရိုက်တာရော၊ မင်းသမီးရော အကုန်လုံးကောင်းကြပါတယ်။ ကောင်းတဲ့အထိုက်အလျှောက်လဲ ရစေချင်ပါတယ်။

-အစ်မကားပြန်ရိုက်တဲ့အတွက် ပရိသတ်တော်တော်များများကလဲ ၀မ်းသာနေကြတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး အစ်မရဲ့ စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

အစ်မလဲပရိသတ်တွေအတွက်ကြိုးစားပြီးတော့ ပြန်ပြီးတော့ လုပ်တာပါ။ ကိုယ့်ကိုအားပေးတယ်။ ကိုယ့်ကိုချစ်တယ်ဆိုတဲ့ ပရိသတ်တွေကိုအတွက်ကို သေချာခေါင်းထဲထည့်စဉ်းစားပြီး လုပ်သင့်တယ်ထင်လို့အစ်မပြန်ပြီးတော့လုပ်တာပါ။ ကြားထဲမှာလဲ သားသားငယ်သေးလို့မရိုက်သေးတာပါ။ အခုချိန်ကျတော့ နည်းနည်းလေးလဲ လက်လွှတ်လို့ရသွားပြီဆိုတော့ အစ်မပြန်ရိုက်ဖြစ်တာပါ။

-ပရိသတ်တွေက အစ်မကိုကလေးနှစ်ယောက်ရနေသည့်တိုင်အောင် လှနေတုန်းပဲ။ လုံးဝကျမသွားဘူးဆိုပြီး အစ်မနုပျိုမှုရဲ့လျှို့ဝှက်ချက်ကိုသိချင်နေကြတယ်။

သြော်မေးပြန်ပြီ။ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး။ အရင်လိုလဲ အပျိုပိန်ပိန်လေးလဲ မဟုတ်တော့ဘူး။ အရင်ထက်ပြန်ဝနေပါပြီ။ ပရိသတ်ကတော့ ကိုယ့်ကိုချစ်တဲ့စိတ်နဲ့လှတယ်လို့ပြောတာပါ။ ကိုယ့်ကိုယ်ကိုကတော့ လှတယ်လို့မထင်ပါဘူး။ လျှို့ဝှက်ချက်ကတော့ ဘာမှမရှိပါဘူး။ ဒါပေမဲ့နေ့တိုင်းတော့ အစ်မ တစ်နာရီ တစ်နာရီ လမ်းလျှောက်တယ်။ ပြေးတယ်။ ကိုယ့်အိမ်နားလေးမှာပဲပေါ့။ ခန္ဒာကိုယ်က အရမ်းကြီး ၀မတက်သွားတာကတော့ အစ်မမျိုးရိုးလိုက်တာပေါ့။ အစ်မ အမေဆိုလဲ ကလေး ၃ယောက်မွေးပြီးတာတောင် အရမ်းကြီး ၀မတက်သွားဘူးဆိုတာ့ အစ်မထင်တယ်။ ဒါကတော့မျိုးရိုးလိုက်တယ်လို့အစ်မထင်တယ်။

-ဒီကားပြီးရင်ရော ဇာတ်ကားတွေပြန်ရိုက်ဖြစ်ဦးမလား။ ဒါမှမဟုတ် သားသားနဲ့မီးမီးကို အချိန်ပေးဖြစ်မလား။

ကိုယ်ကြိုက်တဲ့ဇာတ်ဆိုရင်တော့ အစ်မရိုက်ပါ့မယ် ညီမ။

-NLD အောင်နိုင်ရေး မှာ တစ်တပ်တစ်အားနဲ့ပါဝင်ကူညီလုပ်ဆောင်ပေးခဲ့တယ်။ အခုအစ်မတို့ရဲ့ ကူညီလုပ်ဆောင်ပေးမှုတွေ အရာထင်ခဲ့ပြီဆိုတော့ အဲ့ဒီအပေါ်စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

ဝမ်းသာတာပေါ့နော်။ အစ်မတို့မျှော်လင့်ထားသလိုလေး ဖြစ်လာပြီပေါ့။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top