iMyanmarHouse.com - Best Property Website for Myanmar
×

မရင်းနှီးတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အိပ်ရတဲ့အခါ လူ့ဦးနှောက်တစ်ခြမ်းကသာ ကောင်းကောင်းအနာယူတယ်လို့ လေ့လာချက်တစ်ခုက တွေ့ရှိပါတယ်။

အဆိုပါလေ့လာတွေ့ရှိချက်ကို Current Biology ဂျာနယ်မှာ ဖော်ပြခဲ့ပြီး နေရာသစ်တစ်ခုမှာ အိပ်ရတဲ့အခါ ဦးနှောက်ရဲ့ဘယ်ခြမ်းဟာ ညာဘက်ခြမ်းထက်ပိုမိုနိုးကြားနေတယ်လို့  Brown တက္ကသိုလ်က ဘာသာဗေဒနဲ့ စိတ်ပညာဆိုင်ရာ တွဲဖက်ပါမောက္ခ ယူကာဆာဆာကီက ပြောကြားထားတာဖြစ်ပါတယ်။

လူ့ဦးနှောက်ရဲ့ အဆိုပါအလေ့အကျင့်ဟာ ဌက်တွေ၊ ပင်လယ်နို့တိုက်သတ္တဝါတွေနဲ့တူတာဖြစ်ပြီး အဆိုပါသတ္တဝါတွေဟာ သူတို့ရဲ့ ဦးနှောက်တစ်ခြမ်းအိပ်စက်နေတဲ့အချိန်မှာ ကျန်တဲ့တစ်ခြမ်းက စောင့်ကြပ်နေတာဖြစ်ပါတယ်။ နေရာသစ်တစ်ခုမှာ အိပ်ပြီးတဲ့အခါ နွမ်းနယ်နေသလိုဖြစ်ရတာဟာလည်း ဒီအချက်ကြောင့်ဖြစ်တယ်လို့ အဆိုပါသုသေတနက ဖော်ပြထားပါတယ်။

လက်ရှိသုတေသနဟာ ကျောင်းသားပေါင်း ၃၅ ယောက်ကို စမ်းသပ်ခဲ့တာဖြစ်ပြီး အိပ်ပျော်တဲ့အခါ ဦးနှောက်တွင်း ဖြစ်ပွားတဲ့လှိုင်းတွေကို  လေ့လာခဲ့တာဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top