iMyanmarHouse.com - Best Property Website for Myanmar
×

နေကာမျက်မှန်ပဲတပ်တပ်၊ ရိုးရိုး ပါဝါမျက်မှန်ပဲ တပ်တပ် အဲ့ဒီလိုမျက်မှန်တပ်ရတဲ့ ပျိုမေတွေနဲ့ လိုက်ဖက်ပြီး သင့်တော်စေမယ့် မိတ်ကပ်အပြင်အဆင်လေးတွေ ပြောပြပေးချင်ပါတယ်။ ပါဝါမျက်မှန်ကတော့ နေ့စဉ် တပ်နေရတာမို့ သိပ်မထူးခြားလှပေမယ့် မျက်မှန်ကိုင်းအပြောင်းအလဲ၊ ဒီဇိုင်းလေးတွေ ပြောင်းသွားတာနဲ့ ကိုယ့်မျက်နှာအတွက် ပြင်ဆင်ခြယ်သမှုတွေ လိုလာပါပြီ။

နေကာမျက်မှန်တပ်မယ်ဆိုရင် ပိုတောင်လိုပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေကာမျက်မှန်တပ်ပြီဆိုတာနဲ့ လူတွေရဲ့ အာရုံက ကိုယ့်မျက်နှာပေါ် ရောက်လာကြပြီကိုး။ အဲ့ဒါကြောင့် မိတ်ကပ်အထူအပါးနဲ့ ပါးနီဆိုတာမျိုးတွေက ကိုယ့်မျက်နှာသွင်ပြင်ကို ပြောင်းလဲသွားစေနိုင်သလို ကိုယ်တပ်ထားတဲ့ မျက်မှန်နဲ့ လိုက်ဖက်မှုရှိတာမျိုး ၊ မရှိတာမျိုးတွေလည်း ဖြစ်စေပါတယ်။အနက်ရောင် frame နဲ့ မျက်မှန်မျိုးတွေက မိတ်ကပ်မထူမပါးနဲ့ နှုတ်ခမ်းနီဆိုးထားတာမျိုးနဲ့ လိုက်ဖက်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းနီကို ပန်းရောင်ဖျော့ဖျော့လေး ဆိုးတာမျိုးလည်း အဆင်ပြေတာပါပဲ။ မျက်မှန် frame တွေက အရောင်နုတွေဆိုရင်တော့ ပြင်ဆင်မှုတွေကိုပါ ဖျော့တော့ပစ်လိုက်ပါ။

ဆံပင်အပြင်အဆင်နဲ့ မျက်မှန် frame တွေရဲ့ ဆက်နွယ်မှုတွေကလည်း ရှိနေပါသေးတယ်။ ကိုယ့်ပုံစံက ဆံပင်စည်းလေ့မရှိသူမို့ မစည်းချင်ဘူးဆိုရင်တော့ ခုနောက်ဆုံးပေါ်နေတဲ့ မျက်မှန်အ၀ိုင်းတို့၊ အသည်းပုံမျက်မှန်လေးတွေကို ရှောင်ပြီးတပ်ပေါ့။ အဲ့လိုမျက်မှန်frame တွေဆိုရင်တော့ ဆံပင်ကို စည်းထားတာမျိုး၊ မျက်နှာကို ထင်းထင်းလင်းလင်းရှိစေနိုင်မှသာ လိုက်ဖက်တာပါ။ Ray-Ban wayfarer ဒီဇိုင်းမျိုးနဲ့ Aviator ဒီဇိုင်းတွေကတော့ ဘေးခွဲပဲဖြစ်ဖြစ်၊ ရှေ့အတိဖြစ်ဖြစ် ချထားတာပဲဖြစ်ဖြစ် စည်းထားတာပဲဖြစ်ဖြစ် ဆံပင်ပုံစံတော်တော်များများနဲ့ လိုက်ဖက်တယ်နော်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top